Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Sunday, February 17, 2008

ထာဝရ ချစ်မဲ့သူ

ဗီယက်နမ် ကနေ အမေရိကန် ပြည်ထောင်စု ကို ရောက်တာလဲ သိပ်မကြာသေးတဲ့ ဗီယက်နမ်မလေး တစ်ယောက်ပါ... ရောက်ခါစ ဆိုတော့လဲ အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင် မကျွမ်းကျင်သေးဘူးပေါ့...

ဒီလိုနဲ့ ကောင်မလေးဟာ အချိန်တန်တော့ ရည်းစားတစ်ယောက် ရလာပါတယ်... ဗီယက်နမ် ကောင်လေး တစ်ယောက်နဲ့ပေါ့... ချစ်စ ကြင်နာစဆိုတော့လဲ ဖုန်းတွေဆက် မတ်စေ့ (Text Message) တွေပို့.. အပြန်အလှန် ချွဲကောင်းတုန်းပေါ့...

တစ်ရက်မှာတော့ ကောင်မလေး ပို့လိုက်တဲ့ မတ်စေ့လေးကြောင့် သူ့ချစ်သူ ကောင်လေး ပြာယာခတ်ပြီး ရီရမလို ငိုရမလို ဖြစ်သွားရပါတယ်... ကောင်မလေးက "I love you forever" ဆိုပြီး ချစ်သူကောင်လေးကို ပြောချင်တာပါ... ဒါပေမဲ့ သူ ပို့ပေးလိုက်တဲ့ မတ်စေ့က..

"I love you fornever" ပါတဲ့...

1 comment:

Anonymous said...

I Love you fornever မို့တော်သေးတာပေါ့ အစ်ကိုရာ.....
I want kill you forever ဆိုရင် ဒွတ်ခ...ဟားဟားးး ရယ်စရာလေးတွေ ရေးလာတဲ့ အစ်ကိုကြီး..များများရေးနိုင်ပါစေဗျာ....