(၇)တန်းကျောင်းသားဘ၀.. ချစ်သူငယ်ချင်းနှစ်ယောက် ကျောင်းရှေ့မှာ ကျောင်းတံခါးကြီး ဖွင့်ချိန်ကို လေတွေပေါပြီး စောင့်နေခဲ့ကြတယ်.. မကြာခင်မှာပဲ ကျောင်းစောင့်ကြီးက ကျောင်းတံခါးကို လာဖွင့်ပါတယ်.. ကျောင်းသူကျောင်းသား အကုန်လုံး တိုးဝှေ့ပြီး ၀င်ကြတာပေါ့.. ကျောင်းက ၅ထပ်တိုက်ကျောင်းဆိုတော့ မိန်းလှေကားကြီးကနေ ကိုယ့်အတန်းကိုယ်ဝင်ဖို့ သွားကြရတာပေါ့ဗျာ.. သူငယ်ချင်းနှစ်ယောက်.. လေဆက်ပေါရင်း တိုးရင်းဝှေ့ရင်း လှေကားပေါ်ကို တက်ခဲ့ကြတယ်..
အဲဒီမှာဘဲ ဘယ်ကမှန်းမသိတဲ့ ကောင်မလေးတစ်ယောက် (ဘာတွေလောနေမှန်းလဲမသိပါ).. ကျနော်တို့ နှစ်ယောက်ကြားကနေ အတင်းကျော်တက်ဖို့လုပ်ပါတယ်.. သူငယ်ချင်းကတော့ မသိပါဘူး.. ဒါကိုမြင်လိုက်တဲ့ ကျနော်ကဘဲ ဘေးဖယ်ပေးလိုက်ပါတယ်.. နောက်ထပ်တိုးဝင်လာတဲ့ ကျောင်းသားတွေတွေကြောင့် ကျနော် နောက်ကျန်နေခဲ့ပါရော.. ကောင်မလေးကလဲ ကျနော့် သူငယ်ချင်းဘေးလောက်ရောက်မှ ရှေ့ဆက်မတိုးနိုင်တော့ပဲ အရှိန်လျှော့လိုက်ရပါတယ်...
အဲဒီအချိန်မှာဘဲ ကိုယ်တော်ချောက ဘေးနားကကောင်မလေးကို လှမ်းပုခုံးဖက်လိုက်ပါတယ် (လေကလဲပေါနေ၊ ဘေးကိုလဲမကြည့်၊ ကျနော်အမှတ်နဲ့).. ကောင်မလေးလဲ ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိ.. ဒါကိုတောင် ငနဲက မသိရှာသေးဘူး.. နောက်ထပ် ၁၀ စက္ကန့်လောက် ဒီအတိုင်း လှေကားပေါ်ဆက်တက်သွားတာ.. အဲဒါကို လှေကားအောက်ကနေ မြင်နေရတဲ့ ကျနော် ဆံပင်တွေထောင်သွားရမလောက်ပါပဲ.. ဒီကောင်တော့ တေပြီဆိုပြီး..
ဒီကောင် နောက်မှသိသွားပြီး အဲဒီကျောင်းသူကို မျက်နာနီရဲတွတ်ကြီးနဲ့ တောင်းပန်လိုက်ရပါတယ်.. ကျနော့်ကိုလဲ ကျန်ခဲ့ရကောင်းလားဆိုပြီး ကလော်တုတ်ပါလေရော (ရှက်ရမ်းလေးပေါ့ဗျာ)... ကျနော်တို့ သူငယ်ချင်းတစ်သိုက်အတွက်ကတော့ အဲဒီနေ့အတွက် ဟာသဇာတ်လမ်းလေးတစ်ပုဒ် ရလိုက်တာပေါ့ဗျာ...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Saturday, January 19, 2008
ငယ်ငယ်က ဂွမ်းခဲ့သမျှ
Subscribe to:
Post Comments (Atom)
5 comments:
ဟားဟားး
အဲ့ဒီသူငယ်ချင်းက ဘယ်သူလဲအစ်ကို သူကတကယ် မသိတာလားး ၊ မသိချင်ယောင်ဆောင်တာလားးမသိ .. ပျော်စရာကြီးနော့် ဒါလဲ ကိုယ့်အတွက်အမြတ်ပဲ အွန်လိုင်းမှာ တိုးတိုးလေးပြောပြ သူငယ်ချင်းက ဘယ်သူလဲဆိုတာ ..
မှားလဲမှားတတ်ပါပေ့ကွယ်..
သွပ်သာဆိုရင်အဲလိုလာမှားလို့ကတော့ ဆော်ပလော်တီးလိုက်မယ်.. ခွိ..ခွိ
who is that guy? :)
ဘယ်ကောင်ရှိမလဲ... ဟို နမော်နမဲ့ လုပ်တတ်တဲ့ ဝက်ဝံဖြူကြီးပေါ့ကွယ်... ဟား ဟား...
ဒါမျိုးက နောက်ပိုင်းမှာ ဇာတ်လမ်း ဆက်ဖြစ်သွားနိုင်တယ်
ဆက်ပြောပါဦး
Post a Comment