Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Friday, February 08, 2008

အငဲ - ပျောက်ဆုံးသွားတဲ့

Artist: A Nge

နူးညံ့တဲ့ အချစ်တို့နဲ့ ရေးဖွဲ့ခဲ့ ဘဝလေး
ငါ ပြန်မရတဲ့ အခုလို အချိန် အလွမ်းတွေဟာ လှိုင်းထန်တယ်
သတိရတိုင်း ငါ့ရဲ့နဘေး မင်းရှိမလား ရှာမိ
ဘယ်ဆီပြေးပုန်း ဟို တစ်ချိန်က မင်း မျက်လုံး မင်းရဲ့ အပြုံး

မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များက
ခွဲခွာခြင်း တစ်နေ့ကို ကြုံလာခဲ့ပေါ့
မေ့မရသော အတိတ်က တို့နှစ်ယောက် အမှတ်တရ
မင်း နှုတ်ခမ်းဖျားက အပြာရောင် မနက်ခင်းတွေ
ငါ ပြန်လည် တမ်းတရင်း .. ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ

အစီးအနင်း များလွန်းတဲ့ နက္ခတ်ဆိုး တွေကြား
ရိုးသားခြင်းနဲ့ ဘဝကို ပုံခဲ့တယ်
ငါဟာ သိုးမည်း တစ်ယောက်ပါ
စိတ်ဓါတ်ကျလွန်းတဲ့ ငါ့ရဲ့ နေ့တွေထဲ
မင်းရှိနေရင် အားအင်တစ်ခုပဲကွာ
ငါလေ တမ်းတမိတယ်

မဆုံးတဲ့ အနမ်း မဆုံးတဲ့ ခရီး
မဆုံးတဲ့ အချစ် ဘယ်မလဲ
အို အခုတော့ ငါ့ တစ်ယောက်တည်း
အထီးကျန်လွန်း ဘယ်လို ရပ်တည်မယ်

မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များထဲ
ခွဲခွာဖို့ အကြောင်းက ကြုံလာခဲ့ပေါ့
ကြေကွဲစရာ အဖြစ် အပျက်တို့ မေ့ဖို့ ကြိုးစား
မင်း မရှိတော့တဲ့ အလွမ်းနေ့ ကွင်းပြင်ထဲ
ပြေလည်ရာ လမ်းကိုရွေး ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ

အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါ လျှောက်လှမ်းဖို့ ဘယ်သူ အလင်းပြပါ့မယ်
အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါ လျှောက်လှမ်းဖို့ တကယ်ကို အလင်းရောင် လိုတယ်

အစီးနင်းများလွန်းတဲ့ နက္ခတ်ဆိုးကြားမှာ
အရိုးသားဆုံး စိတ်နဲ့ ငါ့ဘဝကို ပုံအပ်
သိုးမည်း တစ်ယောက်လို ငါပါ
စိတ်အားငယ်နေချိန် ဒီလို နေ့များမှာ
မင်းလေးပဲ ငါ တကယ် တမ်းတနေတယ် အချစ်ရယ်

မိုးလင်းတိုင်း ငါ့ နဘေးနား မင်း မရှိဘူး လေ

(Download the lyrics with guitar cords)

No comments: