Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Tuesday, December 11, 2007

Free DivX Pro (Limited time offer)

DivX.com is giving out free serial #s for a limited time for DivX Pro.

>> Windows Version
>> Mac Version

DivX ဖေါ်မက်နဲ့ ဗီဒီယိုဖိုင်တွေကို တစ်ချို့တွေကတော့ သိပြီး ဖြစ်ပါလိမ့်မယ်... DVD ဗီဒီယိုတစ်ကားကို 700MB လောက်ရအောင် ချုံ့နိုင်ပြီး အရည်အသွေးအားဖြင့်လဲ တော်တော်လေးကို ကြည့်ကောင်းပါတယ်... သီချင်းတွေကို WAV (ဖိုင်ဆိုက် အကြီး) ကနေ MP3 (ဖိုင်ဆိုက် အသေး) အဖြစ် ပြောင်းသလိုမျိုး.. DivX Pro ကလဲ ဗီဒီယိုဖိုင် အမျိုးစုံကို အရည်အသွေးကောင်းကောင်းနဲ့ ချုံ့နိုင်တာမို့ အခုနောက်ပိုင်းမှာ လူသိများ အသုံးများလာတာပါ...


DivX
ဗီဒီယိုတွေကို ကြည့်ဖို့ သက်သက် ဆိုရင်တော့ DivX Player သို့မဟုတ် DivX Web Player ရှိနေမယ်ဆိုရင် ကြည့်လို့ရပါပြီ... အခုနောက်ပိုင်းထွက်တဲ့ DVD Player တွေမှာလဲ DivX ဖိုင်တွေကိုပါ ကြည့်လို့ရအောင် လုပ်ထားကြပါပြီ... အခု အခမဲ့ ရမယ်ဆိုတဲ့ DivX Pro ပရိုဂရမ်ကတော့ DivX Converter နဲ့ DivX Pro Codec တို့ပါမှာ ဖြစ်ပြီး ကိုယ်တိုင် ဗီဒီယိုဖိုင် မျိုးစုံကို DivX ဖေါ်မက်အနေနဲ့ ပြောင်းယူနိုင်မှာဖြစ်ပါတယ်... ကိုယ့်မှာ ဗီဒီယိုဖိုင်တွေ ရှိမယ်.. သူငယ်ချင်းတွေကို ဖိုင်ဆိုက်သေးသေး၊ အရည်အသွေးကောင်းကောင်း ဗီဒီယိုဖိုင်တွေ ပို့ချင်တယ်ဆို အသုံးဝင်တဲ့ ပရိုဂရမ်လေးပါပဲ...

ဒီ ဗီဒီယိုလေးကတော့ Stage6 ပေါ်မှာ တင်ထားတဲ့
DivX ဗီဒီယိုလေးပါပဲ... (ဂျပန်မလေး ချစ်စရာကောင်း၏... :P )
Note: You need DivX Web Player to watch this video.

DivX Pro လို video compression လုပ်တဲ့ နောက်ထပ် ဆော့ဖ်ဝဲ တစ်ခုကတော့ Xvid ပါ... သူကတော့ Open Source ဆော့ဖ်ဝဲပါ...

No comments: