Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Saturday, February 09, 2008

နာရီလေးများနှင့် ကျနော်

ကောင်မလေး တစ်ယောက်က ကျနော်တို့ ယောက်ျားတွေဟာ ဒီလိုပါတဲ့...

“ယောက်ျားတွေဟာ တစ်ကယ်တော့ မိန်းမတွေကို နာရီ လိုပဲ သဘောထားကြတာပါ...”

တစ်ခါမှ မကြားဖူးသေးတာမို့ ကျနော်က...

“ဆိုပါဦး... ဒီလိုမျိုးကို အခုမှ ကြားဖူးတယ်...”

ဒါနဲ့ အဲဒီ ကောင်မလေးက ဆက်ပြောတယ်...

“ဒီလိုလေ... ယောက်ျားတွေဟာ သမီးရည်းစား ဘဝမှာတော့ ကိုယ့်ချစ်သူကို လက်ပတ်နာရီလေးလိုပဲ တစ်ချိန်လုံး ကြည့်နေတတ်ကြတယ်... အဲဒီလို တစိမ့်စိမ့် ကြည့်နေရတာကိုပဲ ပျော်နေကြတာ မဟုတ်လား... နောက် အိမ်ထောင်ကျပြီးတော့ သိပ်မကြာခင်မှာပဲ အိမ်က မိန်းမကို စားပွဲတင် နာရီ တစ်လုံးလို သဘောထားလာကြတယ်... လိုမှပဲ ကြည့်တတ်ကြတော့တယ်...”

ကျနော် နည်းနည်းတော့ ပြုံးလိုက်မိတယ်... သူပြောတာလဲ ဟုတ်နေသလိုလို... သူက ဆက်ပြောတယ်...

“နောက်ဆုံး.. သားသမီးတွေ ရလာပြီး တော်တော်ကြာလာတော့ ယောက်ျားတွေ အတွက် အိမ်က မိန်းမဟာ တိုင်ကပ်နာရီကြီး တစ်လုံးလို ဖြစ်သွားရော... ဆူတယ်... နားညီးတယ်... ဘာညာပေါ့... လှည့်တောင် မကြည့်ချင်တော့ဘူးပေါ့...”

တော်တော်လဲ ပြောတတ်တဲ့ ကောင်မလေး ပါပဲ... ဒါပေမဲ့ ယောက်ျားတွေဖက်က ပျော်စေပျက်စေ ရှေ့နေ အခမဲ့ လိုက်ပေးဖို့ အကြံ ရုတ်တရက် ဝင်လာတယ်... သူပြောတာကို ကျနော်က ပြန်ရှင်းပြလိုက်တယ်... ဒီလို..

“သြော်... ဒီလိုပါ မိန်းခလေးရယ်... မိန်းမတွေက သမီးရည်းစား ဘဝမှာတော့ လက်ပတ်နာရီလေးလို ချစ်စရာ ကောင်းကြ တာကိုး... သေးသေး သွယ်သွယ်လေး... နောက် အိမ်ထောင်ကျပြီး သိပ်မကြာခင်တော့ စားပွဲတင် နာရီဆိုက် ဖြစ်လာတယ်လေ... နောက် ကလေးတွေ ရပြီးတော့ တိုင်ကပ်နာရီ ဆိုက်ကြီး ဖြစ်နေပြီ... ယောက်ျားလဲ လန့်ပြီး နည်းနည်း ခပ်ခွာခွာနေတာ ဖြစ်မှာပေါ့ကွယ်...”

6 comments:

SuN said...

hehee.. funny!

Anonymous said...

အစ်ကိုရေ့...ဂလိုကြီးလား ကျနော်လဲ ပလက်တီနန် နာရီလေးတစ်လုံးလောက်လိုချင်တယ် ရှိရင် ခဏငှားပါအုံးးဗျး)

အိုင်လွယ်ပန် said...

ဟားဟား
ဂွတ်တယ်ဗျို့
ရှေ့နေခပေးရမယ်......

စိုးထက် - Soe Htet ! said...

အဲ လို ဖြစ်ပါလိမ့်မယ် ဗျ :P

MgThaJan said...

ရယ်ရတယ် ငါ့ကောင်ရေ :D

ဇင်ယော် said...

အိမ်က တိုင်ကပ်နာရီကြီးကိုအဟောင်းဆိုင်ပို. ။ စားပွဲတင် နာရီ လေးကို ရတဲ.ဈေးနဲ.ရောင်းပြီး
လက်ပတ်နာရီ အသစ်လေး တစ်လုံးလောက်လို
ချင်လို. ကူညီပါလား.... ဟီးဟီးဟီးးးးးးးး