Colorful Sunset
Originally uploaded by Franklin T..
တကယ်တမ်း သွားချင်တာက Dutch Town. နောက်တော့ အချိန်မရတော့တာကြောင့် Redondo Beach ကို သွားမယ်လို့ စိတ်ဆုံးဖြတ်လိုက်ကြတယ်... GPS နဲ့ ဟိုဒီလျှောက်ရှာပြီး မျောက်အုန်းသီး ကလိသလို လုပ်လိုက်တော့.. နောက်ဆုံးမှာ Malibu ဖက်က Corral Beach ကို ရောက်သွားပါလေရော... ရောက်တာနဲ့ တော်တော်လေး စိတ်ချမ်းသာသွားတယ်... နေဝင်ချိန်လေး...
ကမ်းခြေပေါ်က ကိုယ်မတတ်နိုင်တဲ့ အိမ်လေးတွေကို သွားရည်ကျရရုံ.. လိုက်ကြည့်ရင်း.. ဓါတ်ပုံတွေ ရိုက်ရင်း.. ကျနော့်ရဲ့ တစ်ချိန်က ထွက်ပြေးသွားတဲ့ ဆည်းဆာလေး ကို ပြန်ဖမ်းမိလိုက်ပါတော့တယ်...
အပေါ်က ဓါတ်ပုံလေးကို “ဆည်းဆာလေးကို ဖမ်းမိခြင်း” လို့ နာမည်ပေးလိုက်တယ်...
Follow Me
Originally uploaded by Franklin T..
ဒီပုံလေးကတော့ သဲသောင်ပြင်ပေါ် လှိုင်းတွေ တက်လာပြီး.. ကျန်နေခဲ့တဲ့ အရေးအကြောင်းလေးတွေပါ... သဘာဝတရားကြီးက တခါတလေတော့လဲ သူ့ကိုယ်သူ အလှတွေ ဆင်လို့... ပုံစံအမျိုးမျိုး.. အရောင်အသွေး အမျိုးမျိုးနဲ့ပေါ့...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Monday, December 29, 2008
ဆည်းဆာလေးကို ဖမ်းမိခြင်း
Posted by
Gu Gu
at
11:57 PM
Labels: Photography
Subscribe to:
Post Comments (Atom)
No comments:
Post a Comment