ဘလော့ဂ် ဝင်မရေးဖြစ်တာ တော်တော်ကြာသွားတယ်... အလုပ်တွေ များနေတာက တစ်ကြောင်း.. အခုနောက်ပိုင်း ဓါတ်ပုံနဲ့ ပတ်သက်တာတွေ လိုက်ဖတ်ပြီး အချိန်နည်းသွားတာက တစ်ကြောင်းမို့ ဘလော့ဂ်ကို လာလာလည်ကြတဲ့ သူငယ်ချင်းတွေကိုတောင် အချိန်မှီ စီဘောက်စ်မှာ စာမပြန်ဖြစ်ခဲ့ဘူး...
မနေ့က စပြီး သတင်းတွေ တခုပြီး တခုကြားလာရတယ်... ဖတ်လာရတယ်... မုန်တိုင်းရဲ့ နောက်ဆက်တွဲ သတင်းတွေ... သေဆုံးသူ ဦးရေကလဲ တဖြည်းဖြည်းနဲ့ များလာတယ်... ကြားရတာ မြင်ရတာတွေအတွက် စိတ်မကောင်းဘူး... ရင်ထဲမှာလဲ ဟာတာတာနဲ့... ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး...
တစ်ခုပဲ တွေးနေမိတယ်... ၄၈ နာရီ ဆိုတဲ့ အချိန်ကို တာဝန်ရှိသူတွေက အကျိုးရှိရှိ အသုံးချခဲ့မယ်ဆိုရင် ဒီလောက် အသေအပျောက် များခဲ့မယ်လို့ မထင်ဘူး... အခုလဲ တချို့ အသက်ရှင်ကျန်ခဲ့တဲ့ ဒုက္ခသည်တွေ အတွက် အချိန်တွေ ရှိနေပါသေးတယ်... လုပ်သင့်တာတွေ မြန်မြန် လုပ်ကြဖို့ပဲလိုတယ်... ကယ်ဆယ်ရေး လုပ်ငန်းတွေကို မြန်မြန်လုပ်ဖြစ်ကြပါစေ အချိန်မှီနိုင်ကြပါစေ လိုပဲ စိတ်ထဲ ကြိတ်ဆုတောင်းနေမိတယ်ဗျာ...
အဲဒီ မုန်တိုင်းကျခဲ့တဲ့ နေ့က မြန်မာပြည်သူလူထု တချို့ရဲ့ မျက်နှာတွေကို စိတ်ကူးထဲမှာ ခဏခဏ မြင်ယောင်နေမိတယ်...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Wednesday, May 07, 2008
မုန်တိုင်းကြားက မျက်နှာများ
Posted by
Gu Gu
at
1:08 AM
Labels: ဟိုဟိုဒီဒီ စိတ်ကူးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment