Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Wednesday, December 05, 2007

Magnetic North - Drift Away

ဒီနေ့အတွက် တစ်ကယ်လုပ်ဖို့ စဉ်းစားမိတာက တောင်ကြီး၊ အင်းလေး မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေပါ... ရှိသမျှ hard drive တွေထဲ ဘယ်လိုမှ ပြန်ရှာလို့ မတွေ့နိုင်တော့တဲ့ ဓါတ်ပုံတွေကြောင့် စိတ်ပျက်လက်ပျက်နဲ့ ဟိုဒီလျှောက်တွေးမိတော့ Wong Fu Productions က ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ့ YouTube ပေါ်က MTV လေးကို သွားသတိရမိတယ်... လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကြည့်ခဲ့ဖူးတဲ့ MTV လေးပါပဲ... UC San Diego (UCSD) က ကျောင်းသားတွေ ကိုယ်တိုင်ရိုက်ပြီး တင်ခဲ့တာပါ... သီချင်းလေးက ကောင်းသလို သူတို့တွေရဲ့ စိတ်ကူးစိတ်သန်းလေးတွေ၊ ကြိုးစား အားထုတ်မှုလေး တွေကိုလဲ လေးစား အားကျမိခဲ့တယ်...

ပထမ MTV ကတော့ လွန်ခဲ့တဲ့တစ်နှစ်လောက်က ရိုက်ကူးတင်ဆက်ထားတဲ့ MTV လေးပါပဲ... တော်တော်လေးကို ကောင်းတာမို့ သူငယ်ချင်းတွေ အားလုံး ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်...




Wong Fu Productions က MTV လေးတွေကို စပြီး သတိထားမိတာကတော့ Jason Mraz ရဲ့ I'm Yours ဆိုတဲ့ သီချင်းလေးကို MTV ပုံ သူတို့ အိုင်ဒီယာလေးနဲ့ ပြန်ရိုက်ထားတဲ့ ဒီ MTV လေး ပါပဲ...


No comments: