ဓါတ်ပုံဖိုင်ဟောင်းလေးတွေထဲ မွှေနှောက်ရှာရင်း.. ဒီပုံလေးကို သွားတွေ့လိုက်မိတယ်... ကိုကျော်သူရထွန်း ဆိုတဲ့ ဓါတ်ပုံဆရာတစ်ဦး ရိုက်ထားတဲ့ ပုံလေးပါပဲ... မထင်မှတ်ပဲ ရေမုန့် စားချင်တဲ့ ရောဂါ တက်လာသလို ဒီပုံလေးကြောင့် အတွေးတွေလဲ ချာချာလည် သွားရပါတော့တယ်...
ရေမုန့်ကြော် မစားရတာ ကြာလှပေါ့... မရှိဘူး ဆိုရင်တောင် ဆယ်စုနှစ် တစ်ခုကို ကောင်းကောင်းကျော်လာခဲ့ပြီပဲလေ... အခုလို လတ်လတ်ဆတ်ဆတ် ကြော်နေတဲ့ ပွဲဈေးတန်းက ရေမုန့်တွေကို ရုတ်တစ်ရက် တွေ့လိုက်ရတော့ စိတ်ထဲ အခုချက်ချင်းတောင် ပြန်ပြေးပြီး အားပါးတရ ဝယ်စားချင်စိတ်တွေ ပေါ်လာခဲ့ရတယ်... ပွဲဈေးတန်းထဲ လျှောက်လည်ခဲ့ဖူးတဲ့ ဟိုတစ်ချိန်က အကြောင်းတွေကိုလဲ ရေးရေးလေး ပြန်တွေးနေမိတယ်... ပျော်စရာပါပဲ...
မှတ်မိသေးတယ်... သီတင်းကျွတ်ပြီဆိုရင် ရေကျော်ဖက်မှာ ပွဲဈေးတန်းက စည်တာမှ အရမ်းကို စည်တာလား... အခြောက်တွေကလဲ စင်ထိုးပြီး သီချင်းတွေ တက်ဆိုကြသေးတယ်... ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို စင်ပေါ်ကနေ သရုပ်ဆောင်ပြကြသေးတယ်... အူတက်မတတ် ရယ်ရအောင် သရုပ်ဆောင် ကောင်းကြပါပေတယ်... ပွဲဈေးတန်းထဲမှာတော့ ဆိုင်ပေါင်းစုံလို့ပါပဲ... ဂဏန်းကော်ပြန့်ဆိုင်၊ ဘူးသီးကြော်ဆိုင်၊ ဘီယာဆိုင်၊ အသုပ်ဆိုင်၊ ဘိန်းမုန့်ဆိုင်၊ အိုး... စုံလို့ပါပဲ...
မှတ်မှတ်ရရ.. ဒီကို ထွက်မလာခင် ၂ နှစ်လောက်.. လမ်းထဲက သူငယ်ချင်းတွေနဲ့ ပုဇွန်တောင်မှာ ဘီအီး (အရက်ဖြူ) ဝယ်.. ပြီးတော့မှ ဘူးသီးကြော်ဆိုင်က ရေးနွေးကရားထဲ ခိုးထဲ့ပြီး 7-Up နဲ့ ရေးနွေး ပုကန်လုံးလေးတွေနဲ့ ပွဲဈေးတန်းထဲ ထိုင်သောက်ခဲ့ကြတယ်... ဘာရယ်မဟုတ်ပေမဲ့လဲ အဲဒီ အဖြစ်အပျက်လေးကို အခုထက်ထိ မှတ်မိနေဆဲပဲ... အခုတော့ အဲဒီ သူငယ်ချင်းတွေ ဘယ်တွေရောက်လို့ ဘာတွေလုပ်နေကြမလဲဆိုတာ မှန်းဆလို့တောင် မမြင်နိုင်တော့ပါလား...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Tuesday, November 27, 2007
ရေမုန့်ကြော် ကြွပ်ကြွပ်လေး
Posted by
Gu Gu
at
12:28 AM
Labels: ဟိုဟိုဒီဒီ စိတ်ကူးများ
Subscribe to:
Post Comments (Atom)
3 comments:
ပုံထဲက အကြီးကြီးတွေကို ပြောတာလား ? ကျွန်တော်တို့ ခေါ်တာက မုန့်ပြားသလက် (မုန့်ပစ်စလက်) စာလုံးဘယ်လိုပေါင်းတယ်တော့ မသိဘူး။ အဲ့လိုခေါ်တာ။ အစ်ကိုတို့က ရေမုန့်ကြော်လို့ခေါ်တာလား ?
ဟိုက်ရှားဘား... မုန့်ပြားသလက်လို့ ခေါ်ကြတယ်? အခုမှ သိရတာ... ပထမက ကျနော့်ဘဝမှာ မုန့်ပြားသလက် တစ်ခါမှ မစားဖူးသေးဘူးရယ်လို့ ထင်နေတာ... အခုလို သိရတော့ စားဖူးတယ်လို့ ပြောလို့ရပြီပေါ့ဗျာ...
ဟုတ်တယ်... ကျနော်တို့ ရန်ကုန်မှာတော့ ရေမုန့်လို့ ခေါ်နေကြတာပဲလေ... ပွဲဈေးတွေမှာ... မှတ်မိသလောက်လေး ပြောတာပါ... မှားနေရင်တော့လဲ ပြင်ပေးကြဦးနော်...
လင်းပြောသွားတဲ့ စာလေးကို ဖတ်မိတော့မှပဲ “ကျွတ်”လား “ကြွတ်”လား... ဘယ်လို စာလုံးပေါင်းရမလဲ ဆိုတာကို ပြန်စဉ်းစားနေမိတယ်... နောက်ဆုံးတော့ မြန်မာစာ သတ်ပုံကျမ်း မှာ ပြန်ရှာကြည့်တယ်... “ကြွပ်” ကို ကြွပ်ဆတ်ဆတ် ဆိုတဲ့ အသုံးမှာသုံးထားတာ တွေ့ရတယ်... ဒါနဲ့ပဲ အခုတော့ “ရေမုန့်ကြော် ကြွပ်ကြွပ်လေး” ဆိုပြီး ဖြစ်သွားပါပြီ...
Post a Comment