Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!
Showing posts with label Photography. Show all posts
Showing posts with label Photography. Show all posts

Sunday, December 27, 2009

ဒါန နှင့် မိုးပေါ်မှာ နေချင်တယ်


A drop of crisp water
Originally uploaded by Franklin T..


ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်ရောက်တော့ ပဲခူး ရွှေမော်ဓောဘုရားကို ရောက်ဖြစ်ခဲ့ပါတယ်... ဘုရားဖူးရင်း.. ဓါတ်ပုံတွေလဲ လိုက်ရိုက်ရင်းပဲ ဆိုပါတော့... ဘုရားပေါ်မှာ လျှောက်ကြည့်ရင်းကနေပဲ မယ်သီလရင်တွေ အများကြီး စုထိုင်ပြီး သစ်ပင်ရိပ်ကလေး တစ်ခုမှာ နားနေတဲ့ နေရာလေးကို ရောက်သွားခဲ့တယ်... အပေါ်က ပုံလေးကို အဲဒီနားက ရေအိုးဆင်လေးကနေ လှမ်းရိုက်ပြီး ရခဲ့တာပါ... ဒီတစ်ခေါက် မြန်မာပြည်က အပြန်မှာ အကြိုက်ဆုံးပုံကို ပြပါဆိုရင်တော့ ဒီပုံလေးပဲ ဖြစ်မယ်ထင်ပါတယ်...

နာမည်ကိုတော့ ဇော်မြင့်သူ Nova အကြံပေးသလို.. “ဒါန” လို့ နာမည်လေး ပေးလိုက်ပါတယ်...



Kites
Originally uploaded by Franklin T..


ဒီ အထက်က ပုံလေးကတော့ ချောင်းသာမှာ ရိုက်ခဲ့တာပါ... စစရောက်ချင်း နေ့ထဲက သတိထားမိတာ အဲဒီ စွန်လေးတွေပါပဲ... နောက်တစ်နေ့မှာတော့ စက်ဘီးငှားပြီး စွန်သည်လေးနောက်ကို အပြေးအလွှားလေးလိုက်.. ဒီ ဓါတ်ပုံလေးရအောင် ရိုက်ခဲ့ရတာပါပဲ...

နာမည်ကိုတော့ “မိုးပေါ်မှာနေချင်တယ်” ဆိုတဲ့ မျိုးကျော့မြိုင် ရဲ့ သီချင်းခေါင်းစဉ်လေးပဲ ပေးလိုက်ရမလား စိတ်ကူးမိတယ်...

Read More...

Sunday, March 29, 2009

Sturtevant Falls, Angeles National Forest

Sturtevant Falls
Sturtevant Falls (Color)
Originally uploaded by Franklin T..


မနေ့က စနေနေ့ အလုပ်နားရက်မို့ အပြင်ထွက် ဓါတ်ပုံရိုက်ဖို့ စိတ်ကူးလေး ရခဲ့ပါတယ်... သူငယ်ချင်းက လာခေါ်တဲ့ အချိန်မှာတော့ တကယ်တမ်း ဘယ်ကိုသွားပြီး ဘာပုံ ရိုက်မယ်တောင် စဉ်းစားလို့ ထွက်မလာပါဘူး... ဒါနဲ့ နှစ်ကောင်သား အကြံထုတ်ရင်း Angeles National Forest ဖက်ကို သွားပြီး ကြည့်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ တောင်ပေါ်ဖက်ကို ကားနဲ့မောင်းတက်.. တောင်ပေါ်ရောက်တော့ ရေတံခွန်လေး တစ်ခု ရှိတယ်ဆိုလို့ မြေပုံနဲ့ လမ်းဆိုင်းဘုတ်လေးတွေ အကူနဲ့ ရေတံခွန်လေး ရှိတဲ့ဖက်ကို ထွက်လာခဲ့ပါတော့တယ်...
Sturtevant Falls
ပထမ အစပိုင်းမှာ ကတ္တရာခင်းထားတဲ့ လမ်းလေး.. နောက် တဖြေးဖြေးနဲ့ မြေလမ်းလေး ဖြစ်သွားတဲ့ လမ်းကြောင်းလေး အတိုင်း.. စမ်းချောင်းလေးကို ဟိုဖက်က ဖြတ်လိုက်.. ဒီဖက်က ကူးလိုက်နဲ့.. နောက်ဆုံးမှာတော့ ရေတံခွန်လေး ရှိရာကို နှစ်မိုင်ကျော် ခရီး ခြေကျင်လျှောက်အပြီး ရောက်လာခဲ့ပါတယ်... ပင်ပန်းရကျိုး နှပ်လောက်တယ် ထင်တဲ့ ဓါတ်ပုံလေး နှစ်ပုံပဲ ရခဲ့ပါတယ်... အပြန်ခရီးမှာတော့ ကုန်းဆင်း ကုန်းတက်တွေကို ခြေကျင်လျှောက် ပြန်တက်ခဲ့ရတာမို့ အခုတော့ ခြေထောက်ကြွက်သား တောင့်တင်းလို့ နေပါပြီ... နားလိုက်ဦးမယ်ဗျာ... :P

Read More...

Sunday, March 01, 2009

Hummingbird

hummingbird
Hummingbird
Originally uploaded by Franklin T..


ငှက်တွေကို ဓါတ်ပုံ သိပ်မရိုက်ဖူးခဲ့ပါဘူး... ဒီ အကောင်လေး ကိုတော့ နေ့တိုင်းလိုလို ခြံထဲမှာ တွေ့နေရတာမို့ ဓါတ်ပုံရိုက်ဖို့ စိတ်ကူးလေး ရလာပါတယ်... အလိုချင်ဆုံးပုံက သူ လေထဲမှာ ပျံနေတဲ့ ပုံလေးပါ... အဲဒီ ငှက်ကလေး လေထဲမှာ ပျံနေတဲ့ပုံက တခြားငှက်တွေနဲ့ မတူ.. ထူးခြားပြီး လှပါတယ်... ဒါကြောင့်လဲ အဲလိုပုံလေးကို ဓါတ်ပုံရိုက်ချင်နေမိခဲ့ပါတယ်...

မနေ့ကရယ်.. ဒီနေ့ရယ်.. နှစ်ရက်လုံး ကြိုးစားပြီး ပုံတော်တော်များများ ရိုက်တာတောင်မှပဲ အခု ပုံလေးလောက်ပဲ ရခဲ့ပါတယ်... လေထဲမှာ ပျံနေတဲ့ပုံ ဝေးစွ.. တခါတခါ ဘယ်ပျံသွားမှန်းတောင် မသိလိုက်ရဘူး... တနာရီကို မိုင် ၆၀ နှုန်း ပျံနိုင်တယ် ဆိုပဲ... ဆက်လက်ကြိုးစားပါဦးမည် ပေါ့လေ...

Read More...

Sunday, February 22, 2009

Lonely tree

Lonely Tree
Lonely tree
Originally uploaded by Franklin T..


မနေ့ကတော့ သူငယ်ချင်း သုံးယောက် စုပြီး Palm Springs ဖက်ကို ထွက်ဖြစ်ခဲ့ကြတယ်... ကျနော်ကတော့ တချိန်က မရိုက်လိုက်ရတဲ့ လေပန်ကာတွေကို ရိုက်ရကောင်းပါရဲ့ ဆိုပြီး အားခဲထားခဲ့တာပေါ့... Palm Springs ကနေ ပြန်လာချိန်မှာ သူငယ်ချင်းက လိုက်ပြလို့ လမ်းတစ်ဝက်မှာ အထီးကျန်သစ်ပင်လေး ရှိတဲ့ နေရာကို ရောက်ခဲ့ရပါတယ်... သူ ပြချင်တာက အဲဒီနားက ကျောက်ဆောင်တွေ.. တောင်ကုန်းတွေ.. ကန္တာရပန်းပင်တွေပေါ့... ကျနော် တကယ်တမ်း ရိုက်ဖြစ်ခဲ့တာကတော့ အထီးကျန်သစ်ပင်လေး ရဲ့ ပုံလောက်ပါပဲ... တခြားနေရာတွေ လှည့်ပတ်မရိုက်ရသေးခင်မှာပဲ park ranger က လာပြောလို့ မဝင်ရဆိုတဲ့ နေရာကို ဝင်မိရက်သား ဖြစ်နေတာကြောင့်.. ပြန်ထွက်လာခဲ့ရပါတယ်...

လေပန်ကာတွေပုံကတော့ မရလိုက်ခဲ့ပြန်ပါဘူး... ရာသီဥတုကလဲ ခပ်မှိုင်းမှိုင်း.. ကားပေါ်က ဆင်းလိုက်မိတဲ့ နေရာကလဲ ဘယ်လိုမှ သေချာ ရိုက်မရတဲ့ နေရာ ဖြစ်နေတာမို့.. နောက်ဆုံး လက်လျှော့ပြီး.. Palm Springs က Outlet mall မှာ Omega, Rado နာရီတွေ သွားပြီး သွားရည်ယို ပြန်လာခဲ့ပါတော့တယ်... :P

Read More...

Wednesday, January 21, 2009

Under the sea


Underwater view of a peer
Originally uploaded by Franklin T..



Nemo?
Originally uploaded by Franklin T..



Sunlight
Originally uploaded by Franklin T..

Read More...

Wednesday, January 14, 2009

စပ်စပ်စုစု မစပ်စု


Curious
Originally uploaded by Franklin T..


အရင်တပတ်လုံး လူလဲ တော်တော်ကို ချာလပတ် လည်သွားရပါတယ်... ၂၀၀၆ ခုနှစ် မြန်မာပြည် ပြန်လည်တုန်းက ချောင်းသာ၊ တောင်ကြီး၊ ရန်ကုန်မှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေ တပုံမှ ရှာမတွေ့တော့လို့ပါပဲ... မနေ့ကတော့ ကံကောင်းထောက်မစွာနဲ့ အဲဒီ ဓါတ်ပုံလေးတွေကို မပျောက်မပျက်ပဲ ပြန်ရှာတွေ့ခဲ့ပါတယ်... ထုံးစံအတိုင်းပေါ့... ဟိုမှာ သိမ်း၊ ဒီမှာ သိမ်းနဲ့ တခြား folder တွေအောက် ရောက်ပြီး အထားမှားနေခဲ့တာကိုး...

ဒါနဲ့ပဲ ဒီပုံလေးကို အရောင်လေး ပြန်ချိန်ပြီး တင်ဖြစ်သွားတော့တယ်... နာမည်က “စပ်စပ်စုစု မစပ်စု” ပါ...

Read More...

Friday, January 09, 2009

Ghost Town of Red Mountain

zona rose
Zona Rose
Originally uploaded by Franklin T..


ပြီးခဲ့တဲ့ စနေနေ့မှာတော့ အလုပ်က သူငယ်ချင်းတစ်ယောက်နဲ့ အတူ Red Mountain, California က ghost town ဖက်ကို ဓါတ်ပုံရိုက်ဖို့ ထွက်ဖြစ်ခဲ့ကြပါတယ်... ရာသီဥတုလဲ ကောင်းသလို လမ်းတစ်လျှောက်မှာလဲ စိတ်ဝင်စားစရာတွေချည့်ပါပဲ... သဲကန္တာရဆန်ဆန် လွင်ပြင်တွေ.. ခြုံပင် ဆူးပင်တွေကလဲ လမ်းဘေးဝဲယာ တစ်လျှောက်လုံး မျက်စိတစ်ဆုံးပါပဲ... ဓါတ်ပုံ တကယ်ရိုက်မယ်ဆိုရင် ခဏခဏ ဆင်းရိုက်နေတာနဲ့ပဲ လိုရာကို တော်တော်နဲ့တောင် ရောက်ဖြစ်တော့မယ် မထင်ပါ...

နှစ်နာရီခွဲကျော်လောက် မောင်းပြီးချိန်မှာတော့ ghost town ကို ဟိုင်းဝေးလမ်းမရဲ့ ဘေးမှာတင် တွေ့ရပါတော့တယ်... တစ်ချိန်က ရွှေတွင်းတူးတဲ့ လုပ်ငန်းတွေကြောင့် စည်ကားခဲ့တဲ့ မြို့လေးဟာ အခုချိန်မှာတော့ ခြောက်သွေ့တိတ်ဆိတ်လို့... အမှိုက်ကောက်နေတဲ့ လူတစ်စုကလွဲရင်.. ရှိရှိသမျှ အရာတွေ အားလုံးက ပျက်စီးယိုယွင်းနေတဲ့ သက်မဲ့တွေချည့်ပါပဲ... ဟိုင်းဝေးလမ်းမပေါ်ကနေ ဖြတ်သွားတဲ့ကားတွေ ရှိနေပေမဲ့ ခပ်ကျဲကျဲပါပဲ...



What's Left of Zona Rose
Originally uploaded by Franklin T.


ကားပေါ်ကနေ ဆင်းပြီး ပျက်စီး ယိုယွင်းစပြုနေတဲ့ အိမ်အိုဟောင်းတွေ ကြားထဲ လှည့်ပတ်သွားရင်း ဓါတ်ပုံတွေ ရိုက်ခဲ့ကြတယ်... Ford GMC စတဲ့ ခေတ်ဟောင်း ကားပျက်တွေလဲ တွေ့ခဲ့ရတယ်... နေမဝင်ခင်လေး ခပ်လှမ်းလှမ်း တစ်နေရာကို ရွှေ့မယ်ဆိုပြီး ကားပေါ်တက်.. ဆက်ထွက်လာခဲ့ကြတယ်... ဖြစ်ချင်တော့ အမှိုက်တွေကြားထဲက သံချောင်း လက်ချက် ထင်ပါရဲ့... ညာ နောက် ကားဘီးက ပြားနေပါလေရော...

နှစ်ယောက်သား ကင်မရာတွေချ.. ကားဘီးလဲဖို့ ပြင်ရပါတော့တယ်... အဆင်မပြေပါဘူး... ဂျိုက်ထောက်က နိမ့်နေသေးလို့ စပယ်ယာဘီးကို ဘယ်လိုမှ ထည့်မရ.. အခက်တွေ့ရပါတော့တယ်... ကံကောင်းချင်တော့ ဘေးနားမှာ ကားတစ်စီး... ကားပေါ်က လူကို မေးမြန်း အကူညီတောင်းတော့ အနီးနားမှာ ရှိတဲ့ သူ့အိမ်ကို ပြန်ပြီး ဂျိုက်ထောက် ယူလာပေးပါတယ်... နောက်ဆုံးမှာတော့ ကားဘီးက အဆင်ပြေသွားပါတော့တယ်... နေဝင်ချိန်လေးကိုတော့ လက်လွှတ်ဆုံရှုံးခဲ့ရတယ်...

ကားဘီး က လေသိပ်မရှိတာကြောင့် ghost town လေးကို အမြန်နုတ်ဆက်ပြီး ပြန်ခဲ့ရပါတော့တယ်... နေခဲ့ဦးတော့ Red Mountain ရေ...

Read More...

Tuesday, December 30, 2008

ဝါးရုံလေးရဲ့ နေဝင်ချိန်


Bamboo
Originally uploaded by Franklin T..


ဝါးရုံလေးရဲ့ နေဝင်ချိန်
(Huntington Library and Botanical Garden, California)

Read More...

Busy Bee


Busy Bee
Originally uploaded by Franklin T..
Macro ဓါတ်ပုံတွေ ရိုက်ချင်ပေမဲ့ မရိုက်ဖြစ်တာ များပါတယ်... ဒီပုံလေးကတော့ Huntington Library ထဲက Desert Garden မှာ လျှောက်ကြည့်နေရင်း.. အလုပ်များနေတဲ့ ပျားကောင်လေးတွေကို တွေ့လိုက်ရတော့ စိတ်ကူးရပြီး သဲကြီး မဲကြီး လိုက်ရိုက်ရင်း ရခဲ့တဲ့ ပုံလေးပေါ့...

တော်ပါသေးတယ်... ကန္တာရ ဆူးပင်တွေကြားထဲ ပြုတ်မကျခဲ့တာ... မဟုတ်ရင်တော့ ပျားတုပ်ခံရတာထက်တောင် ဆိုးမယ် ထင်ပါတယ်...

Read More...

Monday, December 29, 2008

ဆည်းဆာလေးကို ဖမ်းမိခြင်း

colorful sunset
Colorful Sunset
Originally uploaded by Franklin T..


တကယ်တမ်း သွားချင်တာက Dutch Town. နောက်တော့ အချိန်မရတော့တာကြောင့် Redondo Beach ကို သွားမယ်လို့ စိတ်ဆုံးဖြတ်လိုက်ကြတယ်... GPS နဲ့ ဟိုဒီလျှောက်ရှာပြီး မျောက်အုန်းသီး ကလိသလို လုပ်လိုက်တော့.. နောက်ဆုံးမှာ Malibu ဖက်က Corral Beach ကို ရောက်သွားပါလေရော... ရောက်တာနဲ့ တော်တော်လေး စိတ်ချမ်းသာသွားတယ်... နေဝင်ချိန်လေး...

ကမ်းခြေပေါ်က ကိုယ်မတတ်နိုင်တဲ့ အိမ်လေးတွေကို သွားရည်ကျရရုံ.. လိုက်ကြည့်ရင်း.. ဓါတ်ပုံတွေ ရိုက်ရင်း.. ကျနော့်ရဲ့ တစ်ချိန်က ထွက်ပြေးသွားတဲ့ ဆည်းဆာလေး ကို ပြန်ဖမ်းမိလိုက်ပါတော့တယ်...

အပေါ်က ဓါတ်ပုံလေးကို “ဆည်းဆာလေးကို ဖမ်းမိခြင်း” လို့ နာမည်ပေးလိုက်တယ်...

follow me
Follow Me
Originally uploaded by Franklin T..


ဒီပုံလေးကတော့ သဲသောင်ပြင်ပေါ် လှိုင်းတွေ တက်လာပြီး.. ကျန်နေခဲ့တဲ့ အရေးအကြောင်းလေးတွေပါ... သဘာဝတရားကြီးက တခါတလေတော့လဲ သူ့ကိုယ်သူ အလှတွေ ဆင်လို့... ပုံစံအမျိုးမျိုး.. အရောင်အသွေး အမျိုးမျိုးနဲ့ပေါ့...

Read More...

Sunday, December 28, 2008

မဆုံနိုင်ခြင်းများ

parallel
Parallel
Originally uploaded by Franklin T..


ဒီနေ့တော့ နဂိုထဲက စိတ်ကူးရှိထားခဲ့တဲ့.. Palm Springs က လျှပ်စစ်ဓါတ်အားထုတ် လေပန်ကာတွေကို ဓါတ်ပုံရိုက်ဖို့.. သူငယ်ချင်း တစ်ယောက်နဲ့ အတူ ထွက်လာခဲ့တယ်... အိပ်ယာထ နောက်ကျတာက တစ်ကြောင်း.. နေ့လည်စာ ဝင်စားလိုက်မိတာက တစ်ကြောင်းကြောင့်.. Palm Springs ဖက်ကို တစ်ကယ်တမ်း ထွက်လာချိန်မှာတော့.. တော်တော်ကို နောက်ကျနေပါပြီ...

ဆောင်းရာသီမို့ နေဝင်တာကလဲ စောတော့.. Cabazon ကို ရောက်တဲ့ အချိန်လောက်မှာပဲ.. လေပန်ကာတွေကို မြင်နေရကာမှ.. နေရောင်သိပ်မကျန်တော့လို့ ဘာဓါတ်ပုံမှ မရလိုက်ပါဘူး... နောက်ဆုံး စိတ်ပျက်လက်ပျက်နဲ့ ကားလမ်းဘေးကနေ ဆင်း.. အဲဒီနားက ရထား သံလမ်းနဲ့ တခြား ရှုခင်းလေးတွေကိုပဲ ဓါတ်ပုံ ရိုက်ခဲ့ရပါတော့တယ်...

ဓါတ်ပုံလေးကို “မဆုံနိုင်ခြင်းများ” လို့ ခေါင်းစဉ်လေး ပေးလိုက်ပါတယ်...

Read More...

Tuesday, August 19, 2008

Photos by Kyaw Kyaw Win (People Magazine)

People Online Magazine ကို ဖတ်လေ့ဖတ်ထ မရှိပါဘူး... တရက်မှာတော့ အမေ နဲ့ ညီမ က ခေါ်ပြလို့ ဓါတ်ပုံ ကျော်ကျော်ဝင်း ရဲ့ ဓါတ်ပုံလေးတွေကို တွေ့လိုက်ရပါတယ်... ဓါတ်ပုံကျော်ကျော်ဝင်း ရဲ့ ဓါတ်ပုံတွေကို အရမ်းနှစ်သက်မိတာက တစ်ကြောင်း... ဓါတ်ပုံ အယူအဆနဲ့ စိတ်ကူး ကောင်းတာလေးတွေကို လေးစား အားကျမိတာက တစ်ကြောင်းကြောင့်.. စာဖတ်သူတွေ People Online Magazine မှာ မဖတ်လိုက်ရရင် ဖတ်နိုင်အောင်လို့ ကျနော့်ဘလော့မှာ ပြန်တင်ထားပေးလိုက်ပါတယ်...








Read More...

Tuesday, July 29, 2008

Night Lights and Flowers

Night Lights and Flowers
Night Lights and Flowers
Originally uploaded by Franklin T..


ညနေချိန်လေး အိမ်ရှေ့ ဝရန်တာမှာ ထွက်ထိုင်မိတော့.. ညမီးတွေကြောင့် တမျိုးလေး လှနေတဲ့ စက္ကူပန်းတွေကို ဓါတ်ပုံရိုက်ဖြစ်လိုက်ပါတယ်... မြန်မာလိုတော့ “စက္ကူပန်းများရဲ့ ည” လို့ နာမည် ပေးထားပါတယ်...

Read More...

Sunday, July 06, 2008

Symbol of Freedom


Symbol of Freedom
Originally uploaded by Franklin T..
ဒီတပတ် သောကြာနေ့ ဂျူလိုင်လ ၄ ရက်နေ့က Almansor Park မှာ အမေရိကန် ပြည်ထောင်စု ရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီးရှူးမီးပန်းတွေ အလှပြတာကို သွားကြည့်ဖြစ်ခဲ့ပါတယ်... တစ်နိုင်ငံလုံး နေရာအနှံ့ ဒီလို မီးရှူးမီးပန်း အလှပြတာတွေ လုပ်ကြ၊ မိသားစုလိုက် ပန်းခြံတွေ ပင်လယ်ကမ်းခြေဖက်တွေမှာ သွားကြည့်ကြ၊ အိမ်မှာ ခင်မင်ရင်းနီးတဲ့ မိတ်ဆွေတွေ ဆွေမျိုးတွေ ဖိတ်ပြီး အသားကင်တွေ လုပ်စားကြတဲ့ နေ့တနေ့ပါပဲ...

Almansor ပန်းခြံကို ရောက်တော့ ကားတွေနဲ့ ပိတ်ကျပ်နေပြီး.. မီးရှူးမီးပန်းတွေတောင် ဖေါက်နေကြပြီပေါ့... ၁၅ မိနစ် လောက်သာ ပြတာမို့ ကမန်းကတမ်း ကင်မရာထုတ်.. ထရိုင်ပေါ့တွေ ထောင်.. အူယားဖားယား ရိုက်ရတာပေါ့... ၃ ပုံလောက် ရိုက်ပြီးမှ သိလိုက်ရတာက ညီမက ကျောင်းပရောဂျက်အတွက် ကင်မရာကို ယူသုံးထားတော့ သူ့ပရောဂျက် အတွက် အဖြူမဲဆက်တင် ချိန်ပေးထားတာ ပြန်မပြင်ရသေးမှန်း သိလိုက်ရပါတယ်... ဒီလိုနဲ့ ဟိုချိန်ဒီချိန်လုပ်.. ပြာယာခပ်ပြီး စိတ်တိုင်းကျ ပုံတွေ သိပ်မရခဲ့လိုက်တော့ပါဘူး...

နာမည်က “လွပ်လပ်ရေးရဲ့ သင်္ကေတ” ပါခင်ဗျာ... ကျနော်တို့တတွေ အတွက်ကတော့ မှန်ပုံးထဲက သကြားလုံးကို ကြည့်နေရတဲ့ ကလေးတွေလို့လဲ ခံစားမိပါတယ်...

Read More...

Thursday, June 05, 2008

Cover up

boy
Cover up
Originally uploaded by Franklin T..

B/W portrait photo of my friend's son. Why did he cover up like this? I don't have the answer. The photographer was not that stink for sure. :P

Read More...

Wednesday, June 04, 2008

Crying boy

crying boy
Crying boy
Originally uploaded by Franklin T..

Went to Bonelli Park, San Dimas, California on Sunday of last week with my friend's family. This is the photo of his son crying.

Read More...

Tuesday, May 27, 2008

Looking up

sky
Looking up
Originally uploaded by Franklin T..

Nice sky. What do ya think? Processed using Adobe Lightroom 1.4.

Read More...

Monday, May 26, 2008

Dancing with banyan leaves

Bell
Dancing with banyan leaves
Originally uploaded by Franklin T..

This photo was taken at La Puente Burmese Buddhist monastery. Processed using Adobe Lightroom 1.4.

Read More...

Desidia Street's sunset

HDR
Desidia Street's sunset
Originally uploaded by Franklin T..

My first attempt at High Dynamic Range (HDR) photo. I guess I caught the clouds and a nice sunset at the least.

Read More...

Sunday, May 18, 2008

Graduation


Graduation
Originally uploaded by Franklin T..

While I was sitting in the shades at my sister's graduation ceremony, I saw this balloon held by a little girl. "Way to go GRAD!". One big step forward.

Read More...