Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Tuesday, January 01, 2008

Prison or Palace


Prison or Palace
Originally uploaded by Franklin T..


Native Myanmar Forum ရဲ့ Weekly Photo Contest မှာ “အရိပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြိုင်ပွဲလေး ဝင်ဖို့.. ဒီတစ်ပတ် ပိတ်ရက်လေးတွေမှာ အရိပ်တွေကို စိတ်ဝင်တစား လိုက်ရှာကြည့်ခဲ့မိတယ်... စနေနေ့ မနက် ထူးထူးခြားခြား စောစောနိုးလာခဲ့တယ်... ဝရံတာကို ထွက်လိုက်တော့ ဆူညံနေတဲ့ ငှက်သံလေးတွေ... လှောင်အိမ်ထဲက ငှက်လေးတွေ... ကင်မရာကို ဆွဲပြီး ရိုက်မယ်ကြံတော့ နေက ပြန်ဝင်သွားရော... တစ်နေ့လုံး ဒီလိုပဲ ဖြစ်နေတာမို့ ဘယ်လိုမှ ရိုက်ဖို့ အဆင်မပြေလိုက်ဘူး...

ဒီလိုနဲ့ တနင်္ဂနွေနေ့ ရောက်တော့ ထပ်ကြိုးစားကြည့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဝရံတာကို ပြန်ထွက်လာခဲ့တယ်... နေက အတော်လောက်ပါပဲ... ဒါနဲ့ပဲ ဝရံတာမှာ ကုန်းကုန်းကွကွနဲ့ ကိုယ်လိုချင်တဲ့ အရိပ်တွေကို လိုက်ဖမ်းရပါတော့တယ်... တစ်ကယ်ကြိုးစားကြည့်တော့မှ ဓါတ်ပုံတစ်ပုံရဖို့ တော်တော်ကို မလွယ်တာပဲ ဆိုတာကို သဘောပေါက်လာရတယ်... ပုံ ၂၀ ကျော်လောက် ရှုထောင့်အမျိုးမျိုးကနေ ရိုက်ပြီးနောက်တော့ ကိုယ်လိုချင်တဲ့ ပုံလေးတွေကို ရလာခဲ့တယ်... ဒါနဲ့ Photoshop ထဲ ထည့်၊ လိုအပ်တာလေးတွေ ချိန်.. ဟိုလုပ် ဒီလုပ်နဲ့ နောက်ဆုံးတော့ အခုမြင်နေရတဲ့ ပုံလေး ထွက်လာတာပါပဲ...

ဓါတ်ပုံလေးရဲ့ ခေါင်းစဉ်ကတော့ “အကျဉ်းထောင်လား၊ နန်းတော်လား” တဲ့...

No comments: