Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Saturday, September 15, 2007

Portable Apps for USB Drives

ဒီနေ့တော့ hard drive တွေထဲမှာ ရှိနေတဲ့ ဖိုင်အဟောင်းတွေကို ရှင်းနေရင်း.. online ပေါ်မှာ ကိုယ့်အတွက်လဲ အသုံးဝင်မဲ့၊ အလုပ်မှာလဲ သုံးနိုင်မဲ့ portable software တွေကို လိုက်ရှာမိတယ်... Google လုပ်လိုက်၊ ရှာလိုက်နဲ့ ဒီ PortableApps Suite လေးကို ရှာတွေ့လာတယ်ဆိုပါတော့...

သေသေချာချာ သုံးမကြည့်ရသေးပေမဲ့.. ဒီ software မှာပါတဲ့ application တွေကို သေသေချာချာ ကြည့်မိတဲ့အခါမှာတော့ တော်တော်လေးကို အသုံးတည့်မဲ့ application တွေအဖြစ် တွေ့ရပါတယ်... ပြီးတော့ ဒီ software လေးရဲ့ အားသာချက်က ရှိသမျှ application တွေ အကုန်လုံးကို USB Drive (a.k.a Flash Drive) ကနေပဲ သုံးလို့ရတဲ့ အချက်ပါပဲ... installation တွေဘာတွေ လုပ်စရာမလိုတဲ့အတွက်.. အလုပ်သိပ်မရှုပ်ရပဲ ပေါ့ပေါ့ပါးပါး USB Drive/ Memory Card/ iPod ထဲထည့်သယ်သွားပြီး ကြိုက်တဲ့ ကွန်ပြူတာပေါ်မှာ သုံးရုံပါပဲ... ကိုယ်လိုချင်တဲ့ applications လေးတွေပဲ ရွေးထည့်ပြီး သုံးချင်တယ်ဆိုရင်လဲ.. တစ်ခုချင်းစီကို download လုပ်ယူနိုင်ပါတယ်...

တစ်ချို့သော application တွေကတော့ Administrator သို့ Administrator လို account မျိုး ရှိမှသာ run နိုင်မယ်လို့ ထင်ပါတယ် (သေချာတော့ မသုံးကြည့်ရသေးလို့ မသိသေးပါဘူး)... Network/ Systems Admin တွေအတွက် troubleshooting လုပ်ဖို့ application တစ်ချို့ရှိသလို၊ နေ့စဉ်သုံး အသုံးဝင်တဲ့ application လေးတွေလဲ ပါတော့ စာဖတ်သူတို့လဲ စိတ်ဝင်စားရင် ရယူနိုင်အောင် PortableApps အပြင်ကို တစ်ခြား software တွေပါ အောက်မှာ ထပ်ရေးထည့်ပေးထားပါတယ်... အားလုံး Freeware/ Open Source တွေပါပဲ...

1. List of portable software on Wikipedia
2. 100 portable apps for your USB stick (Windows and Mac)
3. Portable USB Programs
4. Duplicate File Finder

No comments: