Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Friday, January 11, 2008

ဖန်ပုလင်းလေးထဲမှ အသဲနှလုံးတစ်စုံ၏ အတွေးများ

လူငယ်ဘဝတုန်းကတော့ ရင်ခုန်သံ အစိမ်းသက်သက်တွေကိုပဲ အချစ်လို့ ထင်ခဲ့မိတယ်... နောက်တော့လဲ ဒါဟာ အချစ်မဟုတ်... ရင်ခုန်တာ သက်သက်ရယ်လို့ သဘောပေါက်လာခဲ့တယ်... အချိန်တန်တော့လဲ သိရမှာပေါ့လို့ စဉ်းစားမိလာတယ်... ရင့်ကျက်လာတဲ့ သဘောများလား...

ချစ်တယ်လို့ ပြောခဲ့သူတစ်ယောက်က သိပ်မကြာခင်မှာပဲ ကျနော့် ဘဝထဲက ပျောက်သွားတယ်... ဘယ်လိုမှ အစရှာ မရခဲ့ဘူး... တစ်ခါတစ်လေမှာ သတိရမိပေမဲ့ နောက်တော့လဲ အချိန်က ဦးနှောက်ထဲက မှတ်ဥာဏ်တွေကို တိုက်စားသွားခဲ့တယ်... အနာကျက်သွားတာလဲ ဖြစ်နိုင်ပါတယ်...


ကိုယ့်အပေါ် တစ်ကယ် နားလည်ပြီး ကိုယ့်ကိုလဲ အရမ်းချစ်တယ်ဆိုသူ တစ်ယောက်ကိုတော့ မထားချင်ပဲ ထားခဲ့ရတယ်... တစ်ယောက်ကို တစ်ယောက် တစ်ကယ် ချစ်ကြပေမဲ့ ကံတရားက မျက်နှာသာ မပေးခဲ့ပြန်ဘူး... ဒီလိုနဲ့ တစ်ဖြေးဖြေး ဝေးသွားခဲ့ကြတယ်... ကံ ကိုပဲ အပြစ်ပုံချရတော့မှာလား... မဝေခွဲနိုင်ခဲ့ဘူး...

နောက်တော့လဲ.. ကိုယ်နဲ့ စိတ်တူ ကိုယ်တူ စိတ်သဘောလဲ ဖြူစင်တဲ့ ချစ်သူကို တွေ့ပြန်တယ်... တစ်ယောက်နဲ့ တစ်ယောက် သိတာ ကြာလာတော့ တစ်ချို့နေရာတွေမှာ စိတ်သဘောထားတွေ မတိုက်ဆိုင်တော့တာ သတိထားမိလာတယ်... အချိန်တွေ ကြာလာလို့ပဲ ရင်ခုန်သံတွေ အေးစက်သွားတာလား... လူကပဲ အရင်ကထက် ပိုပြီး ရင့်ကျက်လာတာလား... ကံကြမ္မာကပဲ တစ်ဖြေးဖြေး ပြောင်းလဲပစ်နေတာလား... ရှင်းနေတယ် ထင်တာတွေ ပြန်ရှုပ်ကုန်တယ်...

အချစ်ကို ထပ်တစ်ခါကြုံရပြန်တယ်... ဒီတစ်ခါကတော့ ကိုယ့် ဘဝ အတွေ့အကြုံတွေထဲမှာ ပထမဦးဆုံး ဘာနဲ့မှ မတူတဲ့ ခံစားချက်တစ်ခု ဖြစ်နေပြန်တယ်... အဖြူရောင်သက်သက်လိုပဲ.. ဘာမှလဲ မမျှော်လင့်မိဘူး... တစ်ဖက်က ပြန်ချစ်မှာ မချစ်မှာကိုလဲ တွေးမပူခဲ့ဘူး... ကိုယ့်ဘဝထဲမှာ သူရှိနေတယ်ဆိုတာ သိနေရရုံလေးနဲ့တောင် စိတ်ထဲ ကျေနပ်နေမိတယ်... တတ်နိုင်သလောက် ဘာကိုမဆို နားလည်ပေးချင်ခဲ့တယ်... ဘာကိုမှ မတောင်းဆိုချင်ဘူး... သူရှိနေချိန်တွေမှာ စိတ်ထဲ ပျော်နေတယ်... ကိုယ်ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာ တစ်ခါတစ်လေ ကိုယ်တိုင်တောင် မသိတော့ သလိုဖြစ်ခဲ့ရတယ်...

သေချာတာ တစ်ခုကတော့ အချစ်ဆိုတာကို ဒီနေ့ထက်ထိ သေချာပီပြင်အောင် ပုံမဖေါ်နိုင်ခဲ့ဘူး... ရင်ထဲမှာတော့ သိနေတယ်... ခံစားလို့ရတယ်... ဆက်သွယ်လို့ရတယ်... ပုံဖေါ်လို့ မရသေးဘူး...

(အချစ်နှင့် ပတ်သတ်၍ ရောက်တတ်ရာရာ အတွေးများ ကို တွေးတတ်တဲ့ ကောင်မလေးရေ... ဒါဟာ ကျနော့်ရဲ့ ခံစားချက်လေးပါပဲ...)

4 comments:

Chaos said...

အချစ်အကြောင်း ကိုနုနုလေးရေးထားတာ
ကောင်းတယ်ဗျ

သဇင်ဏီ said...

၁ယောက်..၂ယောက်..၃ယောက်..၄ယောက်တောင်..
များမှများ.. တယ်စွံသကိုး..
အမယ်.. လူကိုများဖွားလေးတဲ့..
ဟွန့်.. လူချိုးကြီး..

MgThaJan said...

တိမ်လိုလွင့်မျောလိုက် တိမ်လိုနိမ့်ဆင်းလိုက် စေလိုရာလွင့်ခဲ့... ဟားဟား

SuN said...

WoooW .. ဒီလိုရေးတတ်မယ်လို့  မထင်ရဘူးနော်.. ဟီးး