Eclectic 2.0: Earth, Water, Sky from Ross Ching on Vimeo.
Time lapse နဲ့ ရိုက်ထားတဲ့ ဗီဒီယိုတွေကို စိတ်ဝင်စားနေတာ ကြာပေါ့... ဒီနေ့တော့ ဗီမီးယိုမှာ မထင်မှတ်ပဲ Ross Ching ဖန်တီးထားတဲ့ Eclectic 2.0 ကို ကြည့်ဖြစ်ရင်း Ross Ching ရဲ့ web site ကိုပါ ရောက်ဖြစ်သွားပါတော့တယ်... တော်တော်လေးကို လက်ရာမြောက်တဲ့ ရိုက်ချက်လေးတွေပါပဲ... စာဖတ်သူတွေလဲ စိတ်ဝင်စားမယ်ထင်တာကြောင့် Eclectic 2.0: Earth, Water, Sky ကို တင်ပေးလိုက်ပါတယ်...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Monday, December 22, 2008
Ross Ching's Eclectic 2.0
Posted by
Gu Gu
at
3:14 PM
0
comments
Labels: Multimedia
Wednesday, November 05, 2008
Beijing Welcomes You
တစ်ရက်.. အလုပ်ကနေ အိမ်ကို ပြန်ရောက်လာတော့ တီဗီကနေ တရုတ်သီချင်းလေးတခုကို နားထောင်မိတယ်... တရုတ်လို မတတ်ပေမဲ့လဲ သီချင်းတီးလုံးလေးနဲ့ သံစဉ်က တော်တော်လေး နားထောင်ကောင်းတာမို့ တီဗီရှေ့ကို သွားကြည့်လိုက်မိတော့.. ပီကင်း အိုလန်ပစ် ၂၀၀၈ အတွက် ဆိုထားတဲ့ သီချင်းလေး ဖြစ်နေတယ်... သီချင်းလေးရဲ့ နာမည်က Beijing Welcomes You လို့ ခေါ်ပါတယ်...
ဒါနဲ့ပဲ သီချင်းလေးကို ဆုံးတဲ့အထိ နားထောင်အပြီးမှာ Google မှာ ဒီ သီချင်းနဲ့ ပတ်သက်တာလေးတွေ လိုက်ရှာမိတယ်... 4shared မှာ တင်ထားတဲ့ mp3 နဲ့ ဗီဒီယိုတွေ အပြင် YouTube မှာ တင်ထားတဲ့ MTV ကိုပါ ရှာတွေ့ခဲ့တယ်... အားလုံး နားထောင်ကြည့်နိုင်ဖို့ ဗီဒီယိုလေးကို share လိုက်ပါတယ်... အင်္ဂလိပ်လို ဘာသာပြန် စာတမ်းထိုးပေးထားတဲ့ YouTube video ကိုလဲ ကြည့်နိုင်ပါတယ်...
Posted by
Gu Gu
at
1:02 AM
0
comments
Labels: Multimedia
Saturday, June 28, 2008
Simon & Garfunkel - The Sound Of Silence
ရေဒီယိုထဲမှာ ခဏခဏ ကြားဖူးနေတဲ့ သီချင်းလေး... အရမ်းကို ကြိုက်ခဲ့ပေမဲ့ ကြုံမှပဲ နားထောင်ဖြစ်ခဲ့တယ်... အဆိုရှင်တွေရော သီချင်းနာမည်ပါ မသိခဲ့ဘူး... ဒီနေ့တော့ တီဗီကြည့်နေရင်း ဒီ သီချင်းလေးကို ပြန်ကြားလိုက်ရတယ်... ဒီ တစ်ခါတော့ ဒီ သီချင်းလေးကို မရမက လိုက်ရှာလိုက်မိတယ်... သီချင်းကို သီဆိုခဲ့သူတွေကတော့ Paul Simon & Art Garfunkel ပါ... သီချင်းလေး ရဲ့ နာမည်ကတော့ The Sound Of Silence ပါတဲ့...
သီချင်း စာသားလေးတွေကိုပါ သိလိုက်ရမယ်ဆိုရင် ပိုတောင်မှ ထိထိမိမိ ရှိတာမို့ စာသားလေးပါ တင်ထားပေးလိုက်ပါတယ်... စာဖတ်သူတွေလဲ ကျနော့်လိုပဲ နှစ်သက်မိမယ် ထင်ပါတယ်...
The Sound Of Silence
By Simon & Garfunkel
Hello darkness, my old friend
I've come to talk with you again
Because a vision softly creeping
Left its seeds while I was sleeping
And the vision that was planted in my brain
Still remains
Within the sound of silence
In restless dreams I walked alone
Narrow streets of cobblestone
'Neath the halo of a street lamp
I turned my collar to the cold and damp
When my eyes were stabbed by the flash of a neon light
That split the night
And touched the sound of silence
And in the naked light I saw
Ten thousand people, maybe more
People talking without speaking
People hearing without listening
People writing songs that voices never share
And no one dared
Disturb the sound of silence
"Fools", said I, "You do not know
Silence like a cancer grows
Hear my words that I might teach you
Take my arms that I might reach you"
But my words, like silent raindrops fell
And echoed
In the wells of silence
And the people bowed and prayed
To the neon god they made
And the sign flashed out its warning
In the words that it was forming
And the sign said, "The words of the prophets are written on the subway walls
And tenement halls"
And whispered in the sounds of silence
Posted by
Gu Gu
at
11:28 PM
3
comments
Labels: Multimedia
Tuesday, March 25, 2008
A Nge - Kun Nit Htwe A Ka (MTV)
အငဲ ရဲ့ “ခုနစ်ထွေအက” ကို စ နားထောင်လိုက် တုန်းက တော်တော်ကို နားစွဲပြီး တော်တော်လေး ကိုလဲ ကြိုက်ခဲ့တယ်... နေ့တိုင်း အလုပ်သွား အလုပ်ပြန် ကားပေါ်မှာ ဒီ တစ်ခွေထဲ ကိုပဲ မရိုး နိုင်အောင် နားထောင် ဖြစ်ခဲ့တယ်... ဒီ ခွေလေး ကို လက်ဆောင် ပေးခဲ့တဲ့ ချစ်သူငယ်ချင်း ဇာကြီး ကိုလဲ ကျေးဇူးတွေ အရမ်းတင်ခဲ့တယ်...
အခုတော့ ခုနစ်ထွေအက MTV ကို သူငယ်ချင်း ဝယ်လာ ပေးလို့ ရလာခဲ့တယ်.. စာဖတ်သူတွေ ထဲက အငဲ ရဲ့ ပရိတ်သတ်တွေ နှစ်သက်မယ် ထင်ပါတယ်...
၃။ အလွမ်းခရီးသည်
၎။ တံဆိပ်မကပ်နဲ့
၅။ စက္ကူလေတံခွန်
၆။ စိတ္တဇကား
၇။ အနိုင်နဲ့ပိုင်း
၈။ အလွမ်းနဲ့အပြန်
၉။ အသင့်ပြင်ထား
၁၁။ လက်ခံလိုက်မယ်
၁၂။ သဲကိုးဖြာ
၁၃။ မြား
၁၄။ ကြိုး
၁၅။ မိုးသည်းည
၁၆။ Ending Credits
၁၇။ တံဆိပ်မကပ်နဲ့ (Live)
၁၈။ စက္ကူလေတံခွန်(Live)
Posted by
Gu Gu
at
11:29 PM
0
comments
Labels: Multimedia
Monday, March 17, 2008
Myo Kyawt Myaing - Lu Pyit Ya De Dote Kha (MTV)
မျိုးကျော့မြိုင် ရဲ့ လူဖြစ်ရတဲ့ ဒုက္ခ MTV တွေကို မျိုးကျော့မြိုင် ပရိတ်သတ်တွေ ကြည့်နိုင်ဖို့ Google Video မှာ တင်ထားပေးလိုက်ပါတယ်...
၁ - ဆက်သွယ်မှုဧရိယာပြင်ပ
၂ - အချစ်သီချင်း
၃ - လူဖြစ်ရတဲ့ဒုက္ခ
၎ - မင်းလေးချစ်တတ်ရင်
၅ - မဖြစ်သင့်ဘူး
၆ - ခေါင်းစဉ်မရှိပါ
၇ - စောစောစီးစီး
၈ - မင်းမရှိတဲ့နေရာ
၉ - အရာရာပြောင်းလဲခဲ့ပြီ
၁၀ - မသေချာကြတာတွေ
၁၁ - လူဖြစ်ရတဲ့ ဒုက္ခရဲ့ အစ
Posted by
Gu Gu
at
9:15 PM
3
comments
Labels: Multimedia
Saturday, March 15, 2008
Lay Phyu - Ka Na Lay Myar (MTV)
လေးဖြူ ရဲ့ ခဏလေးများ သီချင်းခွေကို နားထောင်ပြီး ကထဲက MTV ထွက်လာမှာကို ကြည့်ချင်စိတ်နဲ့ စောင့်နေမိခဲ့တယ်... တစ်ကယ်တမ်း MTV ထွက်လာချိန်ကျတော့ ချက်ချင်း မဝယ်ဖြစ်ခဲ့ဘူး... တနေ့ကတော့ မြန်မာပြည်ကို ပြန်တဲ့ သူငယ်ချင်း တစ်ယောက်ကို မှာလိုက်တာ.. အခုတော့ ရပါပြီ... ကျနော့်ရဲ့ ခဏလေးများ...
လေးဖြူ သီချင်းတွေကို နှစ်သက်တဲ့ ကျနော့်လို အဝေးရောက် ပရိတ်သတ်တွေ ကြည့်နိုင်ဖို့ Google Video မှာ တင်ထားပေးလိုက်ပါတယ်... ကျနော် အကြိုက်ဆုံး သီချင်းတွေကတော့ “မင်းမှမင်း” (တစ်ခါတစ်လေ ဒီတပုဒ်ထဲကို ထပ်ပြန်တလဲလဲ နားထောင်မိတဲ့ အထိပါပဲ).. “ခရီးများ အဆုံးထိ” နဲ့ “ဝမ်းနည်းမှတ်တမ်း” တို့ပါပဲ...
Posted by
Gu Gu
at
11:40 PM
1 comments
Labels: Multimedia
Monday, February 11, 2008
အငဲ - ရောင့်ရဲစို့
Artist: A Nge
ဒီ အတိုင်းဆို အချစ်များဟာ
အရောင်တွေ ဖျော့လို့ သွားပြီလား
ရေစီးမှာ မီအောင် မျောရင်း
အတူမဆုံဖြစ်တဲ့ နေ့ရက်တွေ
ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်း ပြေးရင်း
ဖိနပ်လဲ ပါးတော့မယ်
ဘယ်တော့များမှ အတူနေရဖို့
သေချာဦးမလဲ ချစ်သူရယ်
ငါ တို့ နှစ်ယောက်/ နှစ်ဦး ကြား
အကြောင်းမဲ့ သက်သက် အချိန် များ/ တွေ ဖြုန်း
တကယ်ပါ တွေးကြည့်စမ်း
အချစ်ရှိဖို့ အလိုအပ်ဆုံး
အရင်ကလို ငါတို့ နှလုံးသား
ရင်ခုန်သံ ကြားဖို့ အားရဲ့လား
အိပ်မက်တွေ တစ်ခုပြီး တစ်ခု
လူကို အဝေးက မျှားလို့ရယ်
ဒီ အချိန်ထိအောင် ငါတို့ ဝေးနေ
တကယ်ကို ငြီးငွေ့လွန်းပြီကွယ်
အတူနေရအောင် ရောင့်ရဲစို့
ဒီဘဝရဲ့ အမော
လက်တွဲလို့ တို့အတူ မောရအောင်
(Download the lyrics with guitar cords)
Posted by
Gu Gu
at
7:05 PM
0
comments
Labels: Multimedia
Friday, February 08, 2008
အငဲ - ပျောက်ဆုံးသွားတဲ့
Artist: A Nge
နူးညံ့တဲ့ အချစ်တို့နဲ့ ရေးဖွဲ့ခဲ့ ဘဝလေး
ငါ ပြန်မရတဲ့ အခုလို အချိန် အလွမ်းတွေဟာ လှိုင်းထန်တယ်
သတိရတိုင်း ငါ့ရဲ့နဘေး မင်းရှိမလား ရှာမိ
ဘယ်ဆီပြေးပုန်း ဟို တစ်ချိန်က မင်း မျက်လုံး မင်းရဲ့ အပြုံး
မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များက
ခွဲခွာခြင်း တစ်နေ့ကို ကြုံလာခဲ့ပေါ့
မေ့မရသော အတိတ်က တို့နှစ်ယောက် အမှတ်တရ
မင်း နှုတ်ခမ်းဖျားက အပြာရောင် မနက်ခင်းတွေ
ငါ ပြန်လည် တမ်းတရင်း .. ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ
အစီးအနင်း များလွန်းတဲ့ နက္ခတ်ဆိုး တွေကြား
ရိုးသားခြင်းနဲ့ ဘဝကို ပုံခဲ့တယ်
ငါဟာ သိုးမည်း တစ်ယောက်ပါ
စိတ်ဓါတ်ကျလွန်းတဲ့ ငါ့ရဲ့ နေ့တွေထဲ
မင်းရှိနေရင် အားအင်တစ်ခုပဲကွာ
ငါလေ တမ်းတမိတယ်
မဆုံးတဲ့ အနမ်း မဆုံးတဲ့ ခရီး
မဆုံးတဲ့ အချစ် ဘယ်မလဲ
အို အခုတော့ ငါ့ တစ်ယောက်တည်း
အထီးကျန်လွန်း ဘယ်လို ရပ်တည်မယ်
မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များထဲ
ခွဲခွာဖို့ အကြောင်းက ကြုံလာခဲ့ပေါ့
ကြေကွဲစရာ အဖြစ် အပျက်တို့ မေ့ဖို့ ကြိုးစား
မင်း မရှိတော့တဲ့ အလွမ်းနေ့ ကွင်းပြင်ထဲ
ပြေလည်ရာ လမ်းကိုရွေး ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ
အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါ လျှောက်လှမ်းဖို့ ဘယ်သူ အလင်းပြပါ့မယ်
အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါ လျှောက်လှမ်းဖို့ တကယ်ကို အလင်းရောင် လိုတယ်
အစီးနင်းများလွန်းတဲ့ နက္ခတ်ဆိုးကြားမှာ
အရိုးသားဆုံး စိတ်နဲ့ ငါ့ဘဝကို ပုံအပ်
သိုးမည်း တစ်ယောက်လို ငါပါ
စိတ်အားငယ်နေချိန် ဒီလို နေ့များမှာ
မင်းလေးပဲ ငါ တကယ် တမ်းတနေတယ် အချစ်ရယ်
မိုးလင်းတိုင်း ငါ့ နဘေးနား မင်း မရှိဘူး လေ
(Download the lyrics with guitar cords)
Posted by
Gu Gu
at
12:30 AM
0
comments
Labels: Multimedia
Friday, January 04, 2008
Don't Matter
ဒီနေ့တော့ Akon ရဲ့ Don't Matter သီချင်းလေးကို နားထောင်မိတယ်... MTV ကိုလဲ Stage6 မှာ ပြန်ကြည့်ဖြစ်သွားတယ်... ဘာရယ်တော့ မဟုတ်ပါဘူး... ကြည့်ရတာ စိတ်ချမ်းသာတယ်... ပျော်စရာကောင်းတယ်... စိတ်ထဲမှာ လွတ်လပ်တယ်...
Posted by
Gu Gu
at
1:22 AM
0
comments
Labels: Multimedia
Wednesday, December 19, 2007
Cascada's Miracle
ဒီနေ့တော့ တစ်နေ့လုံး စိတ်ရှုပ်ထွေးစရာတွေ အလုပ်မှာ ကြုံခဲ့ရပေမဲ့.. အိမ်ပြန်ရောက်လာတော့ ဒီ သီချင်းလေး နှစ်ပုဒ်ကို နားထောင်မိပြီး စိတ်တွေ ထူးထူးခြားခြား ပြန်လည် လန်းဆန်းလာခဲ့ရတယ်... Techno ကြိုက်သူတွေ ကြိုက်မယ်လို့ ထင်ပါတယ်...
Posted by
Gu Gu
at
10:32 PM
1 comments
Labels: Multimedia
Monday, December 10, 2007
Alan Jackson - Remember When
Country သီချင်းတွေတိုင်းကို ကြိုက်တာ မဟုတ်ပေမဲ့ ဒီသီချင်းလေး တစ်ပုဒ်ကိုတော့ အရမ်းကြိုက်ခဲ့တယ်... တောင်ကြီးက အပြန် ကားပေါ်မှာ အကြိမ်ကြိမ် မရိုးနိုင်အောင် နားထောင်ခဲ့တဲ့ သီချင်းလေးပါပဲ... ဒီနေ့ ကိုကလိုစေးထူးရဲ့ ဘလော့ဂ်ရောက်မှ သူတင်ထားတဲ့ country သီချင်းလေးမြင်ပြီး ဒီသီချင်းလေးကို သွားသတိရမိတာပါ...
YouTube ကနေ ဗီဒီယို တစ်ခါထဲ တင်ပေးချင်ပေမဲ့.. ပိုင်ရှင်က embed လုပ်ခွင့် ပိတ်ထားတာကြောင့် လင့်ခ်ပဲ လုပ်ပေးထားလိုက်တယ်... MTV ကလဲ တော်တော်လေး ကြည့်ကောင်းပါတယ်... သီချင်းစာသားတွေကိုလဲ တစ်ခါထဲ ရှာရေးပေးထားလိုက်တယ်... နှစ်သက်မယ်လို့ ထင်ပါတယ်...
Artist: Jackson Alan
Song: Remember When (Lyrics)
Album: Greatest Hits 2
Remember when I was young and so were you
And time stood still and love was all we knew
You were the first, so was I
We made love and then you cried
Remember when
Remember when we vowed the vows and walked the walk
Gave our hearts, made the start, it was hard
We lived and learned, life threw curves
There was joy, there was hurt
Remember when
Remember when old ones died and new were born
And life was changed, disassembled, rearranged
We came together, fell apart
And broke each other's hearts
Remember when
Remember when the sound of little feet was the music
We danced to week to week
Brought back the love, we found trust
Wrong: Vowed we'd never give up
Right: Vowed we'd never give it up
Remember when
Remember when thirty something seemed old
Now lookin' back, it's just a steppin' stone
To where we are, where we've been
Said we'd do it all again
Remember when
Remember when we said when we turned gray
When the children grow up and move away
We won't be sad, we'll be glad
For all the life we've had
And we'll remember when
Remember when
Remember when
Posted by
Gu Gu
at
10:11 PM
0
comments
Labels: Multimedia
Wednesday, December 05, 2007
Magnetic North - Drift Away
ဒီနေ့အတွက် တစ်ကယ်လုပ်ဖို့ စဉ်းစားမိတာက တောင်ကြီး၊ အင်းလေး မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေပါ... ရှိသမျှ hard drive တွေထဲ ဘယ်လိုမှ ပြန်ရှာလို့ မတွေ့နိုင်တော့တဲ့ ဓါတ်ပုံတွေကြောင့် စိတ်ပျက်လက်ပျက်နဲ့ ဟိုဒီလျှောက်တွေးမိတော့ Wong Fu Productions က ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ့ YouTube ပေါ်က MTV လေးကို သွားသတိရမိတယ်... လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကြည့်ခဲ့ဖူးတဲ့ MTV လေးပါပဲ... UC San Diego (UCSD) က ကျောင်းသားတွေ ကိုယ်တိုင်ရိုက်ပြီး တင်ခဲ့တာပါ... သီချင်းလေးက ကောင်းသလို သူတို့တွေရဲ့ စိတ်ကူးစိတ်သန်းလေးတွေ၊ ကြိုးစား အားထုတ်မှုလေး တွေကိုလဲ လေးစား အားကျမိခဲ့တယ်...
ပထမ MTV ကတော့ လွန်ခဲ့တဲ့တစ်နှစ်လောက်က ရိုက်ကူးတင်ဆက်ထားတဲ့ MTV လေးပါပဲ... တော်တော်လေးကို ကောင်းတာမို့ သူငယ်ချင်းတွေ အားလုံး ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်...
Wong Fu Productions က MTV လေးတွေကို စပြီး သတိထားမိတာကတော့ Jason Mraz ရဲ့ I'm Yours ဆိုတဲ့ သီချင်းလေးကို MTV ပုံ သူတို့ အိုင်ဒီယာလေးနဲ့ ပြန်ရိုက်ထားတဲ့ ဒီ MTV လေး ပါပဲ...
Posted by
Gu Gu
at
11:10 PM
0
comments
Labels: Multimedia
Friday, August 03, 2007
Myanmar Movie: A Phyu Young Thit Sar
ဒွေး၊ သားညီ၊ ဖိုးကျော်၊ အိန္ဒြာကျော်ဇင်၊ လှအဉ္ဖလီတင့် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “အဖြူရောင်သစ္စာ” ဆိုတဲ့ ရုပ်ရှင်ကားလေးပါ...
Part.I
Part.II
Posted by
Gu Gu
at
11:21 PM
5
comments
Labels: Multimedia
Friday, June 01, 2007
အငဲ - ဇစ်မြစ်
အငဲ - ဇစ်မြစ် (Download here)
၁။ နွံ
၂။ အချစ်စိတ်
၃။ ဟောင်းသွားပြီလား
၎။ လမ်းပျောက်သူ
၅။ ဇစ်မြစ်
၆။ အမုန်းတွေရုပ်သိမ်းပေး
၇။ ဆောက်တည်ရာမဲ့
၈။ အချစ်ဦးပုံပြင်
၉။ ရောင့်ရဲစို့
၁၀။ ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ
၁၁။ မင်းမုန်းတဲ့လူ
ချစ်သူငယ်ချင်း လေးမောင်က ပို့ပေးလာတဲ့ စီဒီလေးပါ... အငဲရဲ့ အခွေသစ်ပေါ့... သုံးလေးခါလောက် နားထောင်အပြီးမှာ တော်တော်လေးနားထောင်လို့ ကောင်းလာပါတယ်... လောလောဆယ်မှာတော့ “ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ” ကို တော်တော်လေး သဘောတွေ့နေပါတယ်...
Posted by
Gu Gu
at
1:01 AM
0
comments
Labels: Multimedia
Sunday, May 27, 2007
MTV - Sai Kyite Del Maung (Yaw Tha Ma Mwe)
ရောသမမွေ MTV VCD ထဲက ဆိုင်းကြိုက်တဲ့မောင် MTV လေးကို ရိုက်ကူးတင်ပြပုံလေး သဘောကျလို့ အားလုံးကြည့်ရအောင် တင်ပေးထားလိုက်ပါတယ်...
To download, go to
http://video.google.com/videoplay?docid=-4166091700178426915
Posted by
Gu Gu
at
2:25 PM
0
comments
Labels: Multimedia
A Phyu Yaung Thit Sar (MTV)
အဖြူရောင်သစ္စာကမ္ဘာ ဆိုတဲ့ ဗီဒီယိုကားထဲက ဇာတ်ဝင်သီချင်းလေးကို ကြိုက်လို့ နောက်ဆုံးခန်းလေးကို လိုသလိုပြန်ဖြတ်ပြီး တင်ပေးထားပါတယ်... MTV လိုပုံလေးပေါ့... ကျေးလက်က ကလေးသူငယ်တွေရဲ့ ပုံလေးတွေကိုလဲ အလွမ်းပြေ မြင်ရတွေ့ရတာပေါ့ဗျာ... ကျေးလက်ရဲ့ အငွေ့အသက်လေးတွေကိုလဲ ခံစားလို့ရတာပေါ့ဗျာ...
To download, go to http://video.google.com/videoplay?docid=-1348296048023790149&hl=en.
Posted by
Gu Gu
at
2:02 PM
4
comments
Labels: Multimedia
Friday, April 27, 2007
Lay Phyu - Htar Kel Own
လေးဖြူ - ထားခဲ့ဦး
အချစ်စစ်ဖြစ်ခဲ့လဲပဲ.. ဘ၀သစ်ထပ်စဖို့ရာ...
မဖြစ်တော့ဘူး.. တံတိုင်းတွေ တစ်ယောက်တစ်ဖက်ခြား...
အတူရှိခွင့်ရတဲ့အချိန်များ.. နောက်ထပ်ရှေ့ဆက်ဖို့ရာ...
မဖြစ်တော့ဘူး.. အပြစ်တွေတို့နှစ်ယောက်ကြား...
ဘယ်လိုနည်းနဲ့မှ.. ပေါင်းစပ်ခွင့်မရှိမှန်း...
သေချာခဲ့တဲ့နောက်...
မင်းငါ့ကိုချန်ရစ်ပြီးသွားတော့.. အားလုံးအမှားများအောက်...
နောက်မကျသေးခင်...
( ထားခဲ့ဦး.. ထားခဲ့ဦး.. ထားခဲ့ဦး..
မင်းနဲ့အဝေးဆုံးမှာ...
ထားခဲ့ဦး.. ထားခဲ့ဦး..
မဆုံတဲ့ တစ်ယောက်တစ်နေရာ...
ထားခဲ့ဦး.. ထားခဲ့ဦး.. ထားခဲ့ဦး..
အိပ်မက်ဟောင်းတစ်ခုစာ...
ထားခဲ့ဦး.. ထားခဲ့ဦး..
ငါတို့ တစ်ယောက်တစ်နေရာ... )
အနီးဆုံးကျောခြင်းကပ်ရင်း.. အကြီးဆုံးပေးဆပ်ခြင်းတွေ...
မရှိတော့ဘူး.. ထပ်ပြီး ငါတို့နှစ်ယောက်ကြား...
တားမြစ်ခဲ့တဲ့ အဆိပ်သီး.. အရူးအမူးခူးဆွတ်ဖို့ရာ...
မဖြစ်တော့ဘူး.. ဆူးတွေ တို့နှစ်ယောက်ကြား...
အရင်တစ်ချိန်က ငါ့ဘ၀.. နောက်တစ်ခေါက်ရနိုင်ရင်...
ပြန်စမယ် အရာရာ ငါလေမင်းနဲ့...
အစကထဲကအဆုံး.. ရှူံးနှိမ့်မဲ့ဇာတ်လမ်း...
အခုတော့.. တစ်ခန်းရပ်...
( ထားခဲ့ဦး.. ထားခဲ့ဦး.. ထားခဲ့ဦး..
မင်းနဲ့အဝေးဆုံးမှာ...
ထားခဲ့ဦး.. ထားခဲ့ဦး..
မဆုံတဲ့ တစ်ယောက်တစ်နေရာ...
ထားခဲ့ဦး.. ထားခဲ့ဦး.. ထားခဲ့ဦး..
အိပ်မက်ဟောင်းတစ်ခုစာ...
ထားခဲ့ဦး.. ထားခဲ့ဦး..
ငါတို့ ဝေး... )
ဘယ်လိုနည်းနဲ့မှ.. ပေါင်းစပ်ခွင့်မရှိမှန်း...
သေချာခဲ့တဲ့နောက်...
ချန်ရစ်ပြီးသွားတော့.. အားလုံးအမှားများအောက်...
( ထားခဲ့ဦး.. ထားခဲ့ဦး.. ထားခဲ့ဦး..
မင်းနဲ့အဝေးဆုံးမှာ...
ထားခဲ့ဦး.. ထားခဲ့ဦး..
မဆုံတဲ့ တစ်ယောက်တစ်နေရာ...
ထားခဲ့ဦး.. ထားခဲ့ဦး.. ထားခဲ့ဦး..
အိပ်မက်ဟောင်းတစ်ခုစာ...
ထားခဲ့ဦး.. ထားခဲ့ဦး..
ငါတို့ တစ်ယောက်တစ်နေရာ... )
Posted by
Gu Gu
at
5:09 PM
2
comments
Labels: Multimedia
Saturday, April 14, 2007
Lay Phyu - Min Ma Min (From Ka Na Lay Myar album)
လေးဖြူ - မင်းမှမင်းပဲ
ရေထဲနစ်သူမှာ ဆက်ပြီးအသက်ရှင်စရာ
လေကိုသာရှိုက်သွင်းဖို့ ဆာလောင်လိုအပ်သလိုမျိုး
ငါ့ဘ၀အသိစိတ်တစ်ခုလုံး မင်းအချစ်ငတ်မွတ်နေတုံး
အခုထက်ထိငါ...
စားဖို့မရှိတော့လို့ ခိုးဝှက်ရသူလို
မင်းကိုလေငါချစ်ခဲ့ ထိန်းချုပ်မရဘူးကွယ်
မျက်စိကန်းတဲ့သူတစ်ယောက် ကမ္ဘာတစ်ပတ်လမ်းလျှောက်ခက်သလို
ဒုက္ခတွေရောက်...
(မင်းမှမင်းပဲ.. မင်းမှမင်းပဲ.. မင်းတစ်ယောက်ထဲ...
မင်းမှမင်းပဲ.. မင်းမှမင်းပဲ.. မင်းတစ်ယောက်ထဲ... မင်းပဲ...)
မင်းစိတ်နဲ့ခန္ဓာ အရူးမီးဝိုင်းသလိုငါ
လိုချင်တဲ့တောင်းဆု ဆန္ဒပြု
မင်းကလွဲပြီးရင်အခု ဘာမှလဲမရချင်ဘူး
မရချင်ဘူး...
(မင်းမှမင်းပဲ.. မင်းမှမင်းပဲ.. မင်းတစ်ယောက်ထဲ...
မင်းမှမင်းပဲ.. မင်းမှမင်းပဲ.. မင်းတစ်ယောက်ထဲ... မင်းပဲ...)
... ဆူးတွေနဲ့ လမ်းမှာလဲ ဓါးတွေခင်းထားပေမဲ့ မင်းဆီအရောက်လျှောက်နေဆဲ...
... ခြေထောက်ပေါက်ပြဲ သွေးတွေရဲ မိုးကလဲ သဲနေခဲ့ လမ်းလျှောက်ရင်း လမ်းပျောက်ဆဲ...
... ငါ့တစ်ယောက်ထဲ...
(မင်းမှမင်းပဲ.. မင်းမှမင်းပဲ.. မင်းတစ်ယောက်ထဲ...
မင်းမှမင်းပဲ.. မင်းမှမင်းပဲ.. မင်းတစ်ယောက်ထဲ...
မင်းမှမင်းပဲ.. မင်းမှမင်းပဲ.. မင်း..မင်း.. မင်းပဲ...)
Posted by
Gu Gu
at
3:27 PM
1 comments
Labels: Multimedia