Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Sunday, December 02, 2007

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

ထုံးစံအတိုင်းပါပဲ... ကျနော့်ရဲ့ လုပ်မယ်လို့ စိတ်ကူးထားပြီး မလုပ်ဖြစ်သေးတဲ့ အလုပ်တွေထဲက တစ်ခုပေါ့... ကြာခဲ့ပါပြီ... Native Myanmar က ကိုမင်းအို က ကျနော်လိုချင်တယ်ဆိုလို့ တကူးတက scan လုပ်ပြီး ကျနော့်ဆီ ရောက်အောင် ပို့ပေးခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပုံတူ ပန်းချီကားပါ...

ပိတောက်ပွင့်သစ် မဂ္ဂဇင်း ကနေ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် အနေနဲ့ ပန်းချီဝသုန် ရဲ့ လက်ရာကို မဂ္ဂဇင်းစာမျက်နှာ အဖြစ်နဲ့ ထုတ်ဝေတာ ဖြစ်တယ်လို့ သိရပါတယ်... အချိန်ကတော့ June လ ၂၀၀၇ ခုနှစ် ဝန်းကျင် လောက်မှာ ဖြစ်မယ်လို့ ထင်ပါတယ်...

အခုတော့ ဘလော့ဂ်ကို လာလည်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေပါ အမှတ်တရ သိမ်းထားနိုင်အောင် တင်ပေးလိုက်ပါတယ်... ပန်းချီဝသုန် ရဲ့ လက်ရာဖြစ်တာမို့ မူလ ပန်းချီအနုပညာရှင် ကိုလဲ သင့်လျှော်သလို ဒီပုံလေးနဲ့ တွဲပြီး ဖေါ်ပြပေးဖို့ လေးစားစွာနဲ့ တောင်းဆိုချင်ပါတယ်...

Download Link: Thakin Kodaw Hmaing (692KB)

No comments: