ဒီကလေးမလေးအကြောင်းကို ရေးဖို့ စိတ်ကူးထားတာ အတော်ကြာပါပြီ။ ဒီနေ့မှပဲ စိတ်တွေလေနေတာနဲ့ ဒီပုံလေးကို သတိရမိပြီး ရေးဖြစ်သွားပါတယ်။ ကျွန်တော် နိုဝင်ဘာ ၂၀၀၆ခုနှစ် မြန်မာပြည်ကို ပြန်လည်စဉ် အင်းလေးကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ဟန်နီဦး ဆိုတဲ့ နာမည်အပျံစားနဲ့ ဒီကလေးမလေးကို တွေ့ခဲ့ဆုံခဲ့တာပါပဲ။
ကျွန်တော်တို့သူငယ်ချင်းတစု အင်းလေးဖောင်တော်ဦးဘုရားကိုဖူးဖို့ အသွား၊ ဘုရားနားရောက်ခါနီးလေးမှာ၊ သူတို့ရဲ့ ဈေးရောင်းလှေလေးတွေ ကျွန်တော်တို့ လှေနားကို ရောက်လာကြပါတယ်။ လှေဦးမှာထိုင်ပြီး ရောင်းနေတဲ့ ချစ်စရာကလေးမလေးကိုတွေ့တော့ ဓါတ်ပုံရိုက်ခွင့်တောင်းဖို့ လှေနောက်မှာထိုင်တဲ့ သူ့အမဆီကနေ ငှက်ပျောသီး၊ မာလကာသီး၊ ငှက်စာတွေကို ၀ယ်လိုက်ပါတယ်။ အဲဒါ သူရောင်းတာလေးတွေကို မ၀ယ်လို့ဆိုပြီး ကလေးမလေးက စိတ်ကောက်သွားပါလေရော။ လက်မှာကိုင်ထားတဲ့ သစ်သီးလေးတွေကို စိတ်ပျက်လက်ပျက်နဲ့ ပျစ်ချပြီး မှိုင်သွားလိုက်တာများ ဓါတ်ပုံရိုက်ဖို့ ပြင်နေတဲ့ ကျွန်တော့်အတွက် ဘေးကျပ်နံကျပ်နဲ့ပေါ့။ နောက်ဆုံးတော့ သူလေးစိတ်ချမ်းသာအောင် မာလကာသီးတွေ ၀ယ်လိုက်တော့မှပဲ မျက်နှာလေးက ၀င်းသွားပါတော့တယ်။ အဲဒီကျမှပဲ ကျွန်တော်လဲ ပျော်နေတဲ့ သူရဲ့ပုံလေးတွေ ရိုက်ဖို့ ကမန်းကတမ်း လုပ်ရပါတော့တယ်။
ကျွန်တော်သဘောအကျဆုံးအချက်က ဟန်နီဦးလေးဟာ တချို့ကလေးတွေလို ကြောက်တာရွှံ့တာမျိုး မရှိဘဲ ကျွန်တော်ရိုက်သမျှ ပုံတိုင်းမှာ သူ့ဘာသာသူ သဘာဝကျကျလေးနေသွားတာကိုပါ။ အင်းလေးက အမှတ်တရ တခုဆိုလဲ မမှားပါဘူး။
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Friday, March 30, 2007
Cute little fruit and bird food seller from Inn Lay
Posted by Gu Gu at 12:38 AM
Labels: Photography
Subscribe to:
Post Comments (Atom)
1 comment:
interesting photo and the story behind it.. makes me home sick really bad..
Post a Comment