Blog ရေးနေခဲ့ပေမဲ့လည်း tag လုပ်တာတွေ.. tag အလုပ်ခံရတာတွေ နည်းခဲ့ပါတယ်... ဒီတခေါက်တော့ သူငယ်ချင်း မောင်သင်္ကြန် ရဲ့ ကောင်းမှုနဲ့ ရေးဖို့ ကြုံလာခဲ့ပြန်တယ်... မေးခွန်းလေးတွေက စိတ်ဝင်စားဖို့ ကောင်းတာက တစ်ကြောင်း.. blog ကို လာလည်ကြတဲ့ စာဖတ်မိတ်ဆွေတွေနဲ့ ရင်းနီးမှု ပိုရစေတာက တစ်ကြောင်းကြောင့်.. ဒီလိုတွေ ပြန်ဖြေလိုက်တယ်ဗျာ... အရှိကို အရှိအတိုင်းပေါ့...
ကိုယ့်ရဲ့နာမည် ----- ရန်နိုင်
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ----- ဂူဂူး (သို့) ဂူးလေး
ကိုယ်ဒီမှာနေတယ် ----- Los Angeles
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ----- Email သာပို့လိုက်ပါ... ဖုန်းနံပါတ် ပြန်ပို့ပေးလိုက်ပါ့မယ်... Telemarketing တွေက ဖုန်းခေါ်လွန်းလို့ပါ...
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက...
အရောင်ဆိုရင် ----- ငါလိုချင်တာ အပြာရောင်
အ၀တ်အစားဆိုရင် ----- တီရှပ် နဲ့ ဂျင်းဘောင်းဘီ.. Walking Shoe ပေါ့ပေါ့ပါးပါး တစ်ရံဆို အဆင်ပြေပါပြီ...
အစားအစာဆိုရင် ----- စားကောင်းတာ အကုန်ကြိုက်... အသီးမှာတော့ ဒူးရွင်းသီးပေါ့...
ပစ္စည်းဆိုရင် ----- တိုလီမိုလီ electronics တွေရယ်.. ကင်မရာ ပစ္စည်းတွေရယ်ပေါ့...
သီချင်းဆိုရင် ----- All kinds of Rock
စာရေးဆရာ ----- ငယ်ငယ်ကတော့ မင်းသိင်္ခ ကို သဘောကျတယ်... အခုတော့ နီကိုရဲ... ရယ်စရာတွေ ရှားပါးနေတာ ကြာပြီလေ...
စာအုပ် ----- ကြည်ပြာရောင် နဂ္ဂတစ်များ... အခုနောက်ပိုင်း စာဖတ်နည်းတယ်ဗျာ...
Life style ----- Forever 21... လုံးဝ မလျှော့ဘူး...
ကိုယ့်ရဲ့ဝါသနာ ----- ဓါတ်ပုံရိုက်ခြင်း...
အလိုချင်ဆုံးလက်ဆောင် ----- 50 Billion ($) လောက်ပါပဲ...
ကိုယ့်ရဲ့ အချစ်ဆုံးသူက ----- ပြောဝူး...
ကိုယ့်ရဲ့ အလေးစားဆုံးသူက ----- Albert Einstein
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ----- ဟို သတ္တဝါတွေ အကုန်ပေါ့... တစ်ယောက်ထဲ ကွက်ပြောရင်.. လာအထွန့်တက်နေမှာ စိုးလို့...
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ----- အမေ
ကိုယ့်ရဲ့ အမုန်းဆုံးသူက ----- မရှိတော့ပါဘူး...
ရင်အခုန်ဆုံးအချိန် ----- ပထမဆုံး ရည်းစား က အဖြေမပေးသေးခင် ဖက်နမ်းလိုက်တဲ့ အချိန်...
အကြောက်ဆုံးအချိန် ----- The Grudge သရဲကား ကြည့်တုန်းက...
အပျော်ဆုံးအချိန် ----- သူငယ်ချင်းတွေ စုံတုန်းက ဒီလိုအချိန်တွေ တော်တော်များခဲ့တယ်...
အမှတ်တရနေ့ ----- မြန်မာပြည်က ထွက်လာခဲ့တဲ့ နေ့...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ----- လိုအင်ဆန္ဒ မှန်သမျှ အမှန်အကန် ပြည့်ဝရပါလို၏...
အချစ်ဆိုတာ ----- ကလေးတွေ ပြောတာ...
အမုန်းဆိုတာ ----- အချစ်ရှိနေလို့ ဖြစ်လာတာ...
အလွမ်းဆိုတာ ----- ရင်ထဲမှာ ဟာတာတာကြီး ဖြစ်တာကို ပြောတာ ထင်ပါတယ်...
သံယောဇဉ်ဆိုတာ ----- ကျုပ်အတွက်တော့ ဖြတ်ရခက်တယ်...
ဘ၀ဆိုတာ ----- တခါတလေတော့လဲ ပျင်းစရာကြီး...
သူငယ်ချင်းဆိုတာ ----- ကိုယ့်ဘဝ အနိမ့်ဆုံးရောက်နေချိန်မှာ ကိုယ့်ဘေးနား ရပ်တည်ပြီး ကျန်ခဲ့တဲ့သူ...
ချစ်သူဆိုတာ ----- နာမည်သိပ်မကြီးလိုက်တဲ့ ရုပ်ရှင်မင်းသား...
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် ----- ပျော်တတ်တယ်... အပေါင်းအသင်းမင်တယ်... တခါတလေတော့လဲ အူကြောင်ကြောင်နိုင်တယ်...
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ----- အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါပြန်မလာဘူး...
အပြောချင်ဆုံးစကားတစ်ခွန်း ----- တခါမှ မတွေးမိဘူး... မရှိပါ...
အခုလို ပြောချင်တာလေးတွေ ပြောပြီးတော့.. ဘယ်သူ့ကို ဒုက္ခပေးရမလဲ လျှောက်တွေးကြည့် လိုက်တော့.. ခေါင်းထဲပေါ်လာတာက စကားပြောရင် ရှင်းရှင်းပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ SuN ဆိုတဲ့ ကောင်မလေးကို ပြေးမြင်မိတာနဲ့... ကဲ... ရေးပေဦးတော့ သူငယ်ချင်းလေးရေ...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Wednesday, September 10, 2008
A Boy Named Gu
Posted by
Gu Gu
at
11:39 PM
8
comments
Labels: Miscellaneous
Friday, January 11, 2008
ဖန်ပုလင်းလေးထဲမှ အသဲနှလုံးတစ်စုံ၏ အတွေးများ
လူငယ်ဘဝတုန်းကတော့ ရင်ခုန်သံ အစိမ်းသက်သက်တွေကိုပဲ အချစ်လို့ ထင်ခဲ့မိတယ်... နောက်တော့လဲ ဒါဟာ အချစ်မဟုတ်... ရင်ခုန်တာ သက်သက်ရယ်လို့ သဘောပေါက်လာခဲ့တယ်... အချိန်တန်တော့လဲ သိရမှာပေါ့လို့ စဉ်းစားမိလာတယ်... ရင့်ကျက်လာတဲ့ သဘောများလား...
ချစ်တယ်လို့ ပြောခဲ့သူတစ်ယောက်က သိပ်မကြာခင်မှာပဲ ကျနော့် ဘဝထဲက ပျောက်သွားတယ်... ဘယ်လိုမှ အစရှာ မရခဲ့ဘူး... တစ်ခါတစ်လေမှာ သတိရမိပေမဲ့ နောက်တော့လဲ အချိန်က ဦးနှောက်ထဲက မှတ်ဥာဏ်တွေကို တိုက်စားသွားခဲ့တယ်... အနာကျက်သွားတာလဲ ဖြစ်နိုင်ပါတယ်...
ကိုယ့်အပေါ် တစ်ကယ် နားလည်ပြီး ကိုယ့်ကိုလဲ အရမ်းချစ်တယ်ဆိုသူ တစ်ယောက်ကိုတော့ မထားချင်ပဲ ထားခဲ့ရတယ်... တစ်ယောက်ကို တစ်ယောက် တစ်ကယ် ချစ်ကြပေမဲ့ ကံတရားက မျက်နှာသာ မပေးခဲ့ပြန်ဘူး... ဒီလိုနဲ့ တစ်ဖြေးဖြေး ဝေးသွားခဲ့ကြတယ်... ကံ ကိုပဲ အပြစ်ပုံချရတော့မှာလား... မဝေခွဲနိုင်ခဲ့ဘူး...
နောက်တော့လဲ.. ကိုယ်နဲ့ စိတ်တူ ကိုယ်တူ စိတ်သဘောလဲ ဖြူစင်တဲ့ ချစ်သူကို တွေ့ပြန်တယ်... တစ်ယောက်နဲ့ တစ်ယောက် သိတာ ကြာလာတော့ တစ်ချို့နေရာတွေမှာ စိတ်သဘောထားတွေ မတိုက်ဆိုင်တော့တာ သတိထားမိလာတယ်... အချိန်တွေ ကြာလာလို့ပဲ ရင်ခုန်သံတွေ အေးစက်သွားတာလား... လူကပဲ အရင်ကထက် ပိုပြီး ရင့်ကျက်လာတာလား... ကံကြမ္မာကပဲ တစ်ဖြေးဖြေး ပြောင်းလဲပစ်နေတာလား... ရှင်းနေတယ် ထင်တာတွေ ပြန်ရှုပ်ကုန်တယ်...
အချစ်ကို ထပ်တစ်ခါကြုံရပြန်တယ်... ဒီတစ်ခါကတော့ ကိုယ့် ဘဝ အတွေ့အကြုံတွေထဲမှာ ပထမဦးဆုံး ဘာနဲ့မှ မတူတဲ့ ခံစားချက်တစ်ခု ဖြစ်နေပြန်တယ်... အဖြူရောင်သက်သက်လိုပဲ.. ဘာမှလဲ မမျှော်လင့်မိဘူး... တစ်ဖက်က ပြန်ချစ်မှာ မချစ်မှာကိုလဲ တွေးမပူခဲ့ဘူး... ကိုယ့်ဘဝထဲမှာ သူရှိနေတယ်ဆိုတာ သိနေရရုံလေးနဲ့တောင် စိတ်ထဲ ကျေနပ်နေမိတယ်... တတ်နိုင်သလောက် ဘာကိုမဆို နားလည်ပေးချင်ခဲ့တယ်... ဘာကိုမှ မတောင်းဆိုချင်ဘူး... သူရှိနေချိန်တွေမှာ စိတ်ထဲ ပျော်နေတယ်... ကိုယ်ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာ တစ်ခါတစ်လေ ကိုယ်တိုင်တောင် မသိတော့ သလိုဖြစ်ခဲ့ရတယ်...
သေချာတာ တစ်ခုကတော့ အချစ်ဆိုတာကို ဒီနေ့ထက်ထိ သေချာပီပြင်အောင် ပုံမဖေါ်နိုင်ခဲ့ဘူး... ရင်ထဲမှာတော့ သိနေတယ်... ခံစားလို့ရတယ်... ဆက်သွယ်လို့ရတယ်... ပုံဖေါ်လို့ မရသေးဘူး...
(အချစ်နှင့် ပတ်သတ်၍ ရောက်တတ်ရာရာ အတွေးများ ကို တွေးတတ်တဲ့ ကောင်မလေးရေ... ဒါဟာ ကျနော့်ရဲ့ ခံစားချက်လေးပါပဲ...)
Posted by
Gu Gu
at
1:07 AM
4
comments
Labels: Miscellaneous
Tuesday, December 18, 2007
I have been Simpsonized!
မနေ့က သူငယ်ချင်း တစ်ယောက်နဲ့ ဂျီတော့မှာ ပြောဖြစ်တော့... သူက သူ့အေဗာတာလေး ပြောင်းထားတယ် ဆိုပြီး ပြောလာတယ်... အောင်မယ်... ကြည့်လိုက်တော့ The Simpsons ထဲက ကာတွန်း ဇာတ်ကောင်ပုံလေး... တယ်ဟုတ်ပါလား... သူ့ပုံကို Simpsons ထဲက ကာတွန်းပုံ ဖြစ်အောင် ပြောင်းထားတယ်ဆိုပဲ... မဆိုးဘူး... ဒါနဲ့ သူပြောပြတဲ့ Simpsonize Me ကို သွားပြီး ဟိုဒီ လျှောက်ကလိလိုက်တော့.. အခုဘေးမှာ မြင်နေရတဲ့ ကျနော့်ရဲ့ ပုံတူလေး ထွက်လာပါတော့တယ်... ဒါတောင် အချိန်သိပ်မပေးနိုင်လို့ အသားနည်းနည်းညိုသွားတယ်...
သြော်... မေ့လို့... Simpsons ကမ္ဘာထဲ အလည်ရောက်တုန်း ရိုက်ခဲ့တဲ့ vacation ဓါတ်ပုံလေးကတော့ ပျောက်သွားပြီ... ရိုက်ပြီးမှ ကွန်ပြူတာထဲ မသိမ်းမိဘူး...
Posted by
Gu Gu
at
10:03 PM
1 comments
Labels: Miscellaneous
Tuesday, December 11, 2007
Free DivX Pro (Limited time offer)
DivX.com is giving out free serial #s for a limited time for DivX Pro.
>> Windows Version
>> Mac Version
DivX ဖေါ်မက်နဲ့ ဗီဒီယိုဖိုင်တွေကို တစ်ချို့တွေကတော့ သိပြီး ဖြစ်ပါလိမ့်မယ်... DVD ဗီဒီယိုတစ်ကားကို 700MB လောက်ရအောင် ချုံ့နိုင်ပြီး အရည်အသွေးအားဖြင့်လဲ တော်တော်လေးကို ကြည့်ကောင်းပါတယ်... သီချင်းတွေကို WAV (ဖိုင်ဆိုက် အကြီး) ကနေ MP3 (ဖိုင်ဆိုက် အသေး) အဖြစ် ပြောင်းသလိုမျိုး.. DivX Pro ကလဲ ဗီဒီယိုဖိုင် အမျိုးစုံကို အရည်အသွေးကောင်းကောင်းနဲ့ ချုံ့နိုင်တာမို့ အခုနောက်ပိုင်းမှာ လူသိများ အသုံးများလာတာပါ...
DivX ဗီဒီယိုတွေကို ကြည့်ဖို့ သက်သက် ဆိုရင်တော့ DivX Player သို့မဟုတ် DivX Web Player ရှိနေမယ်ဆိုရင် ကြည့်လို့ရပါပြီ... အခုနောက်ပိုင်းထွက်တဲ့ DVD Player တွေမှာလဲ DivX ဖိုင်တွေကိုပါ ကြည့်လို့ရအောင် လုပ်ထားကြပါပြီ... အခု အခမဲ့ ရမယ်ဆိုတဲ့ DivX Pro ပရိုဂရမ်ကတော့ DivX Converter နဲ့ DivX Pro Codec တို့ပါမှာ ဖြစ်ပြီး ကိုယ်တိုင် ဗီဒီယိုဖိုင် မျိုးစုံကို DivX ဖေါ်မက်အနေနဲ့ ပြောင်းယူနိုင်မှာဖြစ်ပါတယ်... ကိုယ့်မှာ ဗီဒီယိုဖိုင်တွေ ရှိမယ်.. သူငယ်ချင်းတွေကို ဖိုင်ဆိုက်သေးသေး၊ အရည်အသွေးကောင်းကောင်း ဗီဒီယိုဖိုင်တွေ ပို့ချင်တယ်ဆို အသုံးဝင်တဲ့ ပရိုဂရမ်လေးပါပဲ...
ဒီ ဗီဒီယိုလေးကတော့ Stage6 ပေါ်မှာ တင်ထားတဲ့ DivX ဗီဒီယိုလေးပါပဲ... (ဂျပန်မလေး ချစ်စရာကောင်း၏... :P )
Note: You need DivX Web Player to watch this video.
DivX Pro လို video compression လုပ်တဲ့ နောက်ထပ် ဆော့ဖ်ဝဲ တစ်ခုကတော့ Xvid ပါ... သူကတော့ Open Source ဆော့ဖ်ဝဲပါ...
Posted by
Gu Gu
at
2:15 PM
0
comments
Labels: Miscellaneous
Sunday, August 19, 2007
Burmese Orthography
မြန်မာစာကို သေသေချာချာ မရေးရတာ အတော်ကြာပြီမို့.. တစ်ကယ်တမ်း ပြန်ရေးလာရတဲ့ အခါကျတော့ တစ်ချို့စာလုံးပေါင်းတွေ သေချာမပေါင်းတတ်တော့ပါဘူး... ဒါနဲ့ ဟိုမေးဒီမေး မေးရင်းကနေ ညီမလေး ရှင်မင်းကပေးလာတဲ့ မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း PDF စာအုပ်လင့်ခ်လေးကို ရခဲ့ပါတယ်... တစ်ခြား မြန်မာစာ စိတ်ဝင်စားသူတွေပါ ရနိုင်အောင်လို့ လင့်ခ်လေးပေးလိုက်ပါတယ်...
့မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း
့မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း (Mirror)
Posted by
Gu Gu
at
12:47 PM
0
comments
Labels: Miscellaneous
Tuesday, February 13, 2007
Great! My flight was canceled
I came here to Tucson, Arizona for business yesterday. Now I am stuck at Tucson airport for my return trip because my flight was canceled. I chose to wait for the next flight. Guess what. The next one is delayed. So, now I have to wait until 11:50PM to catch that one and arrive LAX around 12:15AM.
Thanks to my extra laptop battery and WiFi at Tucson airport. WiFi at Tucson airport is great. I got a very good reception and it's free. What can I say. With two batteries I have, I will be able to use my laptop for at least 4 hours. That's enough for me to blog and chat with my friends while I am waiting.
I can't imagine a day without a computer and Internet connection.
Posted by
Gu Gu
at
10:01 PM
0
comments
Labels: Miscellaneous
Monday, January 01, 2007
Contact me
Use the form below to contact me. Make sure to include your email address.
ီ
Posted by
Gu Gu
at
12:00 PM
Labels: Miscellaneous
Wednesday, July 05, 2006
PC and Linux related notes
Over the years, I ran into situations where I needed to find a solution for certain computer related issues but ended up looking for it all over the web. So, I think it would be nice to have a place where I can save all my notes (solutions to the problems) somewhere on the web.
Now it's even better than what I wanted. Not only I can save my notes on the web for me to access from anywhere, I can also share it with the world now. Thanks to the blogs and Blogger.
From time to time, I am thinking about start adding my notes here to share with everyone. I hope that will save you some time on the web.
Posted by
Gu Gu
at
7:03 PM
0
comments
Labels: Miscellaneous