Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Friday, December 07, 2007

Shy little girl

Shy little girl

ဒီပုံလေးကို “ချက်ရှာဂျီး” ဆိုပြီး နာမည်ပေးရင် ကောင်းမလား.. ဒါမှမဟုတ် “မီးမီး ချက်ချက်” ဆိုပြီး နာမည်ပေးရင် ကောင်းမလားလို့ ခပ်ပြောင်ပြောင်လေး တွေးနေမိတယ်... အရင်နှစ် တောင်ကြီးကို ရောက်ခဲ့စဉ် တောင်ပေါ်က ရှေးဘုန်းကြီးကျောင်းတစ်ခုကို ဝင်တော့ ဒီကလေးမလေးကို ကျောင်းဘေးနားက ခြေတိုင်ရှည် အိမ်လေးပေါ်မှာ လှမ်းမြင်လိုက်တယ်... ဒါနဲ့ ကင်မရာကို ဆွဲ.. ဓါတ်ပုံလေးကို အမိအရ ရိုက်လိုက်တော့ အဲဒီ ရှက်နေတဲ့ ပုံလေး ထွက်လာတာပါပဲဗျာ...

“လူမစွမ်း ဖိုတိုရှော့ပ်မ” လို့ပဲ ဆိုရမှာပေါ့... နဂိုပုံလေးက ခလေးမလေးရယ် နောက်ခံ အိမ်နံရံနဲ့ အိမ်ထဲက ပစ္စည်း ပစ္စယ တွေက ရောထွေးနေတော့ သူ့မျက်နှာလေးရဲ့ ခံစားချက်က ရောထွေးပြီး သိပ်မပေါ်လွင်ဘူး... ဒါနဲ့ internet ပေါ်မှာ ဖိုတိုရှော့ပ်နဲ့ နည်းနည်းလေး ပိုကြည့်ကောင်းအောင် လုပ်နိုင်မဲ့ နည်းလမ်းလေးတွေ ရှာကြည့်မိတယ်... Pete Bauer ရဲ့ Lens Blur with Alpha Channels ဆိုတဲ့ how-to လေးကို သွားတွေ့လို့ လက်တည့်စမ်းလိုက်တာ.. အဆင်ပြေသွားရော ဆိုပါတော့... မီးမီး ချက်ချက်...

3 comments:

သဇင်ဏီ said...

သဇင်ကတော့ Innocent babe လို့ပဲ အမည်တပ်လိုက်မယ်..အိုကေတယ်ဟုတ်

Gu Gu said...

Innocent Babe ဆိုတာလေးလဲ တစ်မျိုး ကောင်းတာပါပဲ... နောက်ထပ် တစ်ခု စဉ်းစားမိတာက “ချက်ပြုံး”... :P

Mintasay said...

It's really fantastic, bro....great job