Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Friday, February 01, 2008

ထွက်ပြေးသွားတဲ့ ဆည်းဆာ


Sunset in Bagan
Originally uploaded by Franklin T..


လွန်ခဲ့တဲ့ နှစ်ရက်လောက်က.. အလုပ်ကနေ အပြန်မှာ လမ်းကြိုလမ်းကြားလေးထဲကနေ ညနေဆည်းဆာ လှလှလေးတစ်ခုကို မထင်မှတ်ပဲ တွေ့ခဲ့ရတယ်... ကောင်းကင်က အရောင်ပြေးလေးနဲ့.. ဝင်ရိုးစွန်းတစ်ဖက်ကို ငုပ်ဝင်သွားတဲ့ နေရောင် ဖျော့ဖျော့လေးနောက်ကို အမှီပြေးလိုက်နေတဲ့ ပုံမျိုးလေး... အရမ်းကို သဘောကျလို့ ဓါတ်ပုံဆင်းရိုက်ချင်ပေမဲ့ အဲဒီနေ့က ကင်မရာ မပါသွားခဲ့ဘူး... ယူကျုံးမရစွာနဲ့ပဲ ပြန်လာခဲ့ရတယ်...

နောက်နေ့တွေမှာ ကင်မရာ ယူသွားပေမဲ့လဲ.. ဟိုတစ်နေ့က မြင်ခဲ့ရတဲ့ ဆည်းဆာလေးကို မတွေ့ရတော့ဘူး... ရင်ထဲ အလိုလို ဝမ်းနည်းနေမိသေးတယ်... နောက်နေ့တွေမှာ တွေ့ရနိုးနဲ့ အဲဒီ လမ်းကြိုလမ်းကြားလေးနားကို ဖြတ်သွားရတိုင်း ရှာကြည့်မိတယ်... ဆည်းဆာလေးက ပြန်မလာတော့ဘူး... နောက်ရက်တွေမှာ ဇွဲရှိရှိနဲ့ ထပ်စောင့်ဖို့တော့ စိတ်ထဲ ကြိတ်ဆုံးဖြတ်ထားတယ်... ကံကောင်းတဲ့ တစ်ရက်တော့ ထပ်ကြုံရဦးမှာပေါ့လေ...

အခုတော့ ပုဂံမှာတုန်းက ရိုက်ခဲ့ဖူးတဲ့ ဆည်းဆာလေးကိုပဲ ကြည့်ရင်း ထွက်ပြေးသွားတဲ့ ဆည်းဆာလေးကို လွမ်းနေရတော့မယ်... ဆည်းဆာလေး ပြန်မလာမချင်းပေါ့လေ...

7 comments:

နှင်းပွင့်ဖြူ said...

ထွက်ပြေးသွားရင် ပြန်ဖမ်း :)
ဆည်းဆာ ပုံလေး အရမ်းအသက် ၀င်တယ်နော်..
တစ်ခါမှ မရောက်ဘူး သေးဘူး ပုံဂံကို :(

တောကကိုရင် said...

ဓာတ်ပုံလား ပန်းချီလား
ပန်းချီကားတစ်ချပ်လိုလည်း
လက်ရာကောင်းနေတယ်ဗျ...

Gu Gu said...

ဓါတ်ပုံလေးပါ မုတ်သုန်... တစ်ကယ်ကတော့ သဘာဝတရားက ကျနော်ရိုက်တဲ့ ဓါတ်ပုံလေးထက်ကို ပိုလှနေလို့ ဒီလောက် ရလိုက်တာလို့ ထင်ပါတယ်... ကျနော် အဲဒီ အချိန်တုန်းက ဓါတ်ပုံကို အခုလောက် မရိုက်တတ်ခဲ့သေးပါဘူး... :)

Gu Gu said...

ပုဂံကို မရောက်ဖူးသေးဘူး ဆိုရင်တော့ သွားလည်သင့်တယ် နှင်းပွင့်ဖြူလေးရေ... တစ်ကယ်ကို လှတဲ့ နေရာလေးတစ်ခုပါပဲ... ရှုခင်းတွေ၊ နေ့စဉ်လှုပ်ရှားနေတဲ့ ဘဝတွေ၊ အရမ်းကို လှလွန်းလို့ နောက်တစ်ခေါက် ပြန်သွားချင်နေမိတယ်...

ဆည်းဆာလေးကို ပြန်ဖမ်းဖို့တော့ အခုထိ ကြိုးစားနေတုန်းပါပဲ... :P

Anonymous said...

အစ်ကိုကြီးရေ့..ဓာတ်ပုံက အရမ်းကိုလှပြီးဆွဲဆောင်မှုရှိတယ်.....ပျောက်ဆုံးသွားတဲ့ ဆည်းဆာလေးက သက်ရှိလား သက်မယ့်လားးဗျ..............

တောကကိုရင် said...

အော် တော်ပါတယ်ဆိုမှ..
ကြွားပြနေလိုက်သေးတယ်...
အစ်ကိုရေ..နေကောင်းတယ်နော်

မျှားပြာ said...

ထွက်ပြေးသွားတဲ့ ဆည်းဆာလေးကို လွမ်းနေရတော့မယ်... ဆည်းဆာလေး ပြန်မလာမချင်းပေါ့လေ...
ဆည်းဆာလေးဆိုပါလား ကိုဂူးဂူး ...။