Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Wednesday, August 01, 2007

ခရီးများအဆုံးထိလျှောက်


Las Vegas ကနေ မပြန်ခင် Hoover Dam ဖက်ကို ဝင်ဖို့ US 93 ကနေထွက်လာတော့ ဒီနေရာလေးကိုဖြတ်ရပါတယ်... ရှေ့မှာ ရေးရေးလေး မြင်နေရတဲ့ ရေကန်ကြီးက Lake Mead ပါ... ရှုခင်းလေးက လှနေတာနဲ့ ကားကို လမ်းဘေးထိုးရပ်ပြီး ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့တယ်... ဒီတစ်ပုံကတော့ အားလုံးထဲမှာ အကြိုက်ဆုံးပုံလေးတစ်ပုံလို့ပဲ ဆိုရမလား...

ဓါတ်ပုံလေးကို Picasa ပဲသုံးပြီး ခပ်လွယ်လွယ်နဲ့ ကြည့်ကောင်းအောင် Auto Contrast နဲ့ Auto Color ချိန်လိုက်တယ်... ပြီးတော့မှ Sharpen လုပ်လိုက်တယ်... အစက နည်းနည်းမှုန်နေတဲ့ပုံလေး ကြည့်ကောင်းသွားတယ် (ကိုယ့်မျက်စိနဲ့ကတော့ ဟုတ်နေတာပါပဲ)... နောက်တော့ ဒီပုံလေးကို ကြည့်ရင်းကနေ လေးဖြူ ရဲ့ “ခရီးများအဆုံးထိလျှောက်” ဆိုတဲ့ သီချင်းလေးကို သတိရမိတယ်... ဒါနဲ့ပဲ ဒီပုံလေးကို “ခရီးများအဆုံးထိလျှောက်” ဆိုတဲ့ နာမည်လေး ပေးလိုက်မိတယ်...

No comments: