Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Saturday, December 15, 2007

How to activate Akismet plugin for WordPress

WordPress မှာ Akismet ဆိုတဲ့ comment spam filter ပါ ပါတယ်... ပြသနာက WordPress.com မှာ အဲဒီ Akismet plugin ကို activate လုပ်ရင် ဘာမှ အခက်အခဲ မရှိပဲ ချက်ချင်းသုံးနိုင်ပေမဲ့ အပြင် web host တစ်ချို့မှာ တင်ထားတဲ့ WordPress blog ဆိုရင် activate လုပ်မရပဲ အခက်တွေ့ရပါတယ်... အခု ရေးသားထားတဲ့ Howto ကတော့ ဒီလို အပြင် web host တွေမှာ တင်ထားတဲ့ WordPress blog တွေက Akismet plugin ကို ဘယ်လို activate လုပ်ရသလဲ ဆိုတာကို တစ်ဆင့်ခြင်း ရေးထားတာပါ...


၁။ ပထမဆုံးက Akismet ကို သုံးဖို့တွက် WordPress.com API key လိုပါတယ်... WordPress.com မှာ account ရှိတဲ့သူအဖို့ ကိုယ့်အကောင့်ထဲ လော့ဂ်အင် လုပ်ပြီး My Profile ကို သွားလိုက်ရင် စာမျက်နှာရဲ့ အပေါ်ဆုံးနားမှာပဲ API key ကို ပြပေးထားပါတယ်... ကော်ပီကူးလိုက်ရုံပါပဲ... API key မှာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ၁၂လုံး တွဲထားပါတယ်... WordPress.com မှာ အကောင့် မရှိသေးရင်လဲ အခမဲ့ signup လုပ်ပြီး API key ရယူနိုင်ပါတယ်...

၂။ အပြင် web host မှာ တင်ထားတဲ့ blog ထဲကို လော့ဂ်အင်လုပ်ပါ... ပြီးရင် Plugins ကို သွားပါ (Presentation ဘေးမှာ ရှိပါတယ်)... Akismet ကို အက်တီဗိတ် မလုပ်ပါနဲ့ဦး... Plugin Editor ကို အရင်သွားပါ...

၃။ ပိုစိတ်ချပြီး အမှားအယွင်းဖြစ်ရင် ပြန်ပြင်နိုင်အောင် akismet/akismet.php ဆိုတဲ့ အောက်က code တွေကို Notepad ပေါ် ကော်ပီအရင်ကူးထားပြီး save လုပ်ထားလိုက်ပါ... akismet.php ကို backup လုပ်ထားတဲ့ သဘောပါပဲ...

၃။ WordPress.com က ရထားတဲ့ API key ကို ကော်ပီလုပ်လိုက်ပါ... ပြီးရင် akismet.php ထဲက အောက်မှာပြထားတဲ့ စာကြောင်းလေးကို ရှာပါ... အပေါ်နားလေးမှာတင် ရှိပါတယ်...

// If you hardcode a WP.com API key here, all key config screens will be hidden
$wpcom_api_key = '';


၎။ ကော်ပီကူထားတဲ့ API key ကို ' ' ကြားထဲ ထဲ့ပေးလိုက်ပြီး Update file ကို နှိပ်ပြီး save လုပ်လိုက်ပါ...

// If you hardcode a WP.com API key here, all key config screens will be hidden
$wpcom_api_key = 'Your API Key Here';


၅။ Plugins ကို ပြန်သွားပြီး Akismet ကို activate လုပ်လိုက်ရင် Akismet plugin ကို အဆင်ပြေစွာနဲ့ စသုံးလို့ရပါပြီ...

No comments: