Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Tuesday, January 08, 2008

Sneeze

တနင်္ဂနွေနေ့ကပေါ့... မိုးတွေကတော့ ရွာကောင်းနေခဲ့တယ်... ပိတ်ရက်လေးမို့ နှာ နည်းနည်းစေးနေပေမဲ့လဲ.. မထူးပါဘူး... ဝယ်စရာ ရှိနေတာလေးတွေ ထွက်ဝယ်ဖို့ အိမ်ကနေ ထွက်လာခဲ့တယ်... ကားပေါ်မှာ ထားတဲ့ ရေမွှေးတုံးက ကုန်နေတာ ကြာလှပြီလေ...

ဆိုင်ရဲ့ ကားရေမွှေးတွေ ထားတဲ့ စင်ကို တိုက်ရိုက်ပဲ သွားလိုက်တယ်... စုံလို့ပါပဲလား... အနံ့အသစ်တွေလဲ ထွက်နေသေး... ကောင်းတာပေါ့...

ရေမွှေးဘူး အသစ်လေး တစ်ခုကို ကောက်ယူပြီး ထိပ်ပိုင်းက အပေါက်ကလေးကနေ အနံ့ကို ရှူကြည့်လိုက်တယ်...
အာ... ဖုန်တွေ... ခွီး.. ခွီး.. ခွီး..
“အတ်ချိ.. ခွိ ခွိ...”
“ဗျစ်...”

သေပြီ... နှာချေသလို ဖြစ်လိုက်တော့... နှပ်တွေ ထွက်လာတယ်... “ဖတ်” ကနဲ နှပ်တစ်ဗျစ်က အင်္ကျီပေါ် ကျလာတယ်... နှာခေါင်းနား တစ်ဝိုက်လဲ ပေပွနေတယ် (၄ နှစ်သားလေးလို)... ဒွတ်ခ... တစ်ရှူးလဲ တစ်ရွက်တောင် မပါဘူး... ပြီးတော့ ဆိုင်မှာ ဈေးဝယ်သူတွေကလဲ ကွက်ကြည့် ကွက်ကြည့်...

ထူးပါဘူး... လက်နဲ့ ကောက်သုတ်လိုက်တယ်... အကုန်ပဲ... အင်္ကျီပေါ်ကျတာတွေလဲ ကောက်သုတ်လိုက်တယ်... ဗြဲ ကနဲ ပိုပြီး ပေပွသွားတယ်... အတတ်နိုင်ဆုံး စင်ကလေးနောက်မှာ ကွယ်ပြီး မြန်မြန်သုတ်.. ဆိုင်ထဲကနေ အမြန်လစ်ထွက်ခဲ့ရတယ်...

ဒီတစ်ခါတော့ သားသားချက်ချက် ဖြစ်ပြီး ပြန်လာခဲ့ရတယ် ဆိုပါတော့...

4 comments:

Anonymous said...

ဟားးး...အစ်ကိုကလဲဖြစ်ရလေဗျာ နှပ်တွေနဲ့  ချက်စရာကြီး ဟီဟီးးးး ဒီတစ်ခါသွားလုံချည်ဝတ်သွားအဆင်ပြေတယ် ဘာသုတ်၂ ရတယ် လှည့်ဝတ်လိုက်ရင် အိုကေပဲဗျ..

MgThaJan said...

သူလမ်းသွားရင် ပုဆိုးမှမပါတာ အရှက်ကိုမရှိ :P

Unknown said...

ကာတွန်းတွေထဲမှာ ရွှတ် ..ဖ တ်လို့ ရေးတာ လိုပါပဲလား။ အခု အကိုကတော့ ဟတ်ချိုး.. ရွှတ်.. ဖတ် ပေါ့။း)) ရယ်လိုက်ရတာ။

သဇင်ဏီ said...

အဟဲ.. အဲဒီပုံကြီးကိုမြင်ချင်ပါသေး
လမ်းကြုံရင် တခါလောက်လုပ်ပြပါနော်..
ခွိခွိ