Blog ရေးနေခဲ့ပေမဲ့လည်း tag လုပ်တာတွေ.. tag အလုပ်ခံရတာတွေ နည်းခဲ့ပါတယ်... ဒီတခေါက်တော့ သူငယ်ချင်း မောင်သင်္ကြန် ရဲ့ ကောင်းမှုနဲ့ ရေးဖို့ ကြုံလာခဲ့ပြန်တယ်... မေးခွန်းလေးတွေက စိတ်ဝင်စားဖို့ ကောင်းတာက တစ်ကြောင်း.. blog ကို လာလည်ကြတဲ့ စာဖတ်မိတ်ဆွေတွေနဲ့ ရင်းနီးမှု ပိုရစေတာက တစ်ကြောင်းကြောင့်.. ဒီလိုတွေ ပြန်ဖြေလိုက်တယ်ဗျာ... အရှိကို အရှိအတိုင်းပေါ့...
ကိုယ့်ရဲ့နာမည် ----- ရန်နိုင်
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ----- ဂူဂူး (သို့) ဂူးလေး
ကိုယ်ဒီမှာနေတယ် ----- Los Angeles
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ----- Email သာပို့လိုက်ပါ... ဖုန်းနံပါတ် ပြန်ပို့ပေးလိုက်ပါ့မယ်... Telemarketing တွေက ဖုန်းခေါ်လွန်းလို့ပါ...
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက...
အရောင်ဆိုရင် ----- ငါလိုချင်တာ အပြာရောင်
အ၀တ်အစားဆိုရင် ----- တီရှပ် နဲ့ ဂျင်းဘောင်းဘီ.. Walking Shoe ပေါ့ပေါ့ပါးပါး တစ်ရံဆို အဆင်ပြေပါပြီ...
အစားအစာဆိုရင် ----- စားကောင်းတာ အကုန်ကြိုက်... အသီးမှာတော့ ဒူးရွင်းသီးပေါ့...
ပစ္စည်းဆိုရင် ----- တိုလီမိုလီ electronics တွေရယ်.. ကင်မရာ ပစ္စည်းတွေရယ်ပေါ့...
သီချင်းဆိုရင် ----- All kinds of Rock
စာရေးဆရာ ----- ငယ်ငယ်ကတော့ မင်းသိင်္ခ ကို သဘောကျတယ်... အခုတော့ နီကိုရဲ... ရယ်စရာတွေ ရှားပါးနေတာ ကြာပြီလေ...
စာအုပ် ----- ကြည်ပြာရောင် နဂ္ဂတစ်များ... အခုနောက်ပိုင်း စာဖတ်နည်းတယ်ဗျာ...
Life style ----- Forever 21... လုံးဝ မလျှော့ဘူး...
ကိုယ့်ရဲ့ဝါသနာ ----- ဓါတ်ပုံရိုက်ခြင်း...
အလိုချင်ဆုံးလက်ဆောင် ----- 50 Billion ($) လောက်ပါပဲ...
ကိုယ့်ရဲ့ အချစ်ဆုံးသူက ----- ပြောဝူး...
ကိုယ့်ရဲ့ အလေးစားဆုံးသူက ----- Albert Einstein
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ----- ဟို သတ္တဝါတွေ အကုန်ပေါ့... တစ်ယောက်ထဲ ကွက်ပြောရင်.. လာအထွန့်တက်နေမှာ စိုးလို့...
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ----- အမေ
ကိုယ့်ရဲ့ အမုန်းဆုံးသူက ----- မရှိတော့ပါဘူး...
ရင်အခုန်ဆုံးအချိန် ----- ပထမဆုံး ရည်းစား က အဖြေမပေးသေးခင် ဖက်နမ်းလိုက်တဲ့ အချိန်...
အကြောက်ဆုံးအချိန် ----- The Grudge သရဲကား ကြည့်တုန်းက...
အပျော်ဆုံးအချိန် ----- သူငယ်ချင်းတွေ စုံတုန်းက ဒီလိုအချိန်တွေ တော်တော်များခဲ့တယ်...
အမှတ်တရနေ့ ----- မြန်မာပြည်က ထွက်လာခဲ့တဲ့ နေ့...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ----- လိုအင်ဆန္ဒ မှန်သမျှ အမှန်အကန် ပြည့်ဝရပါလို၏...
အချစ်ဆိုတာ ----- ကလေးတွေ ပြောတာ...
အမုန်းဆိုတာ ----- အချစ်ရှိနေလို့ ဖြစ်လာတာ...
အလွမ်းဆိုတာ ----- ရင်ထဲမှာ ဟာတာတာကြီး ဖြစ်တာကို ပြောတာ ထင်ပါတယ်...
သံယောဇဉ်ဆိုတာ ----- ကျုပ်အတွက်တော့ ဖြတ်ရခက်တယ်...
ဘ၀ဆိုတာ ----- တခါတလေတော့လဲ ပျင်းစရာကြီး...
သူငယ်ချင်းဆိုတာ ----- ကိုယ့်ဘဝ အနိမ့်ဆုံးရောက်နေချိန်မှာ ကိုယ့်ဘေးနား ရပ်တည်ပြီး ကျန်ခဲ့တဲ့သူ...
ချစ်သူဆိုတာ ----- နာမည်သိပ်မကြီးလိုက်တဲ့ ရုပ်ရှင်မင်းသား...
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် ----- ပျော်တတ်တယ်... အပေါင်းအသင်းမင်တယ်... တခါတလေတော့လဲ အူကြောင်ကြောင်နိုင်တယ်...
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ----- အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါပြန်မလာဘူး...
အပြောချင်ဆုံးစကားတစ်ခွန်း ----- တခါမှ မတွေးမိဘူး... မရှိပါ...
အခုလို ပြောချင်တာလေးတွေ ပြောပြီးတော့.. ဘယ်သူ့ကို ဒုက္ခပေးရမလဲ လျှောက်တွေးကြည့် လိုက်တော့.. ခေါင်းထဲပေါ်လာတာက စကားပြောရင် ရှင်းရှင်းပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ SuN ဆိုတဲ့ ကောင်မလေးကို ပြေးမြင်မိတာနဲ့... ကဲ... ရေးပေဦးတော့ သူငယ်ချင်းလေးရေ...
Wednesday, September 10, 2008
A Boy Named Gu
Posted by
Gu Gu
at
11:39 PM
Labels: Miscellaneous
Subscribe to:
Post Comments (Atom)
8 comments:
ရင်အခုန်ဆုံးအချိန် ----- ပထမဆုံး ရည်းစား က အဖြေမပေးသေးခင် ဖက်နမ်းလိုက်တဲ့ အချိန်...
ဟား ဟား တိုင်ပြောလိုက်မယ်နော် ကြောက်ဘူးလား :P
အော်
ချစ်သူဆိုတဲ့ ကောင်လေးကိုတောင် သတိရသွားပြီး။
ဖြူဖြူချောချော ဆံပင်အလယ်ခွဲနဲ့ မင်းသားလေ။ :P
ဖိနပ်က Converse All Star ဆိုဖြစ်မလား? :P ကျွန်တော်ကြိုက်တာပြောတာ ဟိ!
ပထမဆုံး ရည်းစား က အဖြေမပေးသေးခင် ဖက်နမ်းလိုက်တဲ့ အချိန်. တဲ့ အခုခေတ်တော့မရတော့ဘူးနော် အမျိုးသမီးရေးရာ ရောက်မယ်း)
ဘုရားမတာဘဲ ကလေးက တယ်လည်းလက်ရဲဇက်ရဲ ရှိတာကိုး၊ တော်သေးတာပေါ့ ဟိုက ဘာမှ မလုပ်လို့
tag game တွေခေတ်စားတာထဲ ဂူးဂူးလဲပါသကိုး လာဖတ်သွားတယ်
မေးလ်ပို့လိုက်တယ် ဖုန်းတော့ဆက်မလို့ဟုတ်ဘူး
ကီးဘုတ်ကမြင်းတာ
ဘိုင်ဒဝေး ပို့စ်အသစ်မတင်ဖြစ်သေးတဲ့အတူတူ
ကျွန်တောနှင့်ပထမဆုံးများကိုရေးပေးပါလား tag တယ်လို့သဘောထားပေါ့နော်
ဘာရေးရမှန်းမသိရင် နာ့ဘလော့မှာ နမူနာလာဖတ်လေ
http://melodymaungmm.myanmarbloggers.org/2008/09/blog-post_29.html
အော်.. boy လား... Girl ထင်နေတာ :D :P
ဟုတ်ကဲ့... လာဖတ်သွားပါတယ်ဂျ
Post a Comment