Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Thursday, December 13, 2007

မုန်းချင်ချာဂျီး

၃-၄ လ လောက်တော့ ကြာခဲ့ပါပြီ... တစ်ရက် အလုပ်မှာ...

ရုံးကိုရောက်ပြီး ခဏနေတော့ ကျနော်တို့ ဌာနက မန်နေဂျာ အခန်းထဲရောက်လာပါတယ်... အရေးကြီး ကိစ္စတစ်ခုကို ဆွေးနွေးမလို့ပါပဲ... အခန်းထဲမှာ ရှိတဲ့ ကျနော် အပါအဝင် လူ ၃ ယောက်နဲ့ မန်နေဂျာနဲ့ ဒီအတိုင်းပဲ ဝိုင်းထိုင်လိုက်ပြီး အလုပ်ကိစ္စ စပြောကြပါတယ်... ပြောလို့မှ ၂ မိနစ် မပြည့်ခင်မှာပဲ...



“ကိုကိုရေ ဖုန်းလာနေတယ်...
ကိုကိုရေ ဖုန်းလာနေတယ်နော်...”

ဟာ.. ခွကျပြီ... ကျနော့်ဖုန်းက... မနေ့က အသစ်ရထားတဲ့ ဖုန်းကို ringtone တွေထဲ့ရင်း... အဲဒီ “ကိုကိုရေ” ringtone ကိုလဲ လျှောက်ထဲ့ထားပြီး.. ပြန်မပြောင်းမိဘူး... သေရော... အလုပ်ထဲက မြန်မာ အကိုကြီးက အဲဒါကို ကြားတော့ ပထမ အံ့သြသလိုနဲ့ နောက်တော့ စပ်ဖြဲဖြဲ ဖြစ်သွားတယ်...

အဖြူကောင် မန်နေဂျာနဲ့ ပဲကောင် (မက်ဆီကန်) က ကြောင်ကြည့်ပြီး.. နောက်တော့ အဲဒီ ပတ်ချွဲနှပ်ချွဲ အသံကြောင့် ထရယ်တယ်... ကျနော်လဲ ရှက်ရှက်နဲ့ ဖုန်းကို ပိတ်ဖို့ အမြန်ဆွဲထုတ်လိုက်တယ်... ဖုန်းက လက်ကနေ လျှောကျသွားတယ်... “ဂလောက်”... ဆက်ခေါ်နေတယ်...

“ကိုကို.. ဖုန်းလာနေတယ်လေ...
ကိုကို!!! ဖုန်းလာနေပါတယ်ဆို!!!
မုန်းချင်ချာဂျီး... ခေါ်မကြား အော်မကြား...”

သေရော.. လက်ထဲရောက်တော့ ဖုန်းက ရပ်သွားပြီ... voice mail ထဲ ဝင်သွားပြီ... ဟိုသုံးယောက်ကတော့ ဆက်ရယ်နေလေရဲ့... ဘာတတ်နိုင်မှာလဲ... ကျနော်လဲ စပ်ဖြဲဖြဲနဲ့ လုပ်နေလိုက်ရတော့တာပေါ့... ကံဆိုးလိုက်လေခြင်း...

(သဇင်ဏီရဲ့ အမြင်ကပ်ချင်စရာကောင်းသော RingTone များ ကို ဖတ်မိပြီး သတိပြန်ရလိုက်လို့ ရေးဖြစ်သွားပါတယ်...)

3 comments:

သဇင်ဏီ said...

ဟွန့်.. သူက အဲဒီရင်းတုန်းကြီး သုံးခဲ့သေးတာကိုး..
မုန်းချင်ဂျာကြီး... ဟီး.. ဟီး

Gu Gu said...

နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ခေတ်မှီနည်းလေးသုံးပြီး အချွဲခံကြည့်တာပါ... ခွိ ခွိ...

KhunMoung said...

:D ကျွန်တော်လည်း အဲဒီ Ringtone စကြားဖူးတုန်းက တော်တော်ရယ်ချင်တာ။ တော်တော်ချွဲတတ်တာပဲ။ ဘယ်ကောင်မလေး အသံလည်း မသိဘူး။ နားထောင်လို့တော့ ကောင်းတယ်။ :)