Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Wednesday, December 26, 2007

အမေပြောတဲ့ အမောပြေ

ကျနော့်အမေပေါ့လေ... တစ်ခါတစ်ခါ သူနဲ့စကားပြော.. ရုပ်ရှင်အတူတူကြည့်ရတာပျော်စရာပါ...

တစ်ခါက နေတိုးပါတဲ့ ဗီဒီယိုကို ကြည့်နေကြတာပေါ့... သူက ၀င်မေးတယ်.. “အဲဒါဘယ်သူလဲ?” တဲ့.. ဒီတော့ ကျနော်လဲ နေတိုး ဖြစ်ကြောင်း ပြန်ဖြေလိုက်တယ်... သိပ်မကြားလိုက်ဖူးထင်ပါရဲ့.. သူထပ်ပြီး ပြန်မေးရင်း ကောက်ချက်ချလိုက်တာက...
“ဘာတဲ့.. ပေတိုး.. ဟုတ်လား? ဒီလို နာမည်နဲ့ မင်းသားလဲ ရှိသေးတယ်နော်” တဲ့ဗျာ...

ဟိုအရင် တစ်ရက် ကလဲ “ပဲ့တင်သည့်ကံ” ဆိုတဲ့ ဗီဒီယိုကို ကြည့်ဖြစ်ပါတယ်... အမေကတော့ ထုံးစံအတိုင်း ဘေးနားထိုင်ပြီး ငိုက်လိုက် ကြည့်လိုက်နဲ့ပေါ့... ဇာတ်ဝင်ခန်းတစ်ခုမှာ..
“ဒီကောင် ကံကြီးထိုက်မယ်” ဆိုပြီး ပြောတာ...
အိပ်ချင်မူးတူးနဲ့ အမေက..
“ဟဲ့.. ဟိုကောင်က ဘာလို့ သံချေးကိုက်တာလဲ”တဲ့...
ကျနော်တို့တတွေ ရယ်လိုက်ရတာဗျာ...

မနေ့က ဖြစ်ပုံကတော့ နောက်တစ်မျိုး...

တီဗီ ကြည့်ရင်း ဒီက ရုပ်ရှင် မင်းသား မင်းသမီးတွေ အဆိုတော်တွေ အကြောင်းကို ပြောဖြစ်သွားတယ်... ပြောရင်းကနေ Golden Globe ခေါ် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲမှာ ဆုရတဲ့သူတွေ အကြောင်း ရောက်သွားတယ်... အမေက ပြောချင်ဇောလေးနဲ့ အလောတကြီး...
“အေး.. ဟုတ်တယ်.. သူက.. ဟို...”
“Golden Ball ဆုရတဲ့ မင်းသမီး မဟုတ်လား..” တဲ့..
ရယ်လိုက်ရတာ... အမေက နောက်တော့မှ “ဟဲ့... ငါလဲ ပြောချင်ဇောနဲ့ လောသွားလို့ပါဟယ်... ကမ္ဘာလုံးနဲ့ ဘောလုံး လုံးတာချင်း အတူတူမို့ ရောသွားတာ...” တဲ့ဗျာ...

1 comment:

SuN said...

ရီရတယ်... ဟီးး