Artist: A Nge
ဒီ အတိုင်းဆို အချစ်များဟာ
အရောင်တွေ ဖျော့လို့ သွားပြီလား
ရေစီးမှာ မီအောင် မျောရင်း
အတူမဆုံဖြစ်တဲ့ နေ့ရက်တွေ
ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်း ပြေးရင်း
ဖိနပ်လဲ ပါးတော့မယ်
ဘယ်တော့များမှ အတူနေရဖို့
သေချာဦးမလဲ ချစ်သူရယ်
ငါ တို့ နှစ်ယောက်/ နှစ်ဦး ကြား
အကြောင်းမဲ့ သက်သက် အချိန် များ/ တွေ ဖြုန်း
တကယ်ပါ တွေးကြည့်စမ်း
အချစ်ရှိဖို့ အလိုအပ်ဆုံး
အရင်ကလို ငါတို့ နှလုံးသား
ရင်ခုန်သံ ကြားဖို့ အားရဲ့လား
အိပ်မက်တွေ တစ်ခုပြီး တစ်ခု
လူကို အဝေးက မျှားလို့ရယ်
ဒီ အချိန်ထိအောင် ငါတို့ ဝေးနေ
တကယ်ကို ငြီးငွေ့လွန်းပြီကွယ်
အတူနေရအောင် ရောင့်ရဲစို့
ဒီဘဝရဲ့ အမော
လက်တွဲလို့ တို့အတူ မောရအောင်
(Download the lyrics with guitar cords)
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Monday, February 11, 2008
အငဲ - ရောင့်ရဲစို့
Posted by
Gu Gu
at
7:05 PM
Labels: Multimedia
Subscribe to:
Post Comments (Atom)
No comments:
Post a Comment