Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Sunday, March 02, 2008

Let's chat babe

တင်မောင်ကြီး ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရှိလေရဲ့... ခပ်အေးအေး နေတတ်ပုံမျိုးနဲ့ စကားပြောရင်လဲ တိုးတိုးလေးနဲ့ ဖြေးဖြေးလေးလေး ပြောတတ်သူပေါ့... တင်မောင်ကြီး အပါအဝင် အခြားသော သူငယ်ချင်းတွေနဲ့ စနေနေ့ ညနေဖက်တွေမှာဆို တင်မောင်ကြီးတို့ သူငယ်ချင်းတွေ စုနေတဲ့ အိမ်မှာ အကုန်ဆုံဖြစ်ကြပြီး စားကြသောက်ကြ ပျော်စရာပေါ့...

တစ်ရက်မှာတော့ စားနေသောက်နေတဲ့ ဝိုင်းထဲ တင်မောင်ကြီး တစ်ယောက် ဝင်မထိုင်နိုင်လောက်အောင် ကွန်ပြူတာရှေ့ တစ်ယောက်ထဲ အလုပ်တွေ များနေလေရဲ့... ကွန်ပြူတာက အိမ်ရှေ့မှာတင်ဆိုတော့ တင်မောင်ကြီး ဘာတွေလုပ်နေလဲဆိုတာ မြင်နေရတာပေါ့... ကိုယ်တော်က ချက်နေတာဗျား... ဘယ်သူနဲ့လဲ လှမ်းမေးလိုက်တော့ ကောင်မလေး တစ်ယောက်နဲ့ တဲ့... တခြား ပြည်နယ်တခုကို အခုမှ ရောက်လာတဲ့ ကောင်မလေး တစ်ယောက်တဲ့... ကိုယ့်ဆရာ တယ်စွံပါလားပေါ့...


ဒီလိုနဲ့ နောက်ထပ် ၂ ပတ် လောက်ကြာလာခဲ့ပါတယ်... တင်မောင်ကြီး တစ်ယောက်လဲ ကောင်မလေးနဲ့ အဆင်တွေ ပြေနေတာပေါ့... အဲဒီ ၂ ပတ်မြောက် စနေနေ့ ညမှာတော့ တင်မောင်ကြီး တစ်ယောက် အသဲပဲ ကွဲရမလို.. ထပဲ ရယ်ရမလို ဖြစ်ရပါတော့တယ်...

ထုံးစံအတိုင်း အိမ်ရှေ့မှာ စုသောက်ပြီး အာလူးတွေ ဖုတ်တဲ့ သူတွေက ဖုတ်နေကြတာပေါ့... ခဏကြာတော့ ဖိုးတုတ် ဆိုတဲ့ ကောင်ရဲ့ အခန်းထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြပါတယ်... အိမ်ရှေ့မှာ သောက်နေသူတွေ တစ်ယောက်စ နှစ်ယောက်စပဲ ကျန်တော့တယ်... တင်မောင်ကြီး ကတော့ ကွန်ပြူတာရှေ့မှာ ချက်ကောင်းတုန်းမို့ ဘာတွေ ဖြစ်နေမှန်းတောင် မသိရှာပါဘူး...

နောက်တော့ ဖိုးတုတ်ရဲ့ အခန်းထဲကနေ တခွိခွိ ရီသံတွေ ခပ်အုပ်အုပ်လေး ထွက်လာပါတယ်... ပထမတော့ တင်မောင်ကြီး သတိမထားမိဘူးပေါ့... နောက်တော့ တင်မောင်ကြီး ကြားလိုက်ရပြီ... ရီသံတွေက ပိုကျယ်လာတာကိုး... သိချင်စိတ်ကြောင့် ဖိုးတုတ် အခန်းထဲကို တင်မောင်ကြီး ဝင်ကြည့်လိုက်တော့.. ဖိုးတုတ်ရဲ့ ကွန်ပြူတာရှေ့မှာ ဝိုင်းအုံနေကြတဲ့ သူငယ်ချင်းတွေ... တင်မောင်ကြီး ဝင်လာတာ တွေ့လိုက်တော့ အားလုံး ဝါးခနဲ ပွဲကျသွားပါတယ်...

တင်မောင်ကြီး ရဲ့ အွန်လိုင်းချစ်သူလေးဟာ ဖိုးတုတ် ဖြစ်နေလို့ပါ... ကောင်မလေး တစ်ယောက်ရဲ့ နစ်ခ် သုံးပြီး တင်မောင်ကြီးကို ဦးနှောက်စားနေတာ တရားခံ ဖိုးတုတ်ပေါ့... ရီသံတွေ အဆုံးမှာ ကြားလိုက်ရတာကတော့ တင်မောင်ကြီးရဲ့ “@#$& သားတွေ... ဟီး ဟီး ဟီး...” တဲ့...

7 comments:

Anonymous said...

သနားပါတယ်ဗျာ....ကိုတင်မောင်ကြီးတော့ တော်၂ရှက်သွားမယ်ထင်တယ်။ ထထုရမှာ ဟားဟား မြှောက်နေတာ :P

တောကကိုရင် said...

ကိုတင်မောင်ကြီးတွေအများကြီးရှိနေမယ်ထင်တယ်အစ်ကို
ကျနော်တို့စာရင်းကောက်ကြည့်ရအောင်

ThuHninSee said...

ဖိုးတုတ်ဆိုတာ ကိုနိုင်များလား ဟင်။

Gu Gu said...

ဝုတ်ပါဘူးခင်ညာ...

စူး said...

har har har har!
very funny. i cannot stop my laughing!

နှင်းပွင့်ဖြူ said...

အဟတ်ဟတ်
ခုမှ ဖတ်မိလို့.......
တော်တော်ဟုတ်တဲ့ ဖိုးတုတ်
ကိုမုန်သုတ်ပြောသလို စာရင်းကောက်ကြည့်လိုက်ရင် ကိုတင်မောင်ကြီး လိုမျိုး ချိမှာပေါ့နော့်
အဲ့.........ဖိုးတုတ်လိုတော့ ရှားမယ်ထင်တယှ်
တာမီးက သူများကိုဆို မကျီစား ဘူး.......... ဟတ်ဟတ်
ဘာမှလည်းမဆိုင်ဘူး :P

Unknown said...

ကိုနိုင်၊ ကိုဂူဂူး ဆိုတဲ့ နာမည်တွေနဲ့ပဲ သိထားတာ အခုမှ ငါ့အကိုကြီးရဲ့ နာမည်ရင်းက တင်မောင်ကြီးမှန်း သိတော့တယ်။ ကြည့်စမ်း။ :P