လွန်ခဲ့တဲ့ တစ်နာရီလောက်က ကိုယ့်ခေါင်းထဲမှာ ဘာတွေ တွေးနေလဲ ဆိုတာကို တစ်စချင်းစီ ပြန်ဆွဲထုတ်ပြီး ချရေးကြည့်လိုက်တယ်... မြင်တဲ့အတိုင်းပါပဲ...မိုးတွေကလဲ ရွာမလိုလိုနဲ့..
ဒီနေ့တော့ ဓါတ်ပုံ ထွက်မရိုက်နိုင်တော့ဘူး ထင်ပါတယ်...
Canon EF 70-200mm f/4 L USM တဲ့..
တော်တော်ကို ကောင်းတဲ့ မှန်ဘီလူးပဲ...
ဒီကောင်နဲ့ ဆိုရင်တော့ Portrait တွေ ရိုက်မယ်ဆို ရှယ်ပဲ...
အာ... ဒီနေ့ကျမှ ဒီ server က ဘာတွေ ကြောင်နေလဲ မသိ...
Run သမျှတွေ အကုန် error ဖြစ်နေပြီ..
စိတ်လေတယ်... ပြန်လုပ်ရဦးမယ်...
ဒီ ကောင်မလေး.. ဘယ်ကိုရောက်နေလဲ မသိ..
အင်း.. ဒီအချိန်လောက်ဆို အိပ်နေရောပေါ့...
သတိရလိုက်တာ...
ဒီနေ့ ဟိုကောင် တစ်မတ်စေ့ ရဲ့ မွေးနေ့ပဲ... ဖုန်းခေါ်လိုက်ဦးမှ...
သွားကြီးက ခုနကတင် ဖုန်းခေါ် သတိပေးထားတာ..
ငါကလဲ ခပ်မေ့မေ့ရယ်...
ဗိုက်ကလဲ ဆာသလိုလို.. နာသလိုလိုပဲ...
မုန့်လေး တစ်ခုခု သွားရှာပြီး ကိုက်လိုက်ဦးမှ...
အင်း... ဒီ ကလေးလေးရဲ့ ပုံကို ဘယ်လို ပြင်ရင်.. ကောင်းပါ့...
မနေ့ကတော့ ပုံကို ပြင်တာတွေ များပြီး နဂို ကောင်းတာလေးတွေပါ ပျက်ကုန်ရော...
ထပ်စမ်းကြည့်တာပေါ့...
ဘိုးတော် ခိုင်းထားတာ အခုထိ မလုပ်ရသေးပါလား...
တော်ကြာနေ ဂွမ်တော့မယ်... လုပ်မယ်ဆိုပြီး မေ့နေတာ နှစ်ပတ်လောက်တောင် ရှိနေပြီ... ဒွတ်ခ...
အိမ်ခန်းလဲ ရှင်းရဦးမယ်... ရှင်းမယ် ရှင်းမယ်နဲ့.. တော်တော်ကို ကြာနေပြီ... အမေကတော့ နင့်ကြွက်သိုက်ကို နင့်ဖာသာရှင်းတဲ့...
အိမ်မှာပဲ မီးတွေနဲ့ အလင်းအမှောင် ကစားပြီး.. ဓါတ်ပုံ စမ်းရိုက်ရင် ကောင်းမလား???
ကွန်ပြူတာထဲက ဓါတ်ပုံတွေလဲ သေချာ ပြန်သိမ်းရဦးမယ်... backup လဲ လုပ်ထားဦးမှ...
တော်ကြာနေ အကုန် ပျောက်ကုန်မှ ဒွတ်ခ...
Vacation ယူလိုက်ရင် ကောင်းမယ်ထင်တယ်... လူလဲ ဒီလိုပဲ ပုံမှန် လည်ပတ်နေရတာကို ငြီးငွေ့လာပြီ...
အားပါး... မေ့နေလိုက်တာ...
တနင်္လာနေ့ကျရင် training schedule ကိစ္စ ဖုန်းခေါ်မှ ထင်တယ်...
မဟုတ်ရင် အကုန် နောက်ကျကုန်တော့မယ်...
ဖုန်း၊ လျှပ်စစ်၊ ဂက်စ် ဘီလ် တွေလဲ ပေးရဦးမယ်...
မနေ့ကမှ အီးမေးလ်ရတယ်... ကုန်ပေါက်ချည့်ပဲ...
ခဏနေရင် ဖုန်းလာမလား မသိ...
အင်း... လာမယ်တော့ မထင်ပါဘူး...
ခုန အဒေါ်က ဖုန်းခေါ်ထားတာ...
အခုမှ သတိရတယ်... ဘွားတော်ကို ပြောပြရဦးမယ်...
Velvia plugin for Photoshop CS3 အကြောင်းလေး ဘလော့မှာ ရေးတင်ရင် ကောင်းမလား???
နားတစ်ဖက်က ဘာဖြစ်နေမှန်းမသိ.. လေတွေ ထွက်နေ သလိုလို... နောက်မှပဲ ဆရာဝန်ဆီ သွားတော့မယ်...
ဂျီတော့မှာလဲ တစ်ယောက်မှ မရှိပါလား... ဒီမှာက နေ့.. ဟိုတစ်ဖက်မှာက ည...
??????? ??????? ???????
??????? ??????? ???????
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Saturday, January 26, 2008
Anatomy of my brain
Posted by Gu Gu at 11:31 AM
Labels: ဟိုဟိုဒီဒီ စိတ်ကူးများ
Subscribe to:
Post Comments (Atom)
2 comments:
တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းသားဗျ...
ဒါတောင်တစ်နာရီစာပဲနော်...
တနေကုန်များဆိုဘယ်လောက်များလိုက်မလဲမသိဘူး....
တနေကုန်တွေးတာတွေရော ရေးဖို့အစီအစဉ်မရှိဘူးလားအကို...
ကျနော်တော့ပျော်နေတယ်ဗျ..
wordpress က 3Gb တောင်ပေးလိုက်ပြီ အစ်ကိုရေ...
မိုက်တယ်.. :)
Post a Comment