Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Sunday, December 09, 2007

Optimize your blog or web site

ဒီရက်ပိုင်းတွေမှာ WordPress blog တစ်ခုကို XtreemHost ဆိုတဲ့ free web host သုံးပြီး လျှောက်ကလိနေခဲ့တယ်... ဒါနဲ့ပဲ နောက်ထပ် Cyber Sandbox တစ်ခု ထပ်တိုးလာတယ် ဆိုပါတော့ (နောင်တစ်ချိန်မှာ မြန်မာပြည်က စာဖတ်သူများ သွားရလာရ လွယ်ကူအောင် ထားမလားလို့တော့ စိတ်ကူးမိတယ်.. ဒါမှမဟုတ်လဲ WordPress themes တွေ plugins တွေ လျှောက်ကလိလို့ ရတာပေါ့)... WordPress မှာ ရွေးချယ်စရာ themes (templates) တွေက စုံလှသလို.. CSS Style Sheet ကိုလဲ စိတ်ကြိုက်ပြင်နိုင်တာမို့ တော်တော်လေး သဘောကျသွားတယ်ဗျာ...


တစ်ခုတော့ ရှိတာပေါ့.. ဒီလို ပြင်နိုင်ဖို့ လုပ်ချင်တယ်ဆိုရင်တော့ ကျနော့် သူငယ်ချင်း မောင်သင်္ကြန် ပြောသလို WordPress.com မှာ blog လုပ်ထားတာမျိုးတော့ မရဘူးပေါ့... အပြင် web host တွေ သုံးပြီး တင်ထားတဲ့ WordPress blog ဆိုရင်တော့ စိတ်ကြိုက် themes တွေ လဲနိုင်သလို.. plugins မျိုးစုံကိုလဲ ထဲ့သုံးနိုင်ပါတယ်... CSS ကိုလဲ လွတ်လွတ်လပ်လပ် ပြင်နိုင်တာကြောင့် ဇော်ဂျီ အတွက် စိတ်မပူရတော့ဘူး...

ဒီလိုနဲ့ ကျနော့် WordPress blog အတွက် themes မျိုးစုံ လျှောက်ရှာရင်း ခေါင်းထဲ ဝင်လာတာက web site optimization ပါပဲ... လူအများစု သတိမပြုမိတဲ့ အချက်လေး တစ်ချက်လဲ ဖြစ်ပါတယ်... များသောအားဖြင့် ကိုယ်ကြိုက်တဲ့ ပုံလေးတွေ.. Flash object လေးတွေ.. background ပုံတွေ.. စသည်ဖြင့် ကိုယ့်ရဲ့ ဘလော့ဂ် (သို့) web site ပေါ်မှာ တင်ကြပါတယ်... လှလဲ လှပါတယ်... ဒါပေမဲ့ ကိုယ့်ရဲ့ စာဖတ်သူ အများစုဟာ အင်တာနက် ကော်နက်ရှင် နှေးတဲ့ နေရာက လာရမယ်ဆို သူတို့အတွက် စာမျက်နှာ တစ်ခုတက်ဖို့ အကြာကြီး စောင့်ရမှာ မစွံလှပါဘူး...

ဒါကြောင့် ကျနော့် ဘလော့ဂ်ရဲ့ မူလ စာမျက်နှာဟာ အင်တာနက် ကော်နက်ရှင်ပေါ် မူတည်ပြီး စာဖတ်သူဆီကို ရောက်ဖို့ ဘယ်လောက် ကြာနိုင်မလဲဆိုတာ WebSiteOptimization.com မှာ လင့်ခ်တင်ပြီး စမ်းကြည့်ပါတယ်... အောက်မှာ မြင်နေရတဲ့ ဇယားလေးက အင်တာနက် ကော်နက်ရှင် အမျိုးစားပေါ် မူတည်ပြီး ဘယ်လောက် ကြာနိုင်သလဲ ဆိုတာ ပြထားပါတယ်... ဒါက ကျနော့်ရဲ့ Cyber Sandbox ဘလော့ဂ်ပါ...

Download Times* (full report)

Connection Rate
Download Time
14.4K
266.34 seconds
28.8K
134.47 seconds
33.6K
115.63 seconds
56K
70.42 seconds
ISDN 128K
23.37 seconds
T1 1.44Mbps
4.40 seconds


ဒီရလာတဲ့ အဖြေတွေနဲ့ နှိုင်းယှဉ်ဖို့ နောက် ဘလော့ဂ် တစ်ခုကို ထပ်စမ်းပါတယ်... သြော်.. ဘယ်သူရှိမလဲ... စပ်မိစပ်ရာ ပေါ့... အဖြေကတော့ အောက်မှ ပြထားတဲ့ ဇယားလေးပါပဲ...

Download Times* (full report)
Connection Rate
Download Time
14.4K
2125.07 seconds
28.8K
1068.34 seconds
33.6K
917.37 seconds
56K
555.06 seconds
ISDN 128K
178.04 seconds
T1 1.44Mbps
26.05 seconds

ဒီလို ကိုယ့်ဘလော့ဂ် (သို့) web site ရဲ့ page loading speed ကို ပြန်စစ်ကြည့်လိုက်ရင်.. ဘာတွေလိုနေလဲ.. ဘာတွေလျှော့လို့ရမလဲ.. ဘယ်လို စာမျက်နှာ မြန်မြန်တက်အောင် လုပ်ပေးနိုင်မလဲ ဆိုတာတွေ ထွက်လာပါတယ်... ကျနော့် ဘလော့ဂ်မှာ ဆိုရင် အောက်မှာ ရေးထားတာလေးတွေကို ပြန်ပြင်ထားပါတယ်...
  • နောက်ခံပုံ (မူရင်းပုံက 87KB ကျော်ပါ... PhotoShop သုံးပြီး image quality ကို medium လောက်ထားလိုက်တော့ 27KB ကျော်ပဲ ကျန်ပါတယ်... နဂိုပုံနဲ့ ယှဉ်ကြည့်ရင်လဲ ဘာမှ သိသိသာသာ မပြောင်းသွားပါဘူး...)
  • မူလစာမျက်နှာပေါ်မှာ ရှိတဲ့ ပို့စ် အရေအတွက်... Blogger ရဲ့ ပုံမှန်က ၇ ရက်စာ ပို့စ်တွေကို မူလစာမျက်နှာမှာ ထားပါတယ်... ကျနော်က ပို့စ် ၅ ခုပဲ ထားဖို့ ပြန်ပြောင်းလိုက်တယ်...)
  • ဓါတ်ပုံ အကြီးတွေ အစား ပုံသေးတွေ များများသုံးပြီး လင့်ခ်ထားပေးလိုက်တယ်... ကြည့်ချင်မှပဲ ဖွင့်ကြည့်လို့ရတာပေါ့...
  • မလိုအပ်တာတွေ ချန်ထားပြီး အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်း ဒီဇိုင်းလေးပဲ လုပ်ထားလိုက်တယ်...
ဒီလိုလေးတွေ ပြင်ပြီးတဲ့ နောက်မှာ page loading speed ဟာ တော်တော်လေး အဆင်ပြေသွားပါတယ်... broadband သုံးနေရသူတွေ အဖို့ ဘာမှ မသိသာလှပေမဲ့ 56K သုံးနေရသူ စာဖတ်သူတွေ အတွက်တော့ အဆင်ပြေသွားတာပေါ့ဗျာ...

Update: I found another website called RankingToday.com, which has a easier to use interface and many more tools to optimize your site.

4 comments:

MgThaJan said...

ဟေ့ရောင် ငါ့ကိုလဲ ပို့စ် ကူတင်ပေးလေကွာ။ ဒီပို့စ် လေးမိုက်တယ်။ ငါကူးသွားဘီ :P

Gu Gu said...

အေး... ရေးပါ့မယ်ဟ... ကူးသွား.. ရတယ်... :)

Yan said...

ဟုတ်တယ် ကိုဂုးဂူး... ဒီပို့စ်လေး သိပ်ကောင်းတယ်ဗျာ.

Helpdesk မှာလည်း တင်ပေးပါဦး...

ကျေးဇူး ကိုဂုးဂူးရေ...

ခင်မင်လေးစားလျက်

ရန်အောင်

Gu Gu said...

အချိန်မရွေး အဆင်ပြေသလို ကူးပြီး Helpdesk မှာ တင်နိုင်ပါတယ် ကိုရန်အောင်... အခုလက်ရှိ Helpdesk မှာ ဝင်ရေးဖို့ ဝင်ခွင့်မရှိသေးလို့ပါ... နောင် ကိုရန်အောင် အားမှ ကျနော့်ကို အက်လုပ်နိုင်ပါတယ်...