Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Tuesday, May 08, 2007

Some things are not meant to be taken

မစားကောင်း မသောက်ကောင်းတဲ့ အရာ (လူထုစိန်ဝင်း)

တစ်ချိန်က ကျွန်တော်ဟာ ဆရာကြီး လူထုဦးစိန်ဝင်းရဲ့ FMA မှာ တက်ခဲ့တဲ့ ကျောင်းသားဟောင်း တစ်ယောက်ပါ။ အခုချိန်ထိ ဆရာကြီးရဲ့ ဆုံးမသြဝါဒတွေကို သတိရနေမိဆဲပါပဲ။ FMA မှာ ဆုံခဲ့တွေ့ခဲ့တဲ့ သူငယ်ချင်းဟောင်းတွေကိုလဲ သတိရနေမိဆဲပါ။ ဒီတစ်ခေါက် အခြေအနေလေးပေးရင် ဆရာကြီးရဲ့ ကျောင်းကို ပြန်သွားကြည့်မယ်လို့ စိတ်ကူးထားတာလေး ဒီဆောင်းပါးလေး ဖတ်အပြီးမှာ ဝမ်းနည်းစွာနဲ့ ပျက်စည်းသွားခဲ့ရပါတယ်။ ဝမ်းသာစရာ တစ်ခုကတော့ ဆရာကြီးဟာ ဒီနေ့ဒီအချိန်ထိ ရေးမြဲရေးနေဆဲ ဆိုတာပါပဲ။ Weekly Eleven Journal မှာပါလာတဲ့ ဆရာကြီးရဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ဖေါ်ပြပေးလိုက်ပါတယ်။ ပုံကို နှိပ်ပြီး ဆောင်းပါးတစ်ပုဒ်လုံးကို ဖတ်ရှူနိုင်ပါတယ်။ တစ်ကယ်လို့ မြင်နေရတဲ့ ပုံဟာ ဖတ်လို့မရသေးဘူးဆိုရင် မှန်ဘီလူးလေးကို နှိပ်ပြီး အကြီးချဲ့ ဖတ်လို့ရပါတယ်။

တစ်ကယ်လို့များ စာဖတ်သူတွေထဲက ဆရာကြီး ဦးစိန်ဝင်းရဲ့ ကျောင်းသားဟောင်းတွေ ရှိရင်လဲ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်။

(မှတ်ချက် - နေးတစ်ဖေါ်ရမ်းမှ မနှင်းဆီက ပို့စ်လုပ်လို့ သိရတာပါ။)

No comments: