Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Thursday, January 24, 2008

ဖော်လံဖားသူကြီး

သမီးရည်းစားနှစ်ယောက်... စာတိုက်ကို ပါဆယ်ပို့ဖို့ သွားကြပါတယ်...
စာတိုက်အ၀င်မှာ... ကောင်လေးက သူ့ချစ်သူ ကောင်မလေးကို လက်မညောင်းရလေအောင်...
ရှေ့ကို အရင်ရောက်အောင်သွားပြီး အ၀င်တံခါးကို ဆွဲဖွင့်ပေးလိုက်ပါတယ်... (ဖားတာ.. ဖားတာ...)
ချစ်သူဖွင့်ပေးတဲ့ တံခါးလေးကို ၀မ်းသာအားရနဲ့ ၀င်ဖို့ လှမ်းလိုက်တဲ့ ကောင်မလေး...
“အား... အမယ်လေး” ဆိုပြီး...
ကောင်လေးက အလန့်တကြား ငုံ့ကြည့်လိုက်တော့...
သူဖွင့်ပေးလိုက်တဲ့ တံခါးအောက်ဖက်စွန်းက ကောင်မလေး ခြေမကြီးကို ဆော်ထဲ့လိုက်တာ.. ခြေသည်းကြီး လန်သွားပါရောလား...
ကောင်လေးခမျာ.. အဲဒီခြေမကြီးကို စုပ်မတတ် ချော့လိုက်ရပါတယ်...
(ကိုရွှေဖား ဒီနေ့ ကံမကောင်းပါလား...)

1 comment:

Chaos said...

ဟတ်ဟတ်
တော်တော်ရီရတယ်ဗျို့
အဖားလွန်တော့ ဒွတ်ခကိုအတော်ရောက်သွားတယ်နော်