Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Wednesday, December 19, 2007

နာဘာဝူး

စနေနေ့ ညနေခင်းလေးတစ်ခုပါ... ပင်လယ်စာတွေရတဲ့ ဘူဖေး စားသောက်ဆိုင်တစ်ခုမှာပေါ့...လူတွေကလဲ တော်တော်စည်နေပါတယ်... စနေနေ့ညကိုး...စားပွဲခုံတစ်နေရာရဖို့အတွက်ကိုပဲ... နံပါတ်ယူပြီး စောင့်နေကြရတာပါ...စားသောက်ဆိုင်ရဲ့ အ၀င်ဝမှာ မှန်တံခါးတစ်စုံ... အဲဒီရဲ့ အပြင်မှာက အခုလို စောင့်နေသူတွေ အတွက်.. သီးသန့် နေရာလေး တစ်ခုရှိပါတယ်...အဲဒီမှာလဲ.. လူအပြည့်ပါပဲ...

ကျနော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ မှန်တံခါးရဲ့ အတွင်းဖက်မှာရှိတဲ့ ခုံတန်းရှည်လေးပေါ်မှာ.. ကိုယ့်အလှည့်ကို ထိုင်စောင့်နေကြတာပေါ့... အဲဒီအချိန်မှာပဲ.. ဦးထုပ်နဲ့ မျက်မှန်နဲ့ လူကြီးတစ်ယောက် ဆိုင်ထဲကို ၀င်လာတာကို လှမ်းမြင်လိုက်ရပါတယ်...ကိုယ့်ဖာသာကိုယ်.. စကားတွေများနေကြတော့ အမှုမဲ့အမှတ်မဲ့ပါပဲ...

စက္ကန့်ပိုင်းအတွင်းမှာပါပဲ... “အုံး...ဗြုန်း..” ဆိုပြီး အသံကျယ်ကြီးတစ်ခု ကြားလိုက်ရတယ်...မြင်ကွင်းထဲမှာ မြင်နေရတာက... ခုနက ပုဂ္ဂိုလ်ကြီး..မှန်တံခါးကို အပေါက်ကြီးထင်ပြီး.. မဖွင့်ဘဲ ၀င်လိုက်တော့..နဖူးနဲ့ တံခါးနဲ့ မိတ်ဆက်သွားတဲ့ အသံပါ...နေရာရဖို့ စောင့်နေကြသူတွေထဲက တစ်ချို့ တိုင်ပင်မထားပါပဲ.. ၀ါးခနဲ ဖြစ်သွားပါတော့တယ်...တစ်ချို့တွေကလဲ.. ခွိ.. ခွိ.. ခွိ.. ဆိုပြီး ဖြစ်ကုန်ကြရော...(တစ်ကယ်ဆိုရင်တော့... သူများဒုက္ခရောက်တာ.. ရယ်ဖို့တော့ မကောင်းပါဘူး... ဒါပေမဲ့ မတတ်နိုင်ဘူး... သူ့ပုံက တစ်ကယ့်ကို ဟာသကားတွေထဲကလို ဖြစ်သွားတာကိုး..)

အဲဒီပုဂ္ဂိုလ်ကြီးလဲ.. ဆော်မိတဲ့ ဒဏ်ကြောင့်လား.. ရှက်လို့ပဲလားမသိ..မျက်နှာကြီး နီရဲပြီး အထဲကို တစ်ချိုးထဲ လစ်သွားတော့တာပါပဲ... (သိပ်နာမယ်လို့တော့ မထင်ပါဘူး... သူကိုယ်တိုင်လဲ လူကြီးရှက်တော့ရယ် ဆိုသလို သွားကလေးဖြဲလို့ပေါ့လေ...)

1 comment:

သဇင်ဏီ said...

ဟီးဟီး...ဟိုးဟိုး..ဟားဟား
သူများဒုက္ခရောက်တာကို ရီတာဟုတ်ဘူးနော်..
မှားတဲ့အခါလည်းမှားပေမပေါ့ကွယ်..
ဒါပေမယ့်ရီရတယ်..ကြည့်ချင်လိုက်တာ..ဟီး