Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Wednesday, November 28, 2007

လူဇီးကွက်

လူဇီးကွက် ဆိုတဲ့ ဗီဒီယိုကားလေး မထင်မှတ်ပဲ ဒီနေ့ ကြည့်ဖြစ်သွားတယ်... နေ့ဖက်မှာ အမြဲအိပ်နေတတ်ပြီး ညဖက်ကျမှ သက်ဝင်လှုပ်ရှားလာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက် အကြောင်းကို ဇာတ်လမ်းဖွဲ့ထားတဲ့ ဇာတ်ကားလေးပါပဲ... ဒွေး နဲ့ စိုးမြတ်နန္ဒာ တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ...

ဇာတ်လမ်းလေး အပြီးမှာ ကိုယ့်ကိုကိုယ် ပြန်တွေးနေမိတယ်... ငါလဲပဲ တစ်ဖြေးဖြေးနဲ့ လူဇီးကွက် ဖြစ်နေပြီလား ဆိုတာကို... ည ည ဆို ၂ နာရီ ကျော်မှပဲ အိပ်ဖြစ်တာ နှစ်နဲ့ချီပြီးတော့တောင် ရှိခဲ့ပြီလေ... မနက်ဆိုရင်တော့ အမြဲအိပ်ရာထ နောက်ကျနေကျ ပုံမှန်ပါပဲ... တော်သေးရဲ့... အလုပ်က စောစောသွားစရာမလိုတဲ့ အလုပ်မျိုးမို့သာပေါ့... မဟုတ်ရင် လူဇီးကွက်လဲ ထမင်းအိုးကွဲပြီး ငတ်တာကြာပေါ့...

ည ည ဘာဖြစ်လို့ မအိပ်တာလဲ ဆိုတာကို ထပ်တွေးနေမိရင်း ဒီနေ့လဲ ၂ နာရီ ကျော်မှပဲ အိပ်ဖြစ်တော့မှာ သေချာနေပါပြီ...

1 comment:

KhunMoung said...

တကယ်လည်း တခါတလေ တွေးမိပါတယ်။ ကျွန်တော်ဆို သောကြာနေ့ည စနေညတွေဆို မအိပ်ဖြစ်ဘူး။ နေ့အိပ်ညပျော်ပါပဲ။ ဇီးကွက်ဖြစ်နေတာ။ ကျန်တဲ့ ရုံးဖွင့်ရက်တွေတော့ အဲလိုလုပ်လို့မရလို့။ :D