Zona Rose
Originally uploaded by Franklin T..
ပြီးခဲ့တဲ့ စနေနေ့မှာတော့ အလုပ်က သူငယ်ချင်းတစ်ယောက်နဲ့ အတူ Red Mountain, California က ghost town ဖက်ကို ဓါတ်ပုံရိုက်ဖို့ ထွက်ဖြစ်ခဲ့ကြပါတယ်... ရာသီဥတုလဲ ကောင်းသလို လမ်းတစ်လျှောက်မှာလဲ စိတ်ဝင်စားစရာတွေချည့်ပါပဲ... သဲကန္တာရဆန်ဆန် လွင်ပြင်တွေ.. ခြုံပင် ဆူးပင်တွေကလဲ လမ်းဘေးဝဲယာ တစ်လျှောက်လုံး မျက်စိတစ်ဆုံးပါပဲ... ဓါတ်ပုံ တကယ်ရိုက်မယ်ဆိုရင် ခဏခဏ ဆင်းရိုက်နေတာနဲ့ပဲ လိုရာကို တော်တော်နဲ့တောင် ရောက်ဖြစ်တော့မယ် မထင်ပါ...
နှစ်နာရီခွဲကျော်လောက် မောင်းပြီးချိန်မှာတော့ ghost town ကို ဟိုင်းဝေးလမ်းမရဲ့ ဘေးမှာတင် တွေ့ရပါတော့တယ်... တစ်ချိန်က ရွှေတွင်းတူးတဲ့ လုပ်ငန်းတွေကြောင့် စည်ကားခဲ့တဲ့ မြို့လေးဟာ အခုချိန်မှာတော့ ခြောက်သွေ့တိတ်ဆိတ်လို့... အမှိုက်ကောက်နေတဲ့ လူတစ်စုကလွဲရင်.. ရှိရှိသမျှ အရာတွေ အားလုံးက ပျက်စီးယိုယွင်းနေတဲ့ သက်မဲ့တွေချည့်ပါပဲ... ဟိုင်းဝေးလမ်းမပေါ်ကနေ ဖြတ်သွားတဲ့ကားတွေ ရှိနေပေမဲ့ ခပ်ကျဲကျဲပါပဲ...
What's Left of Zona Rose
Originally uploaded by Franklin T.
ကားပေါ်ကနေ ဆင်းပြီး ပျက်စီး ယိုယွင်းစပြုနေတဲ့ အိမ်အိုဟောင်းတွေ ကြားထဲ လှည့်ပတ်သွားရင်း ဓါတ်ပုံတွေ ရိုက်ခဲ့ကြတယ်... Ford GMC စတဲ့ ခေတ်ဟောင်း ကားပျက်တွေလဲ တွေ့ခဲ့ရတယ်... နေမဝင်ခင်လေး ခပ်လှမ်းလှမ်း တစ်နေရာကို ရွှေ့မယ်ဆိုပြီး ကားပေါ်တက်.. ဆက်ထွက်လာခဲ့ကြတယ်... ဖြစ်ချင်တော့ အမှိုက်တွေကြားထဲက သံချောင်း လက်ချက် ထင်ပါရဲ့... ညာ နောက် ကားဘီးက ပြားနေပါလေရော...
နှစ်ယောက်သား ကင်မရာတွေချ.. ကားဘီးလဲဖို့ ပြင်ရပါတော့တယ်... အဆင်မပြေပါဘူး... ဂျိုက်ထောက်က နိမ့်နေသေးလို့ စပယ်ယာဘီးကို ဘယ်လိုမှ ထည့်မရ.. အခက်တွေ့ရပါတော့တယ်... ကံကောင်းချင်တော့ ဘေးနားမှာ ကားတစ်စီး... ကားပေါ်က လူကို မေးမြန်း အကူညီတောင်းတော့ အနီးနားမှာ ရှိတဲ့ သူ့အိမ်ကို ပြန်ပြီး ဂျိုက်ထောက် ယူလာပေးပါတယ်... နောက်ဆုံးမှာတော့ ကားဘီးက အဆင်ပြေသွားပါတော့တယ်... နေဝင်ချိန်လေးကိုတော့ လက်လွှတ်ဆုံရှုံးခဲ့ရတယ်...
ကားဘီး က လေသိပ်မရှိတာကြောင့် ghost town လေးကို အမြန်နုတ်ဆက်ပြီး ပြန်ခဲ့ရပါတော့တယ်... နေခဲ့ဦးတော့ Red Mountain ရေ...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Friday, January 09, 2009
Ghost Town of Red Mountain
Posted by
Gu Gu
at
12:19 AM
Labels: Photography
Subscribe to:
Post Comments (Atom)
2 comments:
အသံလေးတောင် မပေးပါလား ငါ့ဆရာရယ်
အလည်ရောက်ဖူးချင်တယ် ..
ငေးကြည့်သွားတယ် ..
မရောက်ဖူးပေမယ့်အခုလို့ လေ ဖော်ပြပေးလို
့ကျေးဇူးတင်ပါတယ်
Post a Comment