သင်္ကြန်ရောက်လာခဲ့ပြန်ပြီ... ဒီ ရာသီဆို ကိုယ်ထဲက သင်္ကြန်ပိုးတွေက ပွစိပွစိ ရွစိရွစိ... မျောက်မီးခဲပဲ ထိုင်မိ သလိုလို.. ငါးပိအိုးထဲပဲ လက်နှိုက်မိ သလိုလို... ပိတောက်အစစ်တွေ မပွင့်ပေမဲ့ သင်္ကြန်ဆိုရင် ကျုပ်တို့ L.A သားတွေလဲ ဒီလိုလေး ရသလောက် ပျော်လိုက်ကြတာပါပဲ... ကဲ.. လာပြီ... ၂၀၀၈ ရဲ့ အယ်လ်အေ သင်္ကြန်...
ဗြွတ်စုတ်ကလေး နဲ့ ပက်တာလောက်တော့ ရီတာပေါ့.. ရီတာပေါ့...
ကဲမှာပဲ.. ကဲမှာပဲ... ရေကုန်လက်ပန်းကျအောင်ကို ပက်ကြမဲ့ လူငယ်တွေ...
အတိုဂျီး.. မမ ချောချောလေးတွေ လာရင် နော့်ကို ပြောနော်ဂျ... ခစ် ခစ်...
စားလို့ ဝါးလို့တော့ ပြီးပြီ... သွားကဲလိုက်ဦးမှ... ညင်း ညင်း...
သူများ ပျော်လို့ မပျော်နိုင် ဗြွတ်စုတ်ကလေးနဲ့ မှိုင်...
ဟဲလို.. ဟုတ်ကဲ့ပါ ဖေဖေ.. သမီးတို့ အခု မဟာစည်ကို ရောက်နေပါပြီ... ဒါပဲနော် တာ့တာ... ဗွမ်းးး...
ငှဲ ငှဲ... နာကွ Man in Black ဆိုတာ... (မကြာခင် Man in ဗွက် ဖြစ်တော့မှာကို မင်းမသိသေးပါဘူး ကလေးရယ်.. ဟဲ ဟဲ...)
သောက်ရေဗူးကြီးနဲ့ လောင်းတော့ အာပုတ်စော် နံတာပေါ့ အန်ကယ်ရယ်...
လူကကြီးသလောက် ဗြွတ်ကလေးက သေး... ဒါပေမဲ့လဲ အရှုံးပေးလို့တော့ မဖြစ်သေးပေဘူး... ဒီကလေးတွေကို နိုင်အောင် ပက်မှ...
အဖြူကတမျိုး.. အနီကတမျိုး... (သွားရည်တွေ ကင်မရာပေါ် ကျကုန်ပြီကွယ်...)
ကိုဂူဂူး ကလဲ မလာသေးဘူး... ကြာလိုက်တာ... စိတ်ကောက်ချင်လာပြီနော်...
OK. Finally, I shot this Nikon guy.. and...
Met this Canon girl. Hee... I wish. :P
လာအားပေးတဲ့ စာဖတ်သူ ညီအစ်ကို မောင်နှမတွေ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့ ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါတယ်ဗျာ...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Monday, April 14, 2008
L.A Thingyan 2008
Posted by Gu Gu at 9:27 PM
Labels: Photography
Subscribe to:
Post Comments (Atom)
7 comments:
ပုံတွေ မိုက်တယ် ဗျို့ :D
haha. you are really funny
ဟားဟား ကိုဂူဂူး ကလည်း မလာသေးဘူးတဲ့ ဖြစ်ရလေ အကြွေးမပေးရသေးလို့ ထင်တယ် အစ်ကို လည်း မြန်မာနှစ်သစ်မှာပျော်ရွှင်အေးချမ်းပါစေဗျာ။
Thanks you for sharing the pic.., As myself lived in LA b4 it was touched by LA ThinGyan Spirit by your pic.., My family still live there and I am in Oxford for my BA(Hons) Degree..,
Nice to know you.., Happy Myanmar New Year, 1370.
All the best..,
Soe Mya Nandar Thet Lwin
Wow! Good to know that you lived in LA. Are you coming back to the US? Nice to know you as well. Hit me an email back when you have a chance. :)
wahahahha.. Laugh My Ass Off!!!
Mr.Gu, come to gtalk on one of the weekdays. Gotta talk to you regarding on " generalization on races " and I just want to be "Burmese" on that topic. keke...
I just can't stop laughing and I'll tell you why when you come to gtalk.
သနားလိုက်ပါဘိ မောင်ဂူးရယ် အယ်အေမှာ ရေပြွတ်ကလေးနဲ့ပဲ ကျေနပ်နေရတယ် ဟီးဟီး... နာကတော့ တောင်ကြီးမှာ သင်္ကြန်အစစ်ရယ် ရှိုးပွဲရယ် တောင်မလေးရယ် ငှဲငှဲငှဲ.......
Post a Comment