Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Saturday, November 24, 2007

အိပ်မက်ဝိုင်

မနေ့ညက (တစ်ကယ်ကတော့ ဒီနေ့မနက်ပေါ့... ညက ၄နာရီထိုးမှပဲ အိပ်ရာဝင်ဖြစ်တာကိုး...) အိပ်မက် မက်တယ်... အိပ်မက်ထဲမှာ သူငယ်ချင်းတွေနဲ့ ပြန်ဆုံလို့ရယ်... ချောင်းသာကမ်းခြေရောက်နေလေရဲ့... ချောင်းသာလို့သာ အသိစိတ်ထဲ သိနေပေမဲ့ ချောင်းသာနဲ့တော့ မတူပါဘူး... ထုံးစံအတိုင်း ပြောင်ချော်ချော်နဲ့ ပျော်နေပါးနေကြတာပေါ့...

ဒီလိုနဲ့ပဲ ဝိုင်တွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ရောက်သွားခဲ့ကြတယ်... ဝိုင်တစ်ပုလင်းကို ကောက်ယူပြီး ငဲ့သောက်ကြည့်လိုက်တော့ အတော့်ကို ကြိုက်သွားမိတယ်... နာမည်က British Soldier ဆိုလား၊ British Army ဆိုလားပေါ့... မှတ်မှတ်ရရ အရသာက ချိုသလိုလိုလေး ရှိပေမဲ့ အချိုမပြင်းဘူး... ခပ်ပေါ့ပေါ့လေးရယ်... သောက်လို့ကောင်းတယ်... ဒါနဲ့ပဲ လောဘတကြီး ဆိုင်ထဲမှာ ကျန်နေသေးတဲ့ နောက်ထပ် ၄၊ ၅ လုံးကို ဝယ်ပစ်လိုက်တယ်... တစ်လုံးကိုတော့ သူငယ်ချင်း ကျော်မိုးက တောင်းလို့ သူ့ကိုပေးလိုက်တယ်...

ဒီနေ့မနက် အိပ်ရာကနိုးတော့ ညကဝယ်ထားတဲ့ ဝိုင်တွေ မရှိတော့ဘူး (ဘယ်ရှိတော့မှာတုန်း.. သယ်လာလို့မှ မရပဲ)... အဲဒီ ဝိုင်ရဲ့ အရသာလေးကို နိုးလာချိန်အထိ မှတ်မှတ်ရရ ဖြစ်နေမိတယ်... အခု သေချာ ပြန်စဉ်းစားကြည့်တော့မှပဲ တောင်ကြီး အေးသာယာမှာ ဝယ်ခဲ့ဖူးတဲ့ အေးသာယာ နှင်းဆီဝိုင်လို အရသာမျိုး ဆိုတာကို ပြန်တွေးမိတယ်...

သြော်.. နှင်းဆီဝိုင်...

3 comments:

သဇင်ဏီ said...

ဒီပို့စ်ကိုဖတ်ပြီး.. ကျွန်မငယ်ငယ်က သူငယ်ချင်းတွေနဲ့ ချောင်းသာသွားတုန်းက ပေါက်ကလုပ်ဖြစ်ပြီး မူးရူးခဲ့တာကို ပြန်သတိရသွားတယ်.. :)

Kaung Kin Ko said...

ကျွန်တော်တော့ ကလောက ဝိုင်တွေကို သတိရတယ်။

Gu Gu said...

ကလောကို တစ်ခါမှ မရောက်ဖူးသေးဘူး... ကောင်းကင်ပြောမှပဲ သွားချင်စိတ်တွေ ပေါ်လာတယ်...