သူငယ်ချင်းတို့ရေ...
ဘာလိုလိုနဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကို ရောက်လာခဲ့ပြန်ပြီပေါ့... ခါတိုင်းဆို ငါ မင်းတို့ဆီကို ဒီအချိန်ဆို ရောက်နေကျပေါ့... မင်းတို့တစ်တွေ ဒီအချိန်ဆို လေယာဉ်ကွင်းမှာ ငါ့ကို လာကြိုနေလောက်ပြီ... ကားပေါ်မှာ စကားတွေပြောရင်း ငါတည်းမဲ့ ဟော်တယ်ကို သွားနေလောက်ပြီ... ညနေကျရင် Friendship မှာ ပြန်ဆုံပြီး စားကြသောက်ကြ စကားတွေ ဖေါင်ဖွဲ့ပြီး ပြောကြရဦးမှာလေ...
ဒီတစ်ခေါက်တော့ ငါပြန်မလာနိုင်ခဲ့ဘူး... မင်းတို့ကို ဘယ်လိုပြောရမလဲတောင် မသိတော့သလို ဖြစ်နေမိတယ်... ဒါပေမဲ့ မင်းတို့ အားလုံးကို သတိရမိတဲ့ အနေနဲ့ ငါ ဝိုင်ချိုတစ်ခွက်ကို သောက်လိုက်တယ်... အမှတ်တရပေါ့... ဟိုအရင် အချိန်တွေကို ပြန်သတိရနေလိုက်တယ်... ခဏနေကျရင် ငါတို့ရဲ့ ခရီးတွေမှာ ရိုက်ခဲ့တဲ့ ဗီဒီယိုလေးကို ပြန်ပြီး တည်းဖြတ်လိုက်ဦးမယ်... နောက်ပြန်ဆုံကျဦးမယ်ကွာ... ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Monday, November 05, 2007
To my buddies
Posted by
Gu Gu
at
7:05 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment