Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Saturday, December 01, 2007

Under The River Kwai Bridge

ဂျပန်ခေတ်က သေမင်းတမန် မီးရထားလမ်း ဆိုတာလေးကို ကြားဖူးကြမှာပေါ့... ထိုင်းနဲ့ မြန်မာပြည်ကို တောက်လျှောက် ဆက်သွယ်မဲ့ မီးရထားလမ်းရှည်ကြီးပါပဲ... အသက်ပေါင်းများစွာနဲ့ ရင်းပြီး ခက်ခက်ခဲခဲ ဆောက်လုပ်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်တုန်းက သမိုင်းဝင် မီးရထားလမ်းကြီး... ငယ်စဉ် ကလေးဘဝထဲက ဂျပန်ခေတ်ကို ကောင်းကောင်းမှီခဲ့တဲ့ အဖွားက ပုံပြင်လေးတစ်ပုဒ်လို အမြဲ ပြောပြခဲ့တာမို့ ရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေခဲ့တဲ့ ကွေ့မြစ်ပေါ်က တံတားပေါ့... ဒီမီးရထားလမ်းရဲ့ သမိုင်းကို ပိုပြီး စိတ်ဝင်စားခဲ့ရတဲ့ အကြောင်းတွေထဲမှာ အဖိုးဖြစ်သူဟာ ဒီတံတားဆောက်ဖို့ ဂျပန်တွေ ခေါ်သွားတဲ့ အရပ်သားတွေထဲမှာ ပါသွားခဲ့ပြီး.. နောက် ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ မိသားစု ရာဇဝင်လေးကလဲ တစ်ခု အပါအဝင်ပေါ့လေ...


Under The River Kwai Bridge
Originally uploaded by DanielKHC.


ဒီလိုနဲ့ပဲ ကွေ့မြစ်ပေါ်က တံတားနဲ့ ပတ်သက်တာလေးတွေကို လိုက်ရှာမိခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ တစ်ပတ်ကလဲ The Bridge on the River Kwai ဆိုတဲ့ classic ရုပ်ရှင်လေး တီဗီအစီအစဉ်မှာ လာတုန်း ကြည့်ဖြစ်လိုက်ပြီးနောက်မှာ ဒီအကြောင်းလေးကို ပိုပြီး စိတ်ဝင်စားလာခဲ့ရတယ်... Torrent ပေါ်မှာလဲ National Geographic က အဲဒီ မီးရထားလမ်းနဲ့ ပတ်သက်တဲ့ သုသေသန ဗီဒီယိုဖိုင်လေးကိုလဲ မရမက ရှာပြီး ကြည့်ဖြစ်ခဲ့တယ်... မနေ့ကတော့ flickr ပေါ်မှာ ဓါတ်ပုံလေးတွေကို ထုံးစံအတိုင်း လျှောက်ကြည့်နေရင်း ဓါတ်ပုံဆရာ DanielKHC ရဲ့ ကွေ့မြစ်တံတားအောက် ဆိုတဲ့ ဓါတ်ပုံလေးကို သွားရှာတွေ့လာခဲ့တယ်... အခုတော့လဲ တံတားလေးရယ်၊ မီးရထားလမ်းလေးရယ်ဟာ သူ့ဟာနဲ့သူ အေးအေးငြိမ်းငြိမ်းလေးနဲ့... ဓါတ်ပုံဆရာကလဲ တော်တော့ ရင်ထဲ အေးသွားလောက်အောင်ကို ကြည့်လို့ လှနေပါရော...

အခွင့်အရေးလေးများ ရခဲ့ရင် ကွေ့မြစ်ပေါ်က တံတားလေးဆီကို အလည်တစ်ခေါက်လောက် သွားမယ်လို့ စိတ်ကူးလေးယဉ်နေမိရင်းနဲ့ပဲ.....

No comments: