Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!
Showing posts with label ဟိုဟိုဒီဒီ စိတ်ကူးများ. Show all posts
Showing posts with label ဟိုဟိုဒီဒီ စိတ်ကူးများ. Show all posts

Wednesday, May 07, 2008

မုန်တိုင်းကြားက မျက်နှာများ

ဘလော့ဂ် ဝင်မရေးဖြစ်တာ တော်တော်ကြာသွားတယ်... အလုပ်တွေ များနေတာက တစ်ကြောင်း.. အခုနောက်ပိုင်း ဓါတ်ပုံနဲ့ ပတ်သက်တာတွေ လိုက်ဖတ်ပြီး အချိန်နည်းသွားတာက တစ်ကြောင်းမို့ ဘလော့ဂ်ကို လာလာလည်ကြတဲ့ သူငယ်ချင်းတွေကိုတောင် အချိန်မှီ စီဘောက်စ်မှာ စာမပြန်ဖြစ်ခဲ့ဘူး...

မနေ့က စပြီး သတင်းတွေ တခုပြီး တခုကြားလာရတယ်... ဖတ်လာရတယ်... မုန်တိုင်းရဲ့ နောက်ဆက်တွဲ သတင်းတွေ... သေဆုံးသူ ဦးရေကလဲ တဖြည်းဖြည်းနဲ့ များလာတယ်... ကြားရတာ မြင်ရတာတွေအတွက် စိတ်မကောင်းဘူး... ရင်ထဲမှာလဲ ဟာတာတာနဲ့... ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး...

တစ်ခုပဲ တွေးနေမိတယ်... ၄၈ နာရီ ဆိုတဲ့ အချိန်ကို တာဝန်ရှိသူတွေက အကျိုးရှိရှိ အသုံးချခဲ့မယ်ဆိုရင် ဒီလောက် အသေအပျောက် များခဲ့မယ်လို့ မထင်ဘူး... အခုလဲ တချို့ အသက်ရှင်ကျန်ခဲ့တဲ့ ဒုက္ခသည်တွေ အတွက် အချိန်တွေ ရှိနေပါသေးတယ်... လုပ်သင့်တာတွေ မြန်မြန် လုပ်ကြဖို့ပဲလိုတယ်... ကယ်ဆယ်ရေး လုပ်ငန်းတွေကို မြန်မြန်လုပ်ဖြစ်ကြပါစေ အချိန်မှီနိုင်ကြပါစေ လိုပဲ စိတ်ထဲ ကြိတ်ဆုတောင်းနေမိတယ်ဗျာ...

အဲဒီ မုန်တိုင်းကျခဲ့တဲ့ နေ့က မြန်မာပြည်သူလူထု တချို့ရဲ့ မျက်နှာတွေကို စိတ်ကူးထဲမှာ ခဏခဏ မြင်ယောင်နေမိတယ်...

Read More...

Tuesday, February 12, 2008

အောင်ဆန်းဇာနည်

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။

(ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို ဒီမှာလဲ ဆက်ဖတ်နိုင်ပါတယ်...)

Read More...

Saturday, January 26, 2008

Anatomy of my brain

လွန်ခဲ့တဲ့ တစ်နာရီလောက်က ကိုယ့်ခေါင်းထဲမှာ ဘာတွေ တွေးနေလဲ ဆိုတာကို တစ်စချင်းစီ ပြန်ဆွဲထုတ်ပြီး ချရေးကြည့်လိုက်တယ်... မြင်တဲ့အတိုင်းပါပဲ...


မိုးတွေကလဲ ရွာမလိုလိုနဲ့..
ဒီနေ့တော့ ဓါတ်ပုံ ထွက်မရိုက်နိုင်တော့ဘူး ထင်ပါတယ်...

Canon EF 70-200mm f/4 L USM တဲ့..
တော်တော်ကို ကောင်းတဲ့ မှန်ဘီလူးပဲ...
ဒီကောင်နဲ့ ဆိုရင်တော့ Portrait တွေ ရိုက်မယ်ဆို ရှယ်ပဲ...

အာ... ဒီနေ့ကျမှ ဒီ server က ဘာတွေ ကြောင်နေလဲ မသိ...
Run သမျှတွေ အကုန် error ဖြစ်နေပြီ..
စိတ်လေတယ်... ပြန်လုပ်ရဦးမယ်...

ဒီ ကောင်မလေး.. ဘယ်ကိုရောက်နေလဲ မသိ..
အင်း.. ဒီအချိန်လောက်ဆို အိပ်နေရောပေါ့...
သတိရလိုက်တာ...

ဒီနေ့ ဟိုကောင် တစ်မတ်စေ့ ရဲ့ မွေးနေ့ပဲ... ဖုန်းခေါ်လိုက်ဦးမှ...
သွားကြီးက ခုနကတင် ဖုန်းခေါ် သတိပေးထားတာ..
ငါကလဲ ခပ်မေ့မေ့ရယ်...

ဗိုက်ကလဲ ဆာသလိုလို.. နာသလိုလိုပဲ...
မုန့်လေး တစ်ခုခု သွားရှာပြီး ကိုက်လိုက်ဦးမှ...

အင်း... ဒီ ကလေးလေးရဲ့ ပုံကို ဘယ်လို ပြင်ရင်.. ကောင်းပါ့...
မနေ့ကတော့ ပုံကို ပြင်တာတွေ များပြီး နဂို ကောင်းတာလေးတွေပါ ပျက်ကုန်ရော...
ထပ်စမ်းကြည့်တာပေါ့...

ဘိုးတော် ခိုင်းထားတာ အခုထိ မလုပ်ရသေးပါလား...
တော်ကြာနေ ဂွမ်တော့မယ်... လုပ်မယ်ဆိုပြီး မေ့နေတာ နှစ်ပတ်လောက်တောင် ရှိနေပြီ... ဒွတ်ခ...
အိမ်ခန်းလဲ ရှင်းရဦးမယ်... ရှင်းမယ် ရှင်းမယ်နဲ့.. တော်တော်ကို ကြာနေပြီ... အမေကတော့ နင့်ကြွက်သိုက်ကို နင့်ဖာသာရှင်းတဲ့...

အိမ်မှာပဲ မီးတွေနဲ့ အလင်းအမှောင် ကစားပြီး.. ဓါတ်ပုံ စမ်းရိုက်ရင် ကောင်းမလား???

ကွန်ပြူတာထဲက ဓါတ်ပုံတွေလဲ သေချာ ပြန်သိမ်းရဦးမယ်... backup လဲ လုပ်ထားဦးမှ...
တော်ကြာနေ အကုန် ပျောက်ကုန်မှ ဒွတ်ခ...

Vacation ယူလိုက်ရင် ကောင်းမယ်ထင်တယ်... လူလဲ ဒီလိုပဲ ပုံမှန် လည်ပတ်နေရတာကို ငြီးငွေ့လာပြီ...

အားပါး... မေ့နေလိုက်တာ...
တနင်္လာနေ့ကျရင် training schedule ကိစ္စ ဖုန်းခေါ်မှ ထင်တယ်...
မဟုတ်ရင် အကုန် နောက်ကျကုန်တော့မယ်...

ဖုန်း၊ လျှပ်စစ်၊ ဂက်စ် ဘီလ် တွေလဲ ပေးရဦးမယ်...
မနေ့ကမှ အီးမေးလ်ရတယ်... ကုန်ပေါက်ချည့်ပဲ...

ခဏနေရင် ဖုန်းလာမလား မသိ...
အင်း... လာမယ်တော့ မထင်ပါဘူး...
ခုန အဒေါ်က ဖုန်းခေါ်ထားတာ...
အခုမှ သတိရတယ်... ဘွားတော်ကို ပြောပြရဦးမယ်...

Velvia plugin for Photoshop CS3 အကြောင်းလေး ဘလော့မှာ ရေးတင်ရင် ကောင်းမလား???

နားတစ်ဖက်က ဘာဖြစ်နေမှန်းမသိ.. လေတွေ ထွက်နေ သလိုလို... နောက်မှပဲ ဆရာဝန်ဆီ သွားတော့မယ်...

ဂျီတော့မှာလဲ တစ်ယောက်မှ မရှိပါလား... ဒီမှာက နေ့.. ဟိုတစ်ဖက်မှာက ည...

??????? ??????? ???????
??????? ??????? ???????

Read More...

Friday, December 28, 2007

Explosive Mood

ဒီနေ့တော့ မနက်ပိုင်း အလုပ်အသွား ကားမောင်းနေတုန်း ရေဒီယိုမှာ Foo Fighters ရဲ့ Pretender သီချင်းလေး ဝင်လာတယ်... ကြည့်ခဲ့ဖူးတဲ့ MTV လေးကိုလဲ သွားသတိရလာမိတယ်... ဘာရယ်တော့ မဟုတ်.. MTV ထဲက ရိုက်ကွက်လေးတွေကို အရမ်း သဘောကျခဲ့တယ်... စိတ်ထဲမှာ အလိုလိုနေရင်း.. အားလုံးကို တော်လှန်ပုံကန် ချင်တဲ့ စိတ်တွေ ပေါက်နေတယ်... အင်း.. ထပ်ပြီး ပေါက်ကွဲလိုက်ဦးမယ်ဗျာ...


Read More...

Sunday, December 02, 2007

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

ထုံးစံအတိုင်းပါပဲ... ကျနော့်ရဲ့ လုပ်မယ်လို့ စိတ်ကူးထားပြီး မလုပ်ဖြစ်သေးတဲ့ အလုပ်တွေထဲက တစ်ခုပေါ့... ကြာခဲ့ပါပြီ... Native Myanmar က ကိုမင်းအို က ကျနော်လိုချင်တယ်ဆိုလို့ တကူးတက scan လုပ်ပြီး ကျနော့်ဆီ ရောက်အောင် ပို့ပေးခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပုံတူ ပန်းချီကားပါ...

ပိတောက်ပွင့်သစ် မဂ္ဂဇင်း ကနေ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် အနေနဲ့ ပန်းချီဝသုန် ရဲ့ လက်ရာကို မဂ္ဂဇင်းစာမျက်နှာ အဖြစ်နဲ့ ထုတ်ဝေတာ ဖြစ်တယ်လို့ သိရပါတယ်... အချိန်ကတော့ June လ ၂၀၀၇ ခုနှစ် ဝန်းကျင် လောက်မှာ ဖြစ်မယ်လို့ ထင်ပါတယ်...

အခုတော့ ဘလော့ဂ်ကို လာလည်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေပါ အမှတ်တရ သိမ်းထားနိုင်အောင် တင်ပေးလိုက်ပါတယ်... ပန်းချီဝသုန် ရဲ့ လက်ရာဖြစ်တာမို့ မူလ ပန်းချီအနုပညာရှင် ကိုလဲ သင့်လျှော်သလို ဒီပုံလေးနဲ့ တွဲပြီး ဖေါ်ပြပေးဖို့ လေးစားစွာနဲ့ တောင်းဆိုချင်ပါတယ်...

Download Link: Thakin Kodaw Hmaing (692KB)

Read More...

Saturday, December 01, 2007

Under The River Kwai Bridge

ဂျပန်ခေတ်က သေမင်းတမန် မီးရထားလမ်း ဆိုတာလေးကို ကြားဖူးကြမှာပေါ့... ထိုင်းနဲ့ မြန်မာပြည်ကို တောက်လျှောက် ဆက်သွယ်မဲ့ မီးရထားလမ်းရှည်ကြီးပါပဲ... အသက်ပေါင်းများစွာနဲ့ ရင်းပြီး ခက်ခက်ခဲခဲ ဆောက်လုပ်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်တုန်းက သမိုင်းဝင် မီးရထားလမ်းကြီး... ငယ်စဉ် ကလေးဘဝထဲက ဂျပန်ခေတ်ကို ကောင်းကောင်းမှီခဲ့တဲ့ အဖွားက ပုံပြင်လေးတစ်ပုဒ်လို အမြဲ ပြောပြခဲ့တာမို့ ရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေခဲ့တဲ့ ကွေ့မြစ်ပေါ်က တံတားပေါ့... ဒီမီးရထားလမ်းရဲ့ သမိုင်းကို ပိုပြီး စိတ်ဝင်စားခဲ့ရတဲ့ အကြောင်းတွေထဲမှာ အဖိုးဖြစ်သူဟာ ဒီတံတားဆောက်ဖို့ ဂျပန်တွေ ခေါ်သွားတဲ့ အရပ်သားတွေထဲမှာ ပါသွားခဲ့ပြီး.. နောက် ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ မိသားစု ရာဇဝင်လေးကလဲ တစ်ခု အပါအဝင်ပေါ့လေ...


Under The River Kwai Bridge
Originally uploaded by DanielKHC.


ဒီလိုနဲ့ပဲ ကွေ့မြစ်ပေါ်က တံတားနဲ့ ပတ်သက်တာလေးတွေကို လိုက်ရှာမိခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ တစ်ပတ်ကလဲ The Bridge on the River Kwai ဆိုတဲ့ classic ရုပ်ရှင်လေး တီဗီအစီအစဉ်မှာ လာတုန်း ကြည့်ဖြစ်လိုက်ပြီးနောက်မှာ ဒီအကြောင်းလေးကို ပိုပြီး စိတ်ဝင်စားလာခဲ့ရတယ်... Torrent ပေါ်မှာလဲ National Geographic က အဲဒီ မီးရထားလမ်းနဲ့ ပတ်သက်တဲ့ သုသေသန ဗီဒီယိုဖိုင်လေးကိုလဲ မရမက ရှာပြီး ကြည့်ဖြစ်ခဲ့တယ်... မနေ့ကတော့ flickr ပေါ်မှာ ဓါတ်ပုံလေးတွေကို ထုံးစံအတိုင်း လျှောက်ကြည့်နေရင်း ဓါတ်ပုံဆရာ DanielKHC ရဲ့ ကွေ့မြစ်တံတားအောက် ဆိုတဲ့ ဓါတ်ပုံလေးကို သွားရှာတွေ့လာခဲ့တယ်... အခုတော့လဲ တံတားလေးရယ်၊ မီးရထားလမ်းလေးရယ်ဟာ သူ့ဟာနဲ့သူ အေးအေးငြိမ်းငြိမ်းလေးနဲ့... ဓါတ်ပုံဆရာကလဲ တော်တော့ ရင်ထဲ အေးသွားလောက်အောင်ကို ကြည့်လို့ လှနေပါရော...

အခွင့်အရေးလေးများ ရခဲ့ရင် ကွေ့မြစ်ပေါ်က တံတားလေးဆီကို အလည်တစ်ခေါက်လောက် သွားမယ်လို့ စိတ်ကူးလေးယဉ်နေမိရင်းနဲ့ပဲ.....

Read More...

ရှေးဟောင်းနှောင်းဖြစ်

မနေ့ညက မတွေ့ရတာ အတော်ကြာပြီဖြစ်တဲ့ ညီငယ်နဲ့ GTalk မှာတွေ့ ဖြစ်ခဲ့တယ်... ညီတစ်ဝမ်းကွဲ ဆိုပေမဲ့လဲ တစ်ကယ့်ကို ညီအစ်ကို အရင်းတွေလိုပဲ ငယ်ငယ်ထဲက ခင်မင်ရင်းနှီးလာကြတာလေ... တစ်နှစ်ကြီး တစ်နှစ်ငယ်တွေလဲ ဖြစ်နေတော့ ရွယ်တူတွေလိုပဲ ဖြစ်နေကြတာပေါ့... ပထမကတော့ GTalk မှာပဲ chat လုပ်နေရာကနေ.. နောက် ပြောရတာ အားမရလို့ GTalk မှာ voice သုံးပြီး ပြောကြပါလေရော...

ဒီနေ့တော့ မနေ့က ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေကို ပြန်တွေးပြီး မှတ်မိနေတုန်းလေး ချရေးထားဦးမှပါပဲလို့ အကြံတစ်ခုရလာတယ်... တစ်ချိန်မှာ ဒီအကြောင်းအရာလေးတွေကို သေသေချာချာ ပြန်တွေးပြီး ရေးမလားလို့လဲ စိတ်ကူးရမိတယ်...

ပြောဖြစ်ခဲ့တာလေးတွေက...

  • ရှေးတုန်းက ဓါတ်ပုံဟောင်းတွေ အကြောင်းကို အဓိက ပြောဖြစ်ကြတယ်... နှစ်ယောက်လုံးက ဟိုးအရင်တုန်းက အဖြူအမဲ ဓါတ်ပုံဟောင်းလေးတွေကို ရှာရှာဖွေဖွေ ကြည့်ရတာ စိတ်ဝင်စားကြတယ်လေ... မန္တလေး နန်းတော်ထဲမှာ ဒီလိုမျိုး အင်္ဂလိပ်ခေတ် ပုံဟောင်းတွေ ရှိတဲ့ အကြောင်း၊ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရှေးဟောင်းဓါတ်ပုံတစ်ခုကို ပြင်သစ်နိုင်ငံတော် စာကြည့်တိုက်က ဝယ်ယူသွားတဲ့ အကြောင်း၊ သူများအိမ် အလည်သွားတဲ့အခါမှာ အဖြူအမဲ ရှေးဟောင်းဓါတ်ပုံလေးတွေ ချိတ်ထားတာတွေ့ရင် လိုက်ကြည့်ဖြစ်တဲ့ အကြောင်းတွေကို ပြောဖြစ်ကြတယ်...
  • နောက်တစ်ခုကတော့ မြန်မာပြည်ရဲ့ ရှားရှားပါးပါးနဲ့ လူသူ အရောက်အပေါက်နည်းပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ နေရာလေးတွေ၊ ပုဂံက အရပ်အရှည်ကြီးနဲ့ ထူခြားတဲ့ ဒေါ်ဇီးကွက်စိန်၊ အသက် ၇၀ ရှိနေပြီး တစ်သက်လုံး သေးလုံးဝမပေါက်ဖူးဆိုတဲ့ အမယ်အို တစ်ယောက်၊ စသည်ဖြင့် ပြောကြရင်း ချက်ချင်းထသွားချင်စိတ်တွေတောင် ပေါက်လာခဲ့ရတယ်...
ဒီတစ်ခေါက် ပြန်ရင်တော့ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးတွေ ရှာကြံပြီး လိုက်ကြည့်ဦးမှပါပဲလို့ တွေးမိတယ်... ကိုယ့်အကြောင်းကိုယ် သိနေတော့လဲ သိပ်တော့ မပြောရဲသေးဘူး... ကိုယ်တိုင်က အမြဲဆို တောင်သွားမယ် ကြံပြီး ပြောပြီးရင် မြောက်ရောက်ချင် ရောက်နေ တတ်တာမျိုးလေ... သေချာတာကတော့ အိမ်မှာ သိမ်းထားတဲ့ ဓါတ်ပုံဟောင်းလေးတွေကို သေချာ အယ်လ်ဘမ်လေးတစ်ခုနဲ့ ပြန်ထဲ့ထားဖို့ စိတ်ကူးလေး ရလိုက်မိတယ်...

Update: တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ထားဝယ်သားရဲ့ ဘလော့ဂ် ကို ရောက်ဖြစ်တော့ ၈၈ ခုနှစ်တုံးက ဓါတ်ပုံဟောင်းလေးတွေကို သူ့ရဲ့ ပို့စ်တစ်ခုမှာ တွေ့ခဲ့ရတယ်... စိတ်ဝင်စားသူတွေ သွားကြည့်နိုင်အောင် လင့်ခ်ပြန်လာ ရေးပေးလိုက်ပါတယ်...

Read More...

Wednesday, November 28, 2007

လူဇီးကွက်

လူဇီးကွက် ဆိုတဲ့ ဗီဒီယိုကားလေး မထင်မှတ်ပဲ ဒီနေ့ ကြည့်ဖြစ်သွားတယ်... နေ့ဖက်မှာ အမြဲအိပ်နေတတ်ပြီး ညဖက်ကျမှ သက်ဝင်လှုပ်ရှားလာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက် အကြောင်းကို ဇာတ်လမ်းဖွဲ့ထားတဲ့ ဇာတ်ကားလေးပါပဲ... ဒွေး နဲ့ စိုးမြတ်နန္ဒာ တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ...

ဇာတ်လမ်းလေး အပြီးမှာ ကိုယ့်ကိုကိုယ် ပြန်တွေးနေမိတယ်... ငါလဲပဲ တစ်ဖြေးဖြေးနဲ့ လူဇီးကွက် ဖြစ်နေပြီလား ဆိုတာကို... ည ည ဆို ၂ နာရီ ကျော်မှပဲ အိပ်ဖြစ်တာ နှစ်နဲ့ချီပြီးတော့တောင် ရှိခဲ့ပြီလေ... မနက်ဆိုရင်တော့ အမြဲအိပ်ရာထ နောက်ကျနေကျ ပုံမှန်ပါပဲ... တော်သေးရဲ့... အလုပ်က စောစောသွားစရာမလိုတဲ့ အလုပ်မျိုးမို့သာပေါ့... မဟုတ်ရင် လူဇီးကွက်လဲ ထမင်းအိုးကွဲပြီး ငတ်တာကြာပေါ့...

ည ည ဘာဖြစ်လို့ မအိပ်တာလဲ ဆိုတာကို ထပ်တွေးနေမိရင်း ဒီနေ့လဲ ၂ နာရီ ကျော်မှပဲ အိပ်ဖြစ်တော့မှာ သေချာနေပါပြီ...

Read More...

Tuesday, November 27, 2007

ရေမုန့်ကြော် ကြွပ်ကြွပ်လေး

ဓါတ်ပုံဖိုင်ဟောင်းလေးတွေထဲ မွှေနှောက်ရှာရင်း.. ဒီပုံလေးကို သွားတွေ့လိုက်မိတယ်... ကိုကျော်သူရထွန်း ဆိုတဲ့ ဓါတ်ပုံဆရာတစ်ဦး ရိုက်ထားတဲ့ ပုံလေးပါပဲ... မထင်မှတ်ပဲ ရေမုန့် စားချင်တဲ့ ရောဂါ တက်လာသလို ဒီပုံလေးကြောင့် အတွေးတွေလဲ ချာချာလည် သွားရပါတော့တယ်...

ရေမုန့်ကြော် မစားရတာ ကြာလှပေါ့... မရှိဘူး ဆိုရင်တောင် ဆယ်စုနှစ် တစ်ခုကို ကောင်းကောင်းကျော်လာခဲ့ပြီပဲလေ... အခုလို လတ်လတ်ဆတ်ဆတ် ကြော်နေတဲ့ ပွဲဈေးတန်းက ရေမုန့်တွေကို ရုတ်တစ်ရက် တွေ့လိုက်ရတော့ စိတ်ထဲ အခုချက်ချင်းတောင် ပြန်ပြေးပြီး အားပါးတရ ဝယ်စားချင်စိတ်တွေ ပေါ်လာခဲ့ရတယ်... ပွဲဈေးတန်းထဲ လျှောက်လည်ခဲ့ဖူးတဲ့ ဟိုတစ်ချိန်က အကြောင်းတွေကိုလဲ ရေးရေးလေး ပြန်တွေးနေမိတယ်... ပျော်စရာပါပဲ...

မှတ်မိသေးတယ်... သီတင်းကျွတ်ပြီဆိုရင် ရေကျော်ဖက်မှာ ပွဲဈေးတန်းက စည်တာမှ အရမ်းကို စည်တာလား... အခြောက်တွေကလဲ စင်ထိုးပြီး သီချင်းတွေ တက်ဆိုကြသေးတယ်... ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို စင်ပေါ်ကနေ သရုပ်ဆောင်ပြကြသေးတယ်... အူတက်မတတ် ရယ်ရအောင် သရုပ်ဆောင် ကောင်းကြပါပေတယ်... ပွဲဈေးတန်းထဲမှာတော့ ဆိုင်ပေါင်းစုံလို့ပါပဲ... ဂဏန်းကော်ပြန့်ဆိုင်၊ ဘူးသီးကြော်ဆိုင်၊ ဘီယာဆိုင်၊ အသုပ်ဆိုင်၊ ဘိန်းမုန့်ဆိုင်၊ အိုး... စုံလို့ပါပဲ...

မှတ်မှတ်ရရ.. ဒီကို ထွက်မလာခင် ၂ နှစ်လောက်.. လမ်းထဲက သူငယ်ချင်းတွေနဲ့ ပုဇွန်တောင်မှာ ဘီအီး (အရက်ဖြူ) ဝယ်.. ပြီးတော့မှ ဘူးသီးကြော်ဆိုင်က ရေးနွေးကရားထဲ ခိုးထဲ့ပြီး 7-Up နဲ့ ရေးနွေး ပုကန်လုံးလေးတွေနဲ့ ပွဲဈေးတန်းထဲ ထိုင်သောက်ခဲ့ကြတယ်... ဘာရယ်မဟုတ်ပေမဲ့လဲ အဲဒီ အဖြစ်အပျက်လေးကို အခုထက်ထိ မှတ်မိနေဆဲပဲ... အခုတော့ အဲဒီ သူငယ်ချင်းတွေ ဘယ်တွေရောက်လို့ ဘာတွေလုပ်နေကြမလဲဆိုတာ မှန်းဆလို့တောင် မမြင်နိုင်တော့ပါလား...

Read More...

Saturday, November 24, 2007

အိပ်မက်ဝိုင်

မနေ့ညက (တစ်ကယ်ကတော့ ဒီနေ့မနက်ပေါ့... ညက ၄နာရီထိုးမှပဲ အိပ်ရာဝင်ဖြစ်တာကိုး...) အိပ်မက် မက်တယ်... အိပ်မက်ထဲမှာ သူငယ်ချင်းတွေနဲ့ ပြန်ဆုံလို့ရယ်... ချောင်းသာကမ်းခြေရောက်နေလေရဲ့... ချောင်းသာလို့သာ အသိစိတ်ထဲ သိနေပေမဲ့ ချောင်းသာနဲ့တော့ မတူပါဘူး... ထုံးစံအတိုင်း ပြောင်ချော်ချော်နဲ့ ပျော်နေပါးနေကြတာပေါ့...

ဒီလိုနဲ့ပဲ ဝိုင်တွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ရောက်သွားခဲ့ကြတယ်... ဝိုင်တစ်ပုလင်းကို ကောက်ယူပြီး ငဲ့သောက်ကြည့်လိုက်တော့ အတော့်ကို ကြိုက်သွားမိတယ်... နာမည်က British Soldier ဆိုလား၊ British Army ဆိုလားပေါ့... မှတ်မှတ်ရရ အရသာက ချိုသလိုလိုလေး ရှိပေမဲ့ အချိုမပြင်းဘူး... ခပ်ပေါ့ပေါ့လေးရယ်... သောက်လို့ကောင်းတယ်... ဒါနဲ့ပဲ လောဘတကြီး ဆိုင်ထဲမှာ ကျန်နေသေးတဲ့ နောက်ထပ် ၄၊ ၅ လုံးကို ဝယ်ပစ်လိုက်တယ်... တစ်လုံးကိုတော့ သူငယ်ချင်း ကျော်မိုးက တောင်းလို့ သူ့ကိုပေးလိုက်တယ်...

ဒီနေ့မနက် အိပ်ရာကနိုးတော့ ညကဝယ်ထားတဲ့ ဝိုင်တွေ မရှိတော့ဘူး (ဘယ်ရှိတော့မှာတုန်း.. သယ်လာလို့မှ မရပဲ)... အဲဒီ ဝိုင်ရဲ့ အရသာလေးကို နိုးလာချိန်အထိ မှတ်မှတ်ရရ ဖြစ်နေမိတယ်... အခု သေချာ ပြန်စဉ်းစားကြည့်တော့မှပဲ တောင်ကြီး အေးသာယာမှာ ဝယ်ခဲ့ဖူးတဲ့ အေးသာယာ နှင်းဆီဝိုင်လို အရသာမျိုး ဆိုတာကို ပြန်တွေးမိတယ်...

သြော်.. နှင်းဆီဝိုင်...

Read More...

Tuesday, October 30, 2007

ဘာမှားနေသလဲ

စင်ပေါ်က ပန်းကုံးတိုက်ပွဲ...
စင်အောက်က သားရဲတစ်အုပ်...
စင်ဘေးနားက ဂျာကြီးရဲ့ အပြုံး...
စင်နောက်ဖက်က အခန်းငယ်ထဲမှာ...
ငိုနေတဲ့ မျက်လုံးတွေ...
ကြေကွဲနေတဲ့ ရှိုက်သံတွေ...
အားလုံးမှားနေတဲ့ ညနေခင်းတွေ...
မရေးဖြစ်တာလဲ ကြာပါပြီ... စိတ်တွေ လေလွင့်နေတာလဲ ကြာပါပြီ... စိတ်ပေါက်ပေါက်နဲ့ တစ်ခြားကိစ္စတွေမှာ စိတ်ကို ခဏ အနားပေးထားလိုက်တယ်... မနေ့ညကတော့ အိပ်လို့မပျော်တာနဲ့ စိတ်ထဲရှိတာတွေ ချရေးထားလိုက်တယ်ဗျာ... ကဗျာမရေးတတ်ပါဘူး... စိတ်ကူးမိတာလေးတွေ စုစည်းထားတာ သက်သက်ပါ...

Read More...

Wednesday, August 22, 2007

I am Blue





BLUE

You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.

Find out your color at QuizMeme.com!


မောင်ဥပေက္ခာက CBox မှာ comment လေး ရေးပေးသွားလို့.. သူ့ဘလော့ခ်လေးထဲ ဝင်ဖတ်ဖြစ်လိုက်တယ်... ဒါနဲ့ အပေါ်မှာတွေ့ရတဲ့ web site လေးကို ရောက်ဖြစ်သွားတယ်ဆိုပါတော့... မေးခွန်းလေးတွေ ဖြေလိုက်တော့ ကျနော်ဟာ အပြာရောင်ပါတဲ့... တိုက်တိုက်ဆိုင်ဆိုင် ကျနော်ကိုယ်တိုင်ကလဲ အပြာရောင်ကို နှစ်သက်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ... ၀င်ရောက်ဖြေဆိုသူ ၂၈၄၈၉၆၁ ယောက်မှာ ၅၉၉၈၄၄ ဟာ အပြာရောင်ပါတဲ့ (21.05%)... စိတ်ဝင်စားရင် သင်လဲ အပျင်းပြေ ဝင်ဖြေကြည့်နိုင်ပါတယ်... သင်ဘာအရောင်လဲဆိုတာလေးကိုပါ ပြောပြဦးပေါ့...

Read More...

Wednesday, July 18, 2007

Hollywood: Fun in the sun


LA ကို အလည်လာတဲ့ သူငယ်ချင်းကိုလိုက်ပို့ရင်း ဟောလီးဝုဒ်ဖက်ကို ရောက်ဖြစ်ခဲ့တယ်... ဘာရယ်မဟုတ် ဟောလီးဝုဒ်လမ်းမကြီးတစ်လျှောက် ဟိုဒီလျှောက်ငေးရင်း Hollywood Blvd. နဲ့ Highland လမ်းထောင့်မှာရှိတဲ့ shopping mall ကြီးထဲကို ဝင်ခဲ့ကြတယ်... အဲဒီ mall ကြီးရဲ့အလယ် ကွက်လပ်မှာ ကလေးတွေ ရေကစားနေတာလေးကို အမှတ်တမဲ့ ဓါတ်ပုံရိုက်ခဲ့တာလေးပေါ့... အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလိုက်ကြတာ... ဘယ်အပေါက်ကနေ ထွက်လာမယ်မှန်းမသိတဲ့ ရေတွေကို လိုက်ဖမ်းတဲ့သူကဖမ်း... ပိတ်တဲ့သူကပိတ်... ရှောင်ပြေးတဲ့သူကပြေးနဲ့ အလုပ်ရှုပ်နေလိုက်ကြတာ... သူတို့လေးတွေကို ကြည့်နေရသူတွေပါ စိတ်ထဲမှာ ရယ်ချင်သလိုလိုနဲ့ ပီတိတွေဖြစ်နေကြရတယ်... သူတို့လေးတွေကတော့ ဘာမှမသိ၊ ဘယ်သူတွေကြည့်ပြီး ရယ်နေမလဲဆိုတာကိုလဲ ဂရုမစိုက်ပဲ ပျော်ချင်တိုင်းပျော်နေကြတော့တာပါပဲ... ကလေးလေးတစ်ယောက် ဖြစ်ရခြင်းဆိုတဲ့ အကျိုးကျေးဇူးပဲပေါ့... လူတိုင်းလဲ ဒီကလေးလေးတွေလို အပူအပင်ကင်းစွာနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်မိတယ်...

Read More...

Sunday, June 17, 2007

Father

တိုက်တိုက်ဆိုင်ဆိုင် မနေ့ညက YouTube မှာ လေးဖြူရဲ့ အဖေ ဆိုတဲ့ MTV လေးကို ကြည့်ဖြစ်လိုက်ပါတယ်... ဒီနေ့ကတော့ ဖခင်များနေ့ပါ... ကျနော်တို့ မိသားစုလေးအတွက် ဘာမဆို အနှစ်နာခံတတ်တဲ့ အဖေ၊ ရိုးရိုးဖြောင့်ဖြောင့်နေခဲ့တဲ့ အဖေ၊ စိတ်ဓါတ်ငြိမ်းချမ်းစွာသာ နေချင်ပြီး ဘာကိုမှ သိပ်မက်မက်မောမော မရှိတဲ့ အဖေ၊ အဖေ့အတွက် အမှတ်တရပါ... နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောမိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ အဖေ...

Read More...

Friday, May 25, 2007

မယ်လိုဒီမောင် ရဲ့ မြန်မာစကားထာလေးတစ်ချို့

မယ်လိုဒီမောင် ရဲ့ မြန်မာစကားထာလေးတစ်ချို့ကို ဝင်ဖြေခဲ့မိလိုက်ပါတယ်... ဘာတွေလျှောက်ဖြေခဲ့သလဲဆိုတာကို ဘလော့ခ်ကို လာလည်သူတွေပါ ဖတ်ရအောင် ပြန်ရေးထားပေးလိုက်ပါတယ်... စိတ်ဝင်စားရင် မယ်လိုဒီမောင်ရဲ့ဘလော့ခ် မှာ သွားဖြေနိုင်ပါတယ်ခင်ဗျား...

ငါ့ နွားတစ်ကောင် ဘို့ တစ်ထောင်။
ဖြေ။ ကြက်ဟင်းခါးသီး

ငမဲဖင် ငနီလျက်။
ဖြေ။ ငမဲနဲ့ ငနီဆိုတဲ့ ခွေးနှစ်ကောင်ပါ။ တော်တော်ညစ်ပတ်တဲ့ ကောင်တွေပဲနော်။

အိမ်ရှိပေမဲ့ လူမရှိ၊ လူရှိပေမဲ့ အသံ မကြားရ။
ဖြေ။ ဟိုဖက်လမ်းက သရဲခြောက်တဲ့အိမ် နေမှာပေါ့။

ထမိန်လှန်၊ အမွှေးနှုတ်၊ အစေ့ စား။
ဖြေ။ ပြောင်းဖူး (မစားရဲတော့ဘူး)

ကျွန်းတုံး ကြောင်လျှောက်။
ဖြေ။ လွမ်းတုန်း မောင်ရောက်

ခွေးလျားသီး ဘိုင်စကယ်။
ဖြေ။ ခွေလျားသီးက ယားတယ်၊ ဘိုင်စကယ်က စီးဖို့။ ယားစီး ၊ ယီးစား။

Read More...

Tuesday, May 08, 2007

Some things are not meant to be taken

မစားကောင်း မသောက်ကောင်းတဲ့ အရာ (လူထုစိန်ဝင်း)

တစ်ချိန်က ကျွန်တော်ဟာ ဆရာကြီး လူထုဦးစိန်ဝင်းရဲ့ FMA မှာ တက်ခဲ့တဲ့ ကျောင်းသားဟောင်း တစ်ယောက်ပါ။ အခုချိန်ထိ ဆရာကြီးရဲ့ ဆုံးမသြဝါဒတွေကို သတိရနေမိဆဲပါပဲ။ FMA မှာ ဆုံခဲ့တွေ့ခဲ့တဲ့ သူငယ်ချင်းဟောင်းတွေကိုလဲ သတိရနေမိဆဲပါ။ ဒီတစ်ခေါက် အခြေအနေလေးပေးရင် ဆရာကြီးရဲ့ ကျောင်းကို ပြန်သွားကြည့်မယ်လို့ စိတ်ကူးထားတာလေး ဒီဆောင်းပါးလေး ဖတ်အပြီးမှာ ဝမ်းနည်းစွာနဲ့ ပျက်စည်းသွားခဲ့ရပါတယ်။ ဝမ်းသာစရာ တစ်ခုကတော့ ဆရာကြီးဟာ ဒီနေ့ဒီအချိန်ထိ ရေးမြဲရေးနေဆဲ ဆိုတာပါပဲ။ Weekly Eleven Journal မှာပါလာတဲ့ ဆရာကြီးရဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ဖေါ်ပြပေးလိုက်ပါတယ်။ ပုံကို နှိပ်ပြီး ဆောင်းပါးတစ်ပုဒ်လုံးကို ဖတ်ရှူနိုင်ပါတယ်။ တစ်ကယ်လို့ မြင်နေရတဲ့ ပုံဟာ ဖတ်လို့မရသေးဘူးဆိုရင် မှန်ဘီလူးလေးကို နှိပ်ပြီး အကြီးချဲ့ ဖတ်လို့ရပါတယ်။

တစ်ကယ်လို့များ စာဖတ်သူတွေထဲက ဆရာကြီး ဦးစိန်ဝင်းရဲ့ ကျောင်းသားဟောင်းတွေ ရှိရင်လဲ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်။

(မှတ်ချက် - နေးတစ်ဖေါ်ရမ်းမှ မနှင်းဆီက ပို့စ်လုပ်လို့ သိရတာပါ။)

Read More...

Sunday, May 06, 2007

General Aung San's words of wisdom

ဖေဖေ အမြဲပဲမှာခဲ့တယ်။ ကလေးတွေကို ဘာကိုမှ မကြောက်စေနဲ့။ သူတို့ ကြောက်ဖို့ရာ နှစ်ခုပဲရှိတယ်။ မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ရမယ်။ လောကမှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုပဲ ရှိပါတယ်တဲ့။

ဖေဖေ ဗိုလ်ချုပ်အောင်ဆန်း

(မှတ်ချက် - ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးသော စကားတစ်ခုပါ။ မတိုင်ကွန်းရဲ့ signature မှာတွေ့လို့ သဘောကျတာနဲ့ ပြန်ပြီး post လုပ်ထားလိုက်ပါတယ်။)

Read More...

ဗလောင်ဆူတဲ့ ရင်နဲ့ တောင်ငူကို သွားခဲ့

နိုဝင်ဘာ ၂၀၀၆ မြန်မာပြည်ရောက်စဉ်က အဖြစ်အပျက်လေးပါ... တိုက်ဆိုင်ပုံလေးကတော့ တစ်သက်မမေ့စရာပါပဲ... နောက်နောင် သူငယ်ချင်းတွေ ပြန်တွေ့ရင်တောင် အခါခါပြောနေမိမယ်ထင်ပါတယ်... ဖြစ်ပုံက ဒီလိုပါ...

သူငယ်ချင်းတွေ စုပြီး တောင်ကြီးဖက်ကို တက်မယ်လို့ စီစဉ်ခဲ့ကြတယ်... ကားလက်မှတ်ကို အောင်ဆန်းကွင်း ဘေးမှာရှိတဲ့ ကားလက်မှတ် အရောင်းဌာနကနေ ၀ယ်ခဲ့ကြတယ်... လက်မှတ် ၅ စောင်ပါ... ကျနော်၊ ၀င်းနိုင်၊ ငပြည့်၊ ဇာကြီး၊ လေးမောင် ပေါ့လေ... (သူငယ်ချင်းတွေရဲ့ ငယ်နာမည်တွေကိုပဲ သုံးပြီးရေးလိုက်ပါမယ်...) တစ်ကယ်သွားမဲ့နေ့ရောက်လာတော့ လေးမောင်က အင်တင်တင်လုပ်ပါလေရော... သူက အစကထဲက သူ့အလုပ်ကိစ္စတွေကို စိတ်မချတော့ မလိုက်ချင်တဲ့သူပါ... ဒါကို ကျနော်တို့က ကားလက်မှတ်ဝယ်ထားပြီး ကားဂိတ်ရောက်မှ ဒီကောင့်ကို အတင်းဆွဲတင် ခေါ်သွားမယ်ဆိုတဲ့ အကြံနဲ့ သူ့အတွက်ကို လက်မှတ်ပိုဝယ်ထားခဲ့တာပါ...

တစ်ကယ်တမ်းကားဂိတ်ရောက်တော့.. ကျနော်တို့ အကြံမအောင်မြင်ခဲ့ပါဘူး... ဒါနဲ့ပဲ သူငယ်ချင်းလေးယောက် တစ်ယောက်တစ်လှည့်စီ နှစ်ခုံခွစီးပြီး ထွက်လာခဲ့ကြပါတော့တယ်... ပဲခူးအကျော် တောင်ငူမရောက်ခင် အဲဒီလမ်းတစ်ဝက်လောက်အရောက်မှာ ကားပျက်ပါတော့တယ်... ကားလေအိတ်ပေါက်လို့ဆိုပြီး တော်တော်လေးကြာသွားပါတယ်... ဒါနဲ့ပဲ တောင်ငူကို တော်တော်လေး မိုးချုပ်မှ ရောက်ခဲ့ကြပါတော့တယ်... ဗိုက်ကလဲ တော်တော်ကို ဆာနေပါပြီ... ထမင်းဆိုင်ထဲ အပြေးအလွှားဝင်.. အပီအုပ်ဖို့အတွက်.. စားစရာတွေမှာတော့တာပေါ့...

အဲဒီအချိန်မှာပဲ.. ဆိုင်ရှေ့ကို ရန်ကုန်အဆင်းကားတစ်စီး ၀င်လာပါတယ်... အဲဒီကားပေါ်က ခရီးသည်တွေကလဲ ဆိုင်ထဲဝင်လာတော့ ဆိုင်ထဲမှာ ဆူညံပြီးပြည့်လျှံသွားတော့တာပါပဲ... ကျနော်တို့လဲ ထမင်းဟင်းတွေ ရောက်လာပြီဆိုတော့ အားရပါးရ မျိုကြတော့မယ်ဆိုပြီး ပါးစပ်ပြင်တုန်းရှိသေး...

"ဗြုံး" ကနဲ ကျနော့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ၀င်းနိုင်ကို လူတစ်ယောက် ဇက်ပိုးကို ဆော်ထည့်လိုက်ပါလေရော... ကျနော်တို့လဲ.. အလကားနေရင်း ရန်ဖြစ်ရတော့မယ် ဆိုပြီး ရိုက်တဲ့သူကို ကြည့်လိုက်တော့... လား..လား.. အဘ ဆိုတဲ့ ကျနော်တို့ရဲ့ သူငယ်ချင်းဖြစ်နေတယ်... (တော်တော်နောက်တဲ့ကောင်..)

သူ့ကိုလဲ မသွားခင် တစ်ပတ်လောက်အလိုမှာ ခေါ်ကြသေးတယ်... သူက နေပြည်တော် သွားစရာရှိတယ်ဆိုပြီး ကျနော်တို့ မထွက်ခင် ၃ ရက်လောက်မှာ ထွက်သွားခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင် ဆိုင်ရှေ့လာရပ်တဲ့ ရန်ကုန်အပြန်ကားက သူစီးလာတဲ့ကားဖြစ်နေတယ်... ပြီးတော့ တစ်ခါ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ ကားက လမ်းမှာပျက် နောက်ကျပြီး ဒီထမင်းဆိုင်မှာ တစ်ချိန်ထဲ လာဆုံကြရတယ်...

နောက်ထပ်ပိုပြီး ထူးထူးခြားခြား တိုက်ဆိုင်တာကတော့.. ကျနော်တို့ဆီမှာ လေးမောင်အတွက်ဆိုပြီး ၀ယ်ထားတဲ့ လက်မှတ်တစ်ခု ရှိနေတာပါပဲ... ဒီတော့ အဲဒီလက်မှတ်ဟာ အဘ အတွက်ဖြစ်သွားခဲ့ရပါတယ်... သူ့ကိုလဲ သူ့ကားပေါ်က ပစ္စည်းတွေချခိုင်းပြီး တောင်ကြီးသွားဖို့ ကျနော်တို့ ကားပေါ်တင်... ပြီးတော့ သူငယ်ချင်း ၅ ယောက် တောင်ကြီးဖက်ကို ထွက်ခဲ့ကြပါတော့တယ်...

ထူးထူးဆန်းဆန်း တိုက်ဆိုင်မှူတွေနဲ့ အမှတ်တရ ခရီးလေးတစ်ခု ဖြစ်သွားခဲ့ရပါတယ်...

Read More...

Saturday, April 28, 2007

TAG? I'm in buddy.

တစ်နေ့ကမှသိလိုက်ရတယ်... မြန်မာဘလော့ဂါတွေ tag လုပ်နေကြတယ်ဆိုတာ... ဝင်းနိုင် နဲ့ ကိုမောင်လှ တို့ရဲ့ tag တွေတော့ ၀င်ကြည့်ပြီးခဲ့ပြီ... နောက်ကျန်နေတာတွေကို ပြီးမှ လိုက်ကြည့်ရတော့မယ်... ကဲလာပြီဗျာ.. ကိုယ့်ရဲ့အကျင့်ဆိုးလေးတွေ...

၁။ အားနာတတ်တယ်.. ဒီမှာတော့ အားနာတတ်တာဟာ မကောင်းတဲ့ အကျင့်တစ်ခုလိုဖြစ်နေတယ်.. လူတော်တော်များများက ဒါကိုဘဲ အမြတ်ထုတ်အနိုင်ကျင့်နေတော့တာပါပဲ...
၂။ အိပ်ချိန်မမှန်.. အိပ်ရာထနောက်ကျ.. အမြဲအလုပ်နောက်ကျ...
၃။ လုပ်ချင်တာဆို ဘယ်လောက်ပဲ အကျိုးမဲ့နေပါစေ.. သဲကြီးမဲကြီး အချိန်တွေအကုန်ခံ လုပ်တတ်တယ်...
၎။ မလုပ်ချင်တာဆို ဘယ်လောက်ပဲ အကျိုးအမြတ်ရှိနေပါစေ.. လုံးဝမထိချင်ပြန်ဘူး...
၅။ အပေါင်းအသင်းမက်တယ်... သူငယ်ချင်းတွေနဲ့ဆို အချိန်ကုန်လို့ကုန်မှန်းတောင်မသိ...
၆။ လုပ်ချင်တာတွေ သိပ်များတယ်.. တစ်ချိန်လုံး ဟိုတွေး ဒီတွေးနဲ့...
၇။ အီလက်ထရောနစ်ပစ္စည်းတွေ ဟိုဝယ်ဒီဝယ်နဲ့ ပိုက်ပိုက်တွေ ကုန်ရတယ်...
၈။ လုပ်မယ်စဉ်းစားပြီး မလုပ်ဖြစ်တာတွေ အများကြီး.. ကွန်ပြူတာပေါ်မှာပဲ အချိန်ကုန်သွားရတာများတယ်...
၉။ ဝိုင် နဲ့ ဘီယာ ကိုနှစ်သက်တယ်...
၁၀။ ဆေးလိပ်သောက်တယ်.. တစ်ဖြည်းဖြည်းနဲ့ အရေအတွက်များလာပြီ...

Read More...

Saturday, March 17, 2007

ရှူပ်ရှက်ခပ်နေသောဦးနှောက်

အခုတလော သူငယ်ချင်းတွေနဲ့ ရော blog နဲ့ ရော တော်တော် အဆက်ပြတ်သွားခဲ့ပါတယ်။ ကျွန်တော့်ရဲ့  Linux web server လေးကို rebuild ပြန်လုပ်နေလို့  အဲဒီထဲ စိတ်ရောက်သွားပြီး ဒီဘက်ကို မလှည့်ဖြစ်တာပါ။ ဒီ web server လေးပြီးသွားရင် Native Myanmar Forum မှာ member တွေ လိုအပ်တဲ့ file လေးတွေ share ပေးဖို့  စိတ်ကူးထား ပါတယ်။

Read More...