Sturtevant Falls (Color)
Originally uploaded by Franklin T..
မနေ့က စနေနေ့ အလုပ်နားရက်မို့ အပြင်ထွက် ဓါတ်ပုံရိုက်ဖို့ စိတ်ကူးလေး ရခဲ့ပါတယ်... သူငယ်ချင်းက လာခေါ်တဲ့ အချိန်မှာတော့ တကယ်တမ်း ဘယ်ကိုသွားပြီး ဘာပုံ ရိုက်မယ်တောင် စဉ်းစားလို့ ထွက်မလာပါဘူး... ဒါနဲ့ နှစ်ကောင်သား အကြံထုတ်ရင်း Angeles National Forest ဖက်ကို သွားပြီး ကြည့်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ တောင်ပေါ်ဖက်ကို ကားနဲ့မောင်းတက်.. တောင်ပေါ်ရောက်တော့ ရေတံခွန်လေး တစ်ခု ရှိတယ်ဆိုလို့ မြေပုံနဲ့ လမ်းဆိုင်းဘုတ်လေးတွေ အကူနဲ့ ရေတံခွန်လေး ရှိတဲ့ဖက်ကို ထွက်လာခဲ့ပါတော့တယ်...
ပထမ အစပိုင်းမှာ ကတ္တရာခင်းထားတဲ့ လမ်းလေး.. နောက် တဖြေးဖြေးနဲ့ မြေလမ်းလေး ဖြစ်သွားတဲ့ လမ်းကြောင်းလေး အတိုင်း.. စမ်းချောင်းလေးကို ဟိုဖက်က ဖြတ်လိုက်.. ဒီဖက်က ကူးလိုက်နဲ့.. နောက်ဆုံးမှာတော့ ရေတံခွန်လေး ရှိရာကို နှစ်မိုင်ကျော် ခရီး ခြေကျင်လျှောက်အပြီး ရောက်လာခဲ့ပါတယ်... ပင်ပန်းရကျိုး နှပ်လောက်တယ် ထင်တဲ့ ဓါတ်ပုံလေး နှစ်ပုံပဲ ရခဲ့ပါတယ်... အပြန်ခရီးမှာတော့ ကုန်းဆင်း ကုန်းတက်တွေကို ခြေကျင်လျှောက် ပြန်တက်ခဲ့ရတာမို့ အခုတော့ ခြေထောက်ကြွက်သား တောင့်တင်းလို့ နေပါပြီ... နားလိုက်ဦးမယ်ဗျာ... :P
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Sunday, March 29, 2009
Sturtevant Falls, Angeles National Forest
Posted by
Gu Gu
at
12:05 PM
Labels: Photography
Subscribe to:
Post Comments (Atom)
1 comment:
awesome shots brother.. :)
Post a Comment