Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Wednesday, January 30, 2008

အမြန်ကားလေးများ

ဟိုတစ်ချိန်တုန်းကပါ... မထသ အမြန်ကားလေးတွေ ရန်ကုန်မြို့မှာ ဟိုဒီပြေးလွှားနေကြတဲ့ အချိန်ပေါ့...
မှတ်မိပါသေးတယ်... ဟိုင်းလက် (သို့) ပါဘလစ်ကာ ကားလေးတွေကို အမြန်ယာဉ်ဆိုပြီး ဆွဲနေကြတာပေါ့...

သူငယ်ချင်းနှစ်ယောက် သွားစရာကိစ္စလေးပေါ်လာလို့ အဲဒီလို အမြန်ကားလေးပေါ်ကို ရောက်ခဲ့ကြပါတယ်... ဇေဂျီးဆိုတဲ့ကောင်က ကားပေါ်က လူတစ်ယောက်ဆင်းသွားလို့ အ၀င်ဝနားက ထောင့်ခုံလေးကိုရလိုက်ပါတယ်... ရွှေဘဆိုတဲ့ကောင်ကတော့ အဲဒီဇေဂျီးထိုင်နေတဲ့နောက်ကနေပဲ အတွယ်နဲ့ လိုက်လာခဲ့တာပေါ့... သူကလဲ အကျင့်တစ်မျိုး... အမြဲပဲ အတွယ်ကနေ စီးတယ်... ထိုင်ခုံနေရာရတောင် ထိုင်ချင်တဲ့သူမျိုးမဟုတ်ဖူး...


ကားက မှတ်တိုင်ကနေ ထွက်လာပါပြီ... ပထမကတော့ နှစ်ယောက်သား စကားလေးဘာလေး ပြောနေကြပါသေးတယ်... ပြောနေရင်းမတ်တပ်.. ဇေဂျီးက နောက်ချင်စိတ်ကလေးပေါ်လာပါတယ်... (ကျနော်တို့ သူငယ်ချင်းတွေက တစ်ခါတစ်လေ အရမ်းကို အစအနောက်ကြမ်းပါတယ်... ဘရုတ်သုတ်ခတွေပေါ့...)

အဲဒါနဲ့ ဇေဂျီးက ရွှေဘရဲ့ ပုဆိုးခါးပုံစကို လှမ်းဆွဲသလိုပုံစံမျိုး လုပ်ပြီး နောက်တော့.. ရွှေဘကလဲ.. “ဟေ့ရောင်... မလုပ်နဲ့.. ကျွတ်သွားမယ်” ဆိုပြီး အော်တော့တာပေါ့... ဇေကြီးကလဲ ပိုသဘောတွေ့သွားတယ်... ထပ်လုပ်တယ်... အဲဒါနဲ့.. ပုဆိုးက တစ်ကယ်ကျွတ်သွားပါလေရော (ဒုက္ခ)
... ရွှေဘက လက်တစ်ဖက်က တန်းကိုခိုထားရတော့.. ကျန်တဲ့တစ်ဖက်နဲ့ပဲ လှမ်းဆွဲလိုက်နိုင်ပါတယ်... ရှေ့ပိုင်းကတော့ လုံသွားပါရဲ့... နောက်ပိုင်းကတော့...

အဲဒီနေ့က ရွှေဘတစ်ယောက် ရန်ကုန်မြို့ကြီးကို အမြန်ကားပေါ်ကနေ ဓါတ်ပုံတွေ ရိုက်ဖြစ်လိုက်ပါတယ်...

တော်သေးတာပေါ့... အဲဒီအချိန်တုန်းက ဂျာနယ်တွေ ခေတ်မစားသေးလို့...

2 comments:

Unknown said...

ဟား ဟား ဟား.... ကင်မရာနဲ့ အပြတ်ရိုက်ပစ်လိုက်တယ်ထင်တယ်...
Zoom တော့ မဆွဲလိုက်ဘူး ထင်ပါရဲ့....

သဇင်ဏီ said...

အဟက်..ဟက်
တော်သေးတယ်.. အဲဒီဓာတ်ပုံဆရာကြီးနဲ့မတွေ့လို့ :D