Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Wednesday, January 16, 2008

What's this life for


What's this life for
Originally uploaded by Franklin T..
ဒီတစ်ပတ် Native Myanmar ရဲ့ Weekly Photo Contest အတွက် ခေါင်းစဉ်လေးကတော့ “အထီးကျန်” တဲ့... ထွက်လာတဲ့ အိုင်ဒီယာလေး နှစ်ခုထဲက.. အခုမြင်နေရတဲ့ လှေကားနဲ့ ပုံလေးကို လက်တွေ့ အကောင်အထည် ဖေါ်ဖြစ်ခဲ့ပါတယ်...

နဂိုထဲကလဲ စတူဒီယိုထဲမှာ ရိုက်ရသလို အလင်းအမှောင်လေးတွေ ကစားပြီး ရိုက်ချင်နေတဲ့ ကျနော့်အတွက်.. အတော်ပဲပေါ့... တစ်ကယ့် စတူဒီယို မီးတွေ ဝယ်ဖို့တော့ ဘယ်တတ်နိုင်ပါ့မလဲ... ဒီတော့ Studio Lighting နဲ့ ပတ်သက်တဲ့ DIY (Do it yourself) တွေကို လိုက်ရှာဖတ်ရင်း.. Halogen Worklight ကိုသုံးပြီး စတူဒီယို အလင်းရောင်လို ဖြစ်အောင် ကြံဖန်ပြီး ရိုက်တဲ့ နည်းလေးတွေကို ရှာတွေ့လာခဲ့တယ်...

ဒါနဲ့ပဲ.. မနေ့ညနေ အလုပ်က ပြန်ရောက်တော့ လှေကားပေါ်ကနေ မီးကို လိုချင်တဲ့ အနေထားလေးမှာ ထားပြီး လူမပါပဲ ၁၀ ပုံလောက် အစမ်းရိုက်... နောက်တော့ တစ်ခါ.. လူနဲ့ ၁၀ ပုံလောက် ထပ်ရိုက်... နောက်ဆုံး ရလာဒ်ကတော့ ဘေးမှာမြင်နေရတဲ့ ပုံလေးပါပဲ...

7 comments:

သဇင်ဏီ said...

အရမ်းမိုက်တယ်ဆိုတာထက်ပိုမိုက်တယ်..
ပုံအနေအထားကိုပြောတာပါ...
မင်းသားကနည်းနည်းပဲပေးနေသလိုပဲနော် :P
အဲဒါဘူလဲဟင်..မီးနဲ့မိတ်ဆက်ပေးပါရှင့်... :D

MgThaJan said...

ဆေးလိပ်မီးခိုးငွေ့ အရမ်းလှတယ် :)

ထွန်း said...

အော် ပဲပေးနေတာလား သဇင်ဏီပြော မှ သိတယ် အိပ်ငိုက်နေတယ် ထင်တာ

nu-san said...

အင်း.. ရိုက်ထားတာ တော်တော်မိုက်တယ်.. ကင်မရာအကြောင်းတော့ သိပ်မသိဘူး.. ဒါပေမယ့် အလင်းအမှောင်ယူထားတာတော့ သဘောကျသား..

Kyaw Moe Nyan said...

အော်.. ကောင်းနေလိုက်ပုံများ။ :)

Anonymous said...

ဓာတ်ပုံက အရမ်းစားတယ်ဗျာ...အသဲကွဲပြီး ထိုင်းစဉ်းစားနေသလိုပဲ ဆေးလိပ်မီးခိုးလေးတွေလဲ တွေ့ နေရတယ်။။။
ပုံယူသွားတယ်ဗျ.. အမှတ်တရပေါ့

Myo Kyaw Htun said...

Native Myanmar's awarded photo !!!