Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Saturday, February 23, 2008

Black and White Photography



အဖြူအမဲ ဓါတ်ပုံတွေကို တစ်ခါမှ ဒီလိုမျိုး သေချာ မရိုက်ဖူးခဲ့သေးပါဘူး... ဒါဟာ ကျနော့်ရဲ့ ပထမဦးဆုံး အဖြူမဲ ဓါတ်ပုံလေးတွေပါ... လမ်းပေါ်မှာ လိုက်လျှောက်ပြီး ဓါတ်ပုံရိုက်ရတာ တစ်မျိုး စိတ်ဝင်စားစရာ ကောင်းသလို စိတ်ကြည်နူးစရာလဲ ကောင်းလှပါတယ်... နောက်ပြီး ဒီ အဖြူမဲ ဓါတ်ပုံလေးတွေ တစ်ကယ်တမ်း လိုက်ရိုက်တော့မှ အဖြူမဲ ဓါတ်ပုံတွေဟာ အရောင်စုံ ဓါတ်ပုံတွေနဲ့ မတူတဲ့ ခံစားချက်လေးတွေကို ပေးနိုင် ဖေါ်ပြနိုင်တာကို သဘောပေါက်လာခဲ့ ရပါတယ်... ဒီလို လေ့ကျင့်ခန်းလေး လုပ်ဖြစ်အောင် လမ်းပြပေးခဲ့တဲ့ ကိုသခင်ကြီး ကိုလဲ ကျေးဇူး အရမ်းတင်မိပါတယ်...

အားလုံးပေါင်း ၁၁ပုံ ရှိတာမို့ အကုန်လုံးကို ပို့စ်တစ်ခုထဲမှာ မတင်ပဲ Flickr slideshow လေး အဖြစ်နဲ့ တင်ပေးလိုက်ပါတယ်... ကျနော် အကြိုက်ဆုံးပုံတွေကတော့ သံဇကာတွေပုံ.. သစ်ပင်နှစ်ပင်ပုံနဲ့.. ဓါတ်တိုင်ပုံ ပါပဲ... ကိုယ့်ရဲ့ Flickr က ဓါတ်ပုံတွေကို slideshow အဖြစ်နဲ့ ကိုယ့်ဘလော့မှာ တင်ချင်တယ်ဆိုရင်တော့ ဒီ "HOW TO Quickie: Embedded Flickr Slideshows" ဆိုတဲ့ အညွှန်းလေးကို ဖတ်ဖို့ ညွှန်လိုက်ပါရစေ...

3 comments:

SuN said...

OMG .. I love the "Dead End" pic. So Cool~

Kyaw Moe Nyan said...

Happy Birthday, GuGu.

Gu Gu said...

Thanks buddy. You are the only one who remembers my birthday. :P