Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Tuesday, December 18, 2007

Floola and EphPod for iPod

အသိတစ်ယောက်... iPod တစ်လုံး ဝယ်လာတယ်... ကောင်းတာပေါ့... ဟင့်အင်း... မကောင်းပါဘူး... သူ့ iPod လေးကြည့်ပြီး သွားရည်ကျနေရတာ ကောင်းမလားဗျ... iPod ထဲ သီချင်းတွေ ထဲ့ဖို့က တစ်ကြောင်း၊ ဘယ်လို စလုပ်ရမှန်း မသေချာတာက တစ်ကြောင်း.. ကျနော့်ဆီကို ရောက်လာပါတယ်... သူ့ iPod လေးကို အိမ်မှာ ထားခဲ့ပါလေရော...

iPod နဲ့ အတူပါတဲ့ iTunes ကို ကျနော့်ရဲ့ Vista အစုပ်ပလုပ်ပေါ်လဲ မတင်ချင်ဘူး... အိမ်မှာရှိတဲ့ Macbook Pro မှာပါတဲ့ iTunes ကို သုံးပြီး ချိတ်တော့လဲ iPod ကို ဖေါ်မက်လုပ်၊ ပြီးမှ music library ကို ပြန်လုပ်မယ်ပြောတော့.. သူ့မှာ နဂို သွင်းထားပြီးသား သီချင်းတွေကိုလဲ မဖျက်ချင်ဘူး... ဒုက္ခ... လှလှကတော့ ဘယ်ရောက်နေမှန်းမသိ...

တွေ့ပြီ... EphPod ဆိုတဲ့ freeware လေးပါပဲ... ပထမက EphPod 2.77 ကို တင်လိုက်မိတော့.. အဆင်မပြေဘူး... နောက်မှ ဒါဟာ stable version မဟုတ်ပါဘူးလို့ ရေးထားတာလေး သွားဖတ်မိတယ်... ရှိစေတော့... EphPod 2.75 ကို တင်လိုက်တယ်... မဆိုးဘူး... သီချင်းတွေကို iPod ကနေ ကွန်ပြူတာ.. ကွန်ပြူတာ ကနေ iPod.. အားလုံး mp3 ဖေါ်မက်ပဲ... ဘာမှ အကန့်အသတ်မရှိ...

စိတ်ဝင်စားတဲ့ iPod ပိုင်ရှင်များ...
www.ephpod.com မှာ download လုပ်နိုင်ပါတယ်... ကျနော့် Vista မှာ တစ်ခါတစ်လေ နည်းနည်း ကြောင်တတ်ပေမဲ့ သီချင်းတွေကို လိုချင်သလို အကန့်အသတ်မရှိ ကူးနိုင်တဲ့ ပရိုဂရမ်လေးပါပဲ...

Update: အခုလေးတင် လျှောက်သွားနေရင်း ပိုကောင်းမယ် ထင်တဲ့ software လေး တစ်ခု ထပ်တွေ့လာလို့ update လုပ်လိုက်ပါတယ်... Floola ဆိုတဲ့ software (free) ပါ... ဒီတစ်ခုက install လုပ်စရာ မလိုပဲ ဒီအတိုင်း run လို့ရတာမို့ ပိုအဆင်ပြေမယ် ထင်ပါတယ်... အသေးစိပ်ကိုတော့ Life Hacker မှာ ဖတ်နိုင်ပါတယ်...

1 comment:

KhunMoung said...

ကျွန်တော်တော့ ဗစ်စတာမှာ iTunes ကို မသွင်းချင်ဘဲ သွင်းထားရတယ်။ အိုင်ပေါ့သီချင်းလာလာသွင်းခိုင်းကြလို့။ ကျွန်တော်တော့ မဝယ်နိုင်။ iPhone ကျရင်လည်း မဝယ်နိုင်သေးဘူး။ သွားရည်တော့ ကျမိသား။