Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Sunday, February 25, 2007

On this day in history

ဒီနေ့ ကတော့ ကျွန်တော့ရဲ့  မွေးနေ့ ပါ။ မှတ်မှတ်ရရဆိုလို့  အမေချက်တဲ့ အုန်းနို့ ခေါက်ဆွဲကို တမိသားစုလုံး အားရပါးရ ဝိုင်းစားကြတယ်။ ပြီးတော့ Birthday Cake ခွဲစားကြတယ်ပေါ့ဗျာ။ ဗိုက်ကိုတင်းရော ဆိုပါတော့။ ဒါနဲ့  တချိန်ထဲမှာပဲ စိတ်ကူးတခုရမိတယ်။ ကမ္ဘာ့ သမိုင်းရဲ့  ဒီနေ့  ဒီအချိန်မှာ ဘယ်သူတွေများ မွေးခဲ့ပါသလဲ ဆိုပြီး စဉ်းစားမိတယ်။ ဒါနဲ့  Wikipedia မှာ ဝင်ရှာလိုက်တော့ အောက်မှာရှိတဲ့ စာရင်းလေးကို ရလိုက်ပါတယ်။

Births


စိတ်ဝင်စားဖို့  ကောင်းတာကတော့ American hard rock band Guns N' Roses အဖွဲ့ ရဲ့  member Chris Pitman က ကျွန်တော်နဲ့  မွေးနေ့ တူနေတယ် ဆိုတာပါပဲ။ Guns N' Roses ရဲ့  သီချင်းတွေကို ကျွန်တော် အရမ်းပဲ နှစ်သက်ခဲ့ပါတယ်။ အခု သိလိုက်ရတဲ့ တိုက်ဆိုင်မှူလေးကို အတော်လေးလဲ သဘောကျမိတယ်။ မွေးနေ့ လေးသာတူပြီး အရာရာ ကွဲပြားခြားနားတဲ့ ကံကြမ္မာတွေအကြောင်း ကိုလဲ ဆက်ပြီး စဉ်းစား နေမိပါတော့တယ်။

Source: http://en.wikipedia.org/wiki/February_25

No comments: