Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Friday, May 25, 2007

မယ်လိုဒီမောင် ရဲ့ မြန်မာစကားထာလေးတစ်ချို့

မယ်လိုဒီမောင် ရဲ့ မြန်မာစကားထာလေးတစ်ချို့ကို ဝင်ဖြေခဲ့မိလိုက်ပါတယ်... ဘာတွေလျှောက်ဖြေခဲ့သလဲဆိုတာကို ဘလော့ခ်ကို လာလည်သူတွေပါ ဖတ်ရအောင် ပြန်ရေးထားပေးလိုက်ပါတယ်... စိတ်ဝင်စားရင် မယ်လိုဒီမောင်ရဲ့ဘလော့ခ် မှာ သွားဖြေနိုင်ပါတယ်ခင်ဗျား...

ငါ့ နွားတစ်ကောင် ဘို့ တစ်ထောင်။
ဖြေ။ ကြက်ဟင်းခါးသီး

ငမဲဖင် ငနီလျက်။
ဖြေ။ ငမဲနဲ့ ငနီဆိုတဲ့ ခွေးနှစ်ကောင်ပါ။ တော်တော်ညစ်ပတ်တဲ့ ကောင်တွေပဲနော်။

အိမ်ရှိပေမဲ့ လူမရှိ၊ လူရှိပေမဲ့ အသံ မကြားရ။
ဖြေ။ ဟိုဖက်လမ်းက သရဲခြောက်တဲ့အိမ် နေမှာပေါ့။

ထမိန်လှန်၊ အမွှေးနှုတ်၊ အစေ့ စား။
ဖြေ။ ပြောင်းဖူး (မစားရဲတော့ဘူး)

ကျွန်းတုံး ကြောင်လျှောက်။
ဖြေ။ လွမ်းတုန်း မောင်ရောက်

ခွေးလျားသီး ဘိုင်စကယ်။
ဖြေ။ ခွေလျားသီးက ယားတယ်၊ ဘိုင်စကယ်က စီးဖို့။ ယားစီး ၊ ယီးစား။

1 comment:

Peanut said...

ရီရတယ်.....